CB Bank အနေဖြင့် ပြည်တွင်းငွေလွှဲခအခမဲ့အစီအစဉ်စတင်

CB Bank အနေဖြင့် ပြည်တွင်းငွေလွှဲခများကို အခမဲ့အစီအစဉ်တစ်ရပ်အနေဖြင့် စတင်နေပြီဖြစ်ကြောင်းသိရပါတယ်။ အဆိုပါအစီအစဉ်မှာ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့မှ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့ အထိဖြစ်ပါတယ်။ ရန်ကုန်မြို့တွင်းရှိဘဏ်ခွဲများအားလုံးတွင် ငွေသားပေးသွင်း၍ ကျပ်သိန်းတစ်ရာနှစ်အ ထက်ကို အခမဲ့ ငွေလွှဲခဖြင့် လွှဲပြောင်းနိုင်မှာဖြစ်ပါတယ်။
လက်ရှိတွင် CB Bank အနေဖြင့် Bulk Payment ဝန်ဆောင်မှုကို စတင်အသုံးပြုနိုင်နေပြီလည်းဖြစ်ပါတယ်။ Bulk Payment ဆိုတာကတော့ မိမိငွေစာရင်းမှ တစ်ကြိမ်တည်းလွှဲရုံဖြင့် များစွာသောငွေစာရင်းများသို့ တိုက်ရိုက်ပေးပို့နိုင်တဲ့ ဝန်ဆောင်မှုတစ်ခုဖြစ်တာကြောင့် ကုမ္ပဏီအဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ဝန်ထမ်းလစာပေးခြင်းနဲ့ ပုံမှန်ငွေပေးချေမှုတွေကို အကြောင်းအရာသတ်မှတ်ပြီး Business Internet Banking ဖြင့် အချိန်မကုန်/ လူအင်အား မကုန်စေဘဲ အကျိုးရှိရှိအသုံးချနိုင်တဲ့ ငွေပေးချေမှုစနစ် ဖြစ်ပါတယ်။
Business iBanking ရဲ့ Bulk Payment မှတစ်ဆင့်Payroll Service ကဲ့သို့ ဝန်ထမ်းများကို လစာပေးချေနိုင်ခြင်း၊ ပုံမှန်ပေးချေရမည့် Supplier များထံသို့ သတ်မှတ်အချိန်အတိုင်း တိကျစွာပေးချေနိုင်ခြင်း စသည်တို့ ပြုလုပ်နိုင်ပါတယ်။

Photo Source https://web.facebook.com/CBBankmyanmar

Bulk Payment ဝန်ဆောင်မှုကို အသုံးပြုခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးတွေကတော့ ပေးပို့ရမည့်ငွေပမာဏ မှားယွင်းမှု တစ်စုံတစ်ရာမရှိခြင်း၊ ပေးချေလိုသည့် နေ့ရက်အတိအကျ ပေးချေနိုင်ခြင်း၊ ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းရှင်များအတွက် အချိန်နှင့် လူအင်အား သက်သာစေခြင်း၊ တိကျသေချာသော ငွေသားစီမံခန့်ခွဲမှုရှိခြင်း၊ Business Internet Banking တွင် ငွေအဝင်အထွက်နှင့် ငွေလက်ကျန်စစ်ဆေးခြင်းများကိုလည်း အလွယ်တကူ ပြုလုပ်နိုင်ခြင်းတို့ပဲ ဖြစ်ပါတယ်။
လိုအပ်ချက်တွေကတော့ Bulk Payment ဝန်ဆောင်မှု အသုံးပြုလိုသော ကုမ္ပဏီ (သို့မဟုတ်) အဖွဲ့အစည်များအနေဖြင့် Corporate ငွေစာရင်းတစ်ခု ဖွင့်လှစ်ပြီး Business Internet Banking လျှောက်ထားအသုံးပြုရပါမယ်။ လစဉ် (သို့မဟုတ်) အမြဲတမ်းပြုလုပ်လိုသည့် ကုမ္ပဏီ၏ ငွေစာရင်းတွင် လုံလောက်သော ငွေပမာဏ (Deposit) ထားရှိရမှာဖြစ်ပါတယ်။ Bulk Payment အသုံးပြုပြီး လစာပေးလိုသည့် ဝန်ထမ်းများတွင်လည်း CB Bank Account ရှိရန် လိုအပ်ပါတယ်။ Bulk Payment အသုံးပြုပြီး ငွေပေးချေလိုသည့် Supplier များတွင်လည်း CB Bank Account ရှိရန် လိုအပ်မှာဖြစ်ပါတယ်။
အသေးစိတ်ကို အောက်ပါ Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://web.facebook.com/CBBankmyanmar