တိုကင်ကြိုတင်ရယူရန်မလိုဘဲ ငွေသားထုတ်နိုင်ရန် CB ဘဏ်ခွဲအချို့၌ စတင်ဝန်ဆောင်မှုပေး

တိုကင်ကြိုတင်ရယူရန်မလိုဘဲ ငွေသားထုတ်နိုင်ရန် ဘဏ်ခွဲအချို့၌ စတင်ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်းသိရသည်။ CB Bank Customer များအနေဖြင့် Old Account များမှ ငွေသားထုတ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန်အတွက် တိုကင်ကြိုတင်ရယူရန် မလိုအပ်ဘဲ ငွေသားထုတ်ယူနိုင်ရန် နယ်ဘဏ်ခွဲအချို့၌ စတင်ဝန်ဆောင်မှုပေးခြင်းလည်းဖြစ်သည်။
ထို့အပြင် ဘဏ်ခွဲများ ဆက်လက် တိုးချဲ့ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ထို့ကြောင့် ဖော်ပြပါ ဘဏ်ခွဲများတွင် Individual Account ဖွင့်လှစ်ထားသော သူများအနေဖြင့် အဆိုပါဘဏ်ခွဲများတွင် တိုကင်မလိုဘဲ သတ်မှတ်ပမာဏအတိုင်း လွယ်ကူစွာငွေထုတ်ယူနိုင်မည်ဖြစ်သည်။ လက်ရှိတိုကင်မရယူပဲ ထုတ်ယူနိုင်သော CB Bank ခွဲများမှာ အောက်ပါအတိုင်း ဖြစ်သည်။

Photo Source https://web.facebook.com/CBBankmyanmar/

ထို့ပြင် အခြားဘဏ်ခွဲများတွင် တိုကင်ကြိုတင်ရယူ၍ ငွေသားထုတ်ယူခြင်းကိုလည်း ပုံမှန်အတိုင်း ဆက်လက်ဝန်ဆောင်မှုပေးလျက် ရှိသည်။
အောက်ပါ Link တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။
https://web.facebook.com/CBBankmyanmar/