ရိုးမဘဏ် ATM စက်များတွင် Flexi MPU Card ကိုအသုံးပြုကာ Flexi Account မှ ငွေသားထုတ်ယူနိုင်

ရိုးမဘဏ် Customer တွေပိုမိုလွယ်ကူအဆင်ပြေစေရန်အတွက် ရိုးမဘဏ် ATM တိုင်းမှာ Flexi MPU Card ကို သုံးပြီး Flexi အကောင့်ကနေ ငွေသားအလွယ်တကူထုတ်ယူနိုင်ပါပြီဖြစ်ပါတယ်။ ထိုကဲ့သို့ လွယ်ကူမြန်ဆန်စွာ ငွေသားထုတ်ယူနိုင် ရန်အတွက် နီးစပ်ရာ ဘဏ်ခွဲတွေမှာ Flexi အကောင့် ဖွင့်လှစ်နိုင်ပြီပဲဖြစ်ပါတယ်။
E- commerce နှင့် POS Card Readers မှတစ်ဆင့်ဝယ်ယူမှုများအတွက် ပုံမှန် SMART MPU Card များအား အသုံးပြုနိုင်ပါသည်။ အကျိုးခံစားခွင့်နှင့်အကောင့်ဖွင့်ရန် လိုအပ်သည့်အသေးစိတ်အချက်အလက်များမှာ အောက်ပါအ တိုင်းဖြစ်ပါတယ်။
တစ်ဦးတည်းဖြစ်စေ၊ ပူးတွဲ ငွေစာရင်းဖွင့်ထားသူဖြစ်စေ၊ စီးပွားရေးလုပ်ငန်းသုံး ဖြစ်စေ စာရင်းရှင်စာရင်းမှ ရရှိသည့် အကျိုးခံစားမှုအတိုင်းရရှိနိုင်ပြီး အတိုးနှုန်းလည်း ရရှိခံစားနိုင်မည်ဖြစ်သည်။ ပထမ အပ်ငွေကျပ်သိန်း ၁၀,၀၀၀ အထိ 7% p.a. ရရှိပြီး၊ သိန်း ၁၀,၀၀၀ အထက် ကျော်လွန်သော ၎င်းအပ်ငွေပမာဏအတွက် အပိုဆောင်း 1 ရာခိုင်နှုန်း p.a. ရရှိမှာ ဖြစ်ပါတယ်။ (ကုမ္ပဏီ/လုပ်ငန်းစာရင်း အတွက် ပူးတွဲစာရင်း မဖွင့်လှစ်နိုင်ပါ။) အတိုးနှုန်းခံစားခွင့်အနေဖြင့် မြန်မာကျပ်ငွေ တစ်သောင်းမှ စတင်ပြီး နေ့စဉ်အတိုးနှုန်းတွက်ချက်ပေးမည်ဖြစ်ပါတယ်။

Photo Source https://web.facebook.com/yomabank

ရိုးမဘဏ်ဖွင့်ချိန်အတွင်း ငွေသွင်း၊ငွေထုတ်ခြင်းများကို အကြိမ်အရေအတွက် အကန့်အသတ်မရှိ ဆောင်ရွက်နိုင်ပါသည်။ ငွေသွင်းမှုများကို ဘဏ်ခွဲများတွင်သာ ဆောင်ရွက်နိုင်ပါသည်။ အပ်ငွေထည့်သွင်းရန်အတွက် အခြားအကောင့်တစ်ခုမှ ငွေလွဲပြောင်းခြင်း မဆောင်ရွက်နိုင်ပါ။ ATM စက်များကို သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများအတိုင်း အသုံးပြုနိုင်ပါ တယ်။
စာရင်းပိုထုတ်ချေးငွေယူထားပါက Flexi Account ခေါ်ယူအပ်ငွေစာရင်းမှ စာရင်းရှင်စာရင်းသို့ အလိုအလျောက် ငွေလွှဲနိုင်မှာဖြစ်ပါတယ်။ (Flexi မှ စာရင်းရှင်သို့ လွှဲနိုင်ပြီး စာရင်းရှင်မှ Flexi သို့ ငွေလွှဲခြင်း မပြုလုပ်နိုင်ပါ)။ နေ့စဉ် ငွေစာရင်းအသုံးပြုမှုနှင့် ငွေစာရင်းအဝင်အထွက်များ၏ အသေးစိတ်ဘဏ်စာရင်းရှင်းတမ်းကို ရယူနိုင်ပါတယ်။
ဘဏ်တွင် ငွေစာရင်း ဖွင့်လှစ်ပြီးပါက MPU Debit Card အခမဲ့ထုတ်ပေးပါမည်။ ငွေစုစာအုပ်ကို တောင်းဆိုချက်အရ ထုတ်ပေးနိုင်ပါတယ်။ Flexi ချက်လက်မှတ်စာအုပ်ဖြင့် ငွေထုတ်၊ ငွေပေးချေ၊ ငွေလွှဲခြင်းများကို ချက်ချင်းလွယ်ကူစွာ ပြုလုပ်နိုင်ပါတယ်။
Flexi Account ခေါ်ယူအပ်ငွေစာရင်းဖွင့်ရန် လိုအပ်ချက်(၄) ချက်မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
(၁) ကနဦးအပ်နှံငွေကို မြန်မာကျပ် ၁၀,၀၀၀ သတ်မှတ်ထားသည်။
(၂) အနည်းဆုံး လက်ကျန်ငွေ မြန်မာကျပ် ၁,၀၀၀ ထားရှိရပါမည်။
(၃) အနည်းဆုံးအသက် ၁၈နှစ်ပြည့်ပြီးသူဖြစ်ရပါမည်။
(၄) အထောက်အထားအဖြစ် မှတ်ပုံတင်မူရင်း (သို့) နိုင်ငံကူးလက်မှတ်မူရင်း တင်ပြရပါမည်။
ရိုးမဘဏ်ခွဲများနှင့် ATM စက်များကို အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
Yoma Bank ATMs & Branches – https://bit.ly/3mlcKTi