CB Bank တွင် ငွေပမာဏအကန့်အသတ်မရှိ ထုတ်ယူနိုင်မည့်အပြင် အတိုးရရှိနိုင်မည့် Deposit Account အမျိုးအစားဖြစ်သည့် Special Account စတင်ဖွင့်လှစ်နိုင်

CB Bank အနေဖြင့် Customer များ ငွေပမာဏအကန့်အသတ်မရှိ အလွယ်တကူ ထုတ်ယူနိုင်မည့်အပြင် အတိုးရရှိနိုင်မည့် Deposit Account အမျိုးအစားဖြစ်သည့် Special Account ဖွင့်လှစ်ခြင်းကို CB Bank ၏ ဘဏ်ခွဲများတွင် ဝန်ဆောင်မှုပေး နေပြီဖြစ်ကြောင်းသိရသည်။
တစ်ဦးချင်း Personal Account ဖြစ်စေ၊ Joint Account ဖြစ်စေ၊ Corporate Account (ကုမ္ပဏီ) ဖြစ်စေ Special Account အဖြစ် စာရင်းဖွင့်လှစ်နိုင်ပြီး အကန့်အသတ်မရှိ ငွေသားပေးသွင်းနိုင်မည်လည်းဖြစ်သည်။ ယခင်ချက်လက်မှတ်များနှင့် ပုံစံကွဲပြားသည့် Special Account Seal ရိုက်နှိပ်ကာ ချက်လက်မှတ်စာအုပ် ထုတ်ပေးသွားမည်လည်းဖြစ်သည်။

Photo Source https://www.facebook.com/CBBankmyanmar

Special Account အတွက် ရရှိမည့်ဝန်ဆောင်မှုများမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) ငွေသားပေးသွင်းထားငွေများအား အကန့်အသတ်မရှိ ငွေသားပြန်လည်ထုတ်ယူနိုင်ခြင်း။
(၂) Special Account မှ အခြား CB Bank Account များသို့ နည်းလမ်းအမျိုးမျိုးဖြင့် ပမာဏအကန့်အသတ်မရှိ စာရင်းပြောင်း (Transfer) ဆောင်ရွက်နိုင်ခြင်း။
(၃) CB Bank Special Account မှ အခြားဘဏ်များ၏ ဘဏ်စာရင်းများသို့ စာရင်းပြောင်း ဆောင်ရွက်နိုင်ခြင်း။
(၄) Special Account ၏ နေ့စဉ်စာရင်းပိတ်လက်ကျန်များအပေါ်တွင် လက်ကျန်ငွေပမာဏအလိုက် အတိုးတွက်ချက်ပေး ခြင်း တို့ဖြစ်သည်။
နေ့စဉ်လက်ကျန်ငွေအပေါ် တွက်ချက်ပေးမည့် အတိုးနှုန်းမှာလည်းအောက်ပါအတိုင်းဖြစ်သည်။
ကျပ်သိန်း ၅,၀၀၀ အောက် အတိုးနှုန်း ၆ ရာခိုင်နှုန်း
ကျပ်သိန်း ၅,၀၀၀ နှင့်အထက် အတိုးနှုန်း ၇ ရာခိုင်နှုန်း
Initial Deposit ကျပ် ၁၀ သိန်း
Minimum Balance ကျပ် ၅ သိန်း တို့ဖြစ်သည်။
ထို့ပြင် ‘ရက်ပေါင်း ၁၈၀ အခမဲ့ ဝန်ဆောင်မှု’အဖြစ် …
Personal A/C – SMS Alert Free ပေးမည်ဖြစ်သည်။
Company A/C – e Alert Free ပေးမည်ဖြစ်သည်။
Monthly e Statement – Special A/C အားလုံးအား လစဉ် Free ပေးပို့မည်ဖြစ်သည်။

Photo Source https://www.facebook.com/CBBankmyanmar

Debit Card နှင့် ချိတ်ဆက်အသုံးပြုနိုင်ခြင်း၊ CB Pay အသုံးပြု၍ Special Account မှတစ်ဆင့် အခြား CB Bank Account များသို့ စာရင်းပြောင်းခြင်းနှင့် ငွေပေးချေခြင်းတို့လည်း ဆောင်ရွက်နိုင်မည်လည်းဖြစ်သည်။
၂၈ နှစ်တာကာလအတွင်း CB Bank သည် ဝန်ထမ်းပေါင်း ၃၀ ကျော်မှ ဝန်ထမ်းပေါင်း ၉,၀၀၀ ခန့်အထိ တိုးချဲ့ ခန့်ထားနိုင်ခဲ့ပြီး ဘဏ်ခွဲပေါင်း ၂၄၅ ခုခန့်ကို ဖွင့်လှစ်ထားနိုင်ခဲ့ပါသည်။ Customer များ၏ လိုအပ်ချက်များနှင့် အံဝင်ခွင်ကျဖြစ်ရန် စီမံထားသည့် ဘဏ်ဝန်ဆောင်မှုများကို ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် တစ်ဦးချင်း Customer များအတွက် ဝန်ဆောင်မှုများကို အကောင်းဆုံးပေးဆောင်နေသော ဘဏ်တစ်ခုဖြစ်သည်။
အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/CBBankmyanmar