စင်ကာပူ၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ ငွေလွှဲပေးပို့သည့် Western Union ငွေလွှဲထုတ်သူ များအတွက် Promotion အစီအစဉ် CB Bank စတင်

စင်ကာပူ၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ ငွေလွှဲပေးပို့သည့် Western Union ငွေလွှဲထုတ်သူ သူများအတွက် Promotion အစီအစဉ်အနေဖြင့် CB Bank တွင် ကျပ် ၅ သိန်းနှင့်အထက် ငွေလွှဲလာရောက်ထုတ်သူများကို လွှဲလိုက်သောလွှဲငွေ ပမာဏအပြင် တစ်ရက်လျှင် ငွေသား 10,000 ကျပ် (ကျပ်တစ်သောင်း) ကို CB Bank မှ အပိုဆောင်း ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
ငွေလွှဲသူ၊ ငွေထုတ်သူများအတွက် Cash back Promotion ကာလမှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့အထိ ဖြစ်ကြောင်းလည်း ကြေငြာထားသည်။ ငွေလွှဲသူ၊ ငွေထုတ်သူသည် သတ်မှတ်ကာလအတွင်း ငွေလွှဲ၊ ငွေထုတ်ရပါမည်လည်းဖြစ်သည်။

Photo Source https://www.facebook.com/CBBankmyanmar

လက်ရှိတွင် CB Bank အနေဖြင့် Special Account ဝန်ဆောင်မှုသီးသန့်ပေးမည့် ဘဏ်ခွဲများ၊ Digital Token ရယူထားသူများ ငွေသားထုတ်ယူနိုင်မည့် ဘဏ်ခွဲများနှင့် ပုံမှန်ဝန်ဆောင်မှုပေးမည့် ဘဏ်ခွဲများကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ရာ ယခုသီတင်းပတ်အတွင်း ဝန်ဆောင်မှုပေးမည့် ဘဏ်ခွဲများစာရင်းကိုလည်း CB Bank Facebook စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။
COVID-19 ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန် Digital Banking Channel များဖြစ်သည့် CRM (ငွေသွင်းစက်), CB Pay, iBanking, Mobile Banking နှင့် CB Bank Card များကို အသုံးပြု၍ ငွေလွှဲခြင်း၊ e-Commerce များ၊ POS များမှ ဈေးဝယ်ခြင်းနှင့် ငွေပေးချေခြင်း၊ Mobile Top Up နှင့် Bill Payment များကို ၂၄ နာရီ ပိတ်ရက်မရှိ ပြုလုပ်နိုင်ရန် စီစဉ်ထား ကြောင်းလည်း CB Bank မှ ကြေငြာထားသည်။
၂၈ နှစ်တာကာလအတွင်း CB Bank သည် ဝန်ထမ်းပေါင်း ၃၀ ကျော်မှ ဝန်ထမ်းပေါင်း ၉,၀၀၀ ခန့်အထိ တိုးချဲ့ ခန့်ထားနိုင်ခဲ့ပြီး ဘဏ်ခွဲပေါင်း ၂၄၅ ခုခန့်ကို ဖွင့်လှစ်ထားနိုင်ခဲ့ပါသည်။ Customer များ၏ လိုအပ်ချက်များနှင့် အံဝင်ခွင်ကျဖြစ်ရန် စီမံထားသည့် ဘဏ်ဝန်ဆောင်မှုများကို ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် တစ်ဦးချင်း Customer များအတွက် ဝန်ဆောင်မှုများကို အကောင်းဆုံးပေးဆောင်နေသော ဘဏ်တစ်ခုဖြစ်သည်။
အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/CBBankmyanmar