OPPO ၏ ဘက်စုံစွမ်းဆောင်ရည်မြင့် 5G Flagship စမတ်ဖုန်းကို Online Conference တွင် စတင်မိတ်ဆက်မည်

ကမ္ဘာထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်သော OPPO သည် ဘက်စုံစွမ်းဆောင်ရည်မြင့် 5G flagship Find X2 series စတင်မိတ်ဆက်မည့် မိတ်ဆက်ပွဲ အခမ်းအနားကို မတ်လ ၆ ရက်နေ့ မြန်မာစံတော်ချိန် နေ့လယ် ၃ နာရီ ၃၀ မိနစ်အချိန်တွင် OPPO Facebook Page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
OPPO Find X2 Series ၏ တရားဝင်မိတ်ဆက်ပွဲ အခမ်းအနားကို ဘာစီလိုနာမြို့ တွင် ဖေဖော်ဝါရီလနှောင်းပိုင်း၌ ကျင်းပ မည့် Mobile World Congress တွင် ပြုလုပ်မည်ဟု စီစဉ်ထားသော်လည်း ကမ္ဘာတဝန်းတွင် ဖြစ်ပေါ်နေသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အွန်လိုင်းတွင်မိတ်ဆက်ရန် ပြောင်းလဲစီစဉ်လိုက်ခြင်း လည်းဖြစ်သည်။

Photo Source – https://www.facebook.com/oppomyanmar/

OPPO သည် အသစ်ထုတ်လုပ်လိုက်သည့် OPPO Find X2 စီးရီးကို ခေတ်ရှေ့ပြေး စမတ်ဖုန်းအတွေ့အကြုံခံစားချက် များကို ပေးစွမ်းနိုင်အောင် ဖန်တီးခြင်းအားဖြင့် သုံးစွဲသူများကို Uncover The Ultimate ဆိုသည့်အတိုင်း တမူထူခြားသည့် အတွေ့အကြုံများ ရရှိစေရန် ထုတ်လုပ်ထားခြင်းဖြစ်သည်။ OPPO Find X2 series ကို ထုတ်လုပ်ရာတွင် ထုတ်လုပ်ခဲ့သည့် စမတ်ဖုန်းများ အားလုံးအပေါ် ဝယ်ယူသုံးစွဲသူများ၏ တုံ့ပြန်ချက်များကို ထည့်သွင်းစဉ်းစားပြီး သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ် ငန်းစဉ်များတွင် ကြီးမားသော ရင်းနှီးမြုပ်နှံမှု ပြုလုပ်ခဲ့ပြီးလည်းဖြစ်သည်။ အထူးသဖြင့် 5G ခေတ်တွင် ထိုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် OPPO ၏ အဆုံးမရှိ ဆန်းသစ်တီထွင်မှုများသည် ပိုမိုကောင်းမွန်သော စမတ်ဖုန်းတစ်ခု ဖြစ်လာစေရန် ယုံကြည်ထားခြင်းကြောင့်လည်းဖြစ်သည်။

Photo Source – https://www.facebook.com/oppomyanmar/

OPPO Find X2 စီးရီး သည် OPPO မှ နောက်ဆုံးပေါ် နည်းပညာများဖြင့် တီထွင်ထုတ်လုပ်ထားသည့် အရည်အသွေး အကောင်းမွန်ဆုံး မျက်နှာပြင်အတွေ့အကြုံခံစားမှုကို ရရှိနိုင်စေရန် ဖန်တီးထားသည်။ ထို့အပြင် ရုပ်ထွက်အားကောင်းမွန်မှု၊ Screen Refresh Rate အရောင်အသွေးကောင်းမွန်မှုနှင့် High Dynamic Range တို့ကို အဓိကထား ဖန်တီးထား မှုများကြောင့် သုံးစွဲသူများအနေဖြင့် အကြည်လင်ဆုံး၊ အသေသပ်ဆုံးနှင့် သက်သောင့်သက်သာရှိပြီး ချောမွေ့သော မျက်နှာပြင်သုံးစွဲမှု အတွေ့အကြုံကို ရရှိနိုင်မည်ဖြစ်သည်။
Find X2 Pro ကို အထူးသီးသန့် ပြုလုပ်ထားသည့် Flagship Image Sensor ပုံရိပ် အာရုံခံဖြင့် တီထွင်ပြုလုပ်ထားသည်။ OPPO ၏ နောက်ဆုံးပေါ် ဓာတ်ပုံနည်းပညာများကိုပါ ထည့်သွင်းသုံးစွဲထားသည့်အတွက်ကြောင့် သုံးစွဲသူများအနေဖြင့် ဓာတ်ပုံရိုက်ကူးရာတွင်လည်း အရည်အသွေးမြင့်မားပြီး အကောင်းမွန်ဆုံး ရုပ်ထွက် အရည်အသွေးကို ရရှိနိုင်မည်ဖြစ်သည်။ ထို့အပြင် Find X2 တွင် Qualcomm’s 5G Flagship Chip Snapdragon 865 ပါဝင်မှုကြောင့် SA/NSA Dual-module Network ကို အပြည့်အဝ ပံ့ပိုးပေးသဖြင့် 5G Experience ကို ရရှိစေနိုင်မည် ဖြစ်သည်။

Photo Source – https://www.facebook.com/oppomyanmar/

OPPO သည် ကမ္ဘာပေါ်ရှိ ထိပ်တန်း စမတ်ဖုန်း ထုတ်လုပ်သူ ၄ ဦးတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး လူငယ်များ၏ အကန့်အသတ်မရှိသော အနုပညာလက်ရာမြောက်သည့် စွမ်းရည်များကို selfie နှင့် portrait-focused စမတ်ဖုန်းများဖြင့် ထုတ်ဖော်ပြသခဲ့ပြီးဖြစ်သည်။ ကမ္ဘာအနှံ့ရှိ research centers ၆ ခုနှင့် လန်ဒန်တွင်ရှိသော international design center အရ OPPO၏ F series, A series, Find နှင့် နောက်ထွက်ပေါ်လာသော Reno series တို့သည် ၂၀၁၆ ခုနှစ်မှစ၍ နိုင်ငံပေါင်း ၄၀ တွင် ကျေနပ်နှစ်သက်မှုများစွာရရှိခဲ့ကြသည်။ စတိုင်ကျမှု၊ တန်းဝင်သော ကြော်ငြာ campaigns နှင့် Designed for Reno ဟု အမည်ပေးထားသော ဆန်းသစ်သည့် ဒီဇိုင်းများနှင့်အတူ 20x zoom၊ Ultra Steady Video နှင့် Ultra Dark Mode တို့သည် စမတ်ဖုန်း အသုံးပြုသူများအတွက် ပြည့်စုံသော စမတ်ဖုန်းများအဖြစ်ပေးစွမ်းနိုင်ရန် အသင့်ဖြစ် နေကြောင်းလည်း သိရသည်။
https://www.facebook.com/oppomyanmar/