KBZ Bank မှ အသေးစားလုပ်ငန်းရှင်များအတွက် COVID-19 Credit Assistance Program for SMEs အကူအညီဖြင့် ပံ့ပိုးကူညီ

COVID-19 ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုများရင်ဆိုင်နေရသည့် မြန်မာနိုင်ငံတစ်ဝန်းရှိ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ(SMEs) အတွက် KBZ Bank မှ လက်ရှိ SME customers များနှင့် customers အသစ်များအား အရေး ပေါ် ငွေကြေးထောက်ပံ့မှုပေးအပ်နိုင်ရန် COVID-19 Credit Assistance Program for SMEs အစီအစဉ်မှတစ်ဆင့် SME လုပ်ငန်းရှင်များအနေဖြင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည့် ကာလအတွင်း ငွေရေးကြေးရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများမှ သက်သာရာရစေရန် အောက်ပါ ငွေကြေးထောက်ပံ့မှု သို့မဟုတ် ချေးငွေပုံစံအမျိုးမျိုးကို ရွေးချယ်လျှောက်ထားနိုင်မည်ဖြစ် သည်။
(၁) လက်ရှိ စာရင်းပိုချေးငွေ (Overdraft Loan) နှင့် ကာလသတ်မှတ်ချေးငွေ (Term Loan) များကို ၆ လအထိ သက်တမ်း ထပ်တိုးခြင်း။
(၂) လစဉ်ပေးဆပ်ရမည့် အတိုးနှင့်အရင်းများကို ၆ လအထိ ဆိုင်းငံ့ပေးခြင်း။
(၃) လစဉ်ပေးဆပ်ရမည့် အတိုးနှင့်အရင်းများကို ၆ လအထိ ဆိုင်းငံ့၍ အတိုးအရင်းပေါင်း အချိုးကျပြန်လည်ပေးဆပ်စေခြင်း။
အထက်ပါ ငွေကြေးထောက်ပံ့မှုပုံစံအမျိုးမျိုးကို ကမ္ဘောဇဘဏ်၏ SME Banking ဌာနတွင် ပုံမှန် ကာလသတ်မှတ်ချေးငွေ၊ စာရင်းပိုချေးငွေ သို့မဟုတ် JICA SME နှစ်ဆင့်ချေးငွေရယူထားသူများ လျှောက်ထားနိုင်သည်။ COVID-19 Credit Assistance Program for SMEs အစီအစဉ်မှတစ်ဆင့် ပေးဆပ်ရမည့် ချေးငွေကို အချိန်အတိုင်းအတာတစ်ခုအထိ ဆိုင်းငံ့ ထားနိုင်သောကြောင့် SMEs လုပ်ငန်းများအတွက် အဆင်ပြေချောမွေ့စွာ ငွေကြေးလည်ပတ်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် အဆိုပါ လုပ်ငန်းများအနေဖြင့် မိမိတို့၏ စီးပွားရေးလုပ်ငန်းများ ဆက်လက် လည်ပတ်နိုင်ရေးကိုသာ ဦးစားပေးလုပ်ကိုင်ကာ ငွေကြေးလည်ပတ်မှုမျာသး ပြန်လည်အဆင်ပြေကောင်းမွန်လာစေပြီး နိုင်ငံတော်၏ ကဏ္ဍပေါင်းစုံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု တွင် ဆက်လက်ပါဝင်ပံ့ပိုးပေးနိုင်မည်ဖြစ်သည်။

Photo Source https://web.facebook.com/KanbawzaBank/

“ပြည်တွင်းက အသေးစားစီးပွားရေးလုပ်ငန်းရှင်တွေအတွက် COVID-19 ကပ်ရောဂါကြီးဟာ ကျန်းမာရေးအခက်အခဲ တစ်ခု ဆိုတာထက်ပိုပါတယ်။ ဒီကာလမှာ SME လုပ်ငန်းတော်တော်များများ မဖြစ်မနေလုပ်ငန်းတွေ ယာယီရပ်နားလိုက်ရတဲ့ အတွက် ငွေကြေးလည်ပတ်တဲ့နေရာမှာ အခက်အခဲဖြစ်သွားပြီး ဒီလုပ်ငန်းအပေါ်မှာ မှီခိုနေရတဲ့ ဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုကိုပါ သက်ရောက်မှုတွေ ရှိလာပါတယ်။ မြန်မာနိုင်ငံတော်အစိုးရရဲ့ စီးပွားရေးရည်မှန်းချက်ပန်းတိုင်များနဲ့ မြန်မာနိုင်ငံ တော် ဗဟိုဘဏ်ရဲ့ လမ်းညွှန်ချက်များနဲ့အညီ KBZ Bank ကနေ COVID-19 Credit Assistance Program for SMEs အစီ အစဉ်ကို မိတ်ဆက်ပေးခဲ့ပြီး SME customer တွေ ငွေကြေးလည်ပတ်မှုပြန်လည်ကောင်းမွန်လာအောင် ကူညီပံ့ပိုးပေးသွားပါ မယ်။ လက်ရှိ လုပ်ငန်းထဲမှာ လည်ပတ်ငွေတွေကို ချေးငွေပြန်ဆပ်ရမယ့်အစား လုပ်ငန်းလည်ပတ်ဖို့ သုံးနိုင်တဲ့အတွက် SMEs တွေအနေနဲ့ အခုလို အကျပ်အတည်းဖြစ်တဲ့ကာလမှာ ရှင်သန်ရပ်တည်နိုင်ဖို့နဲ့ ပြန်လည်ကုစားနိုင်ဖို့ အခွင့်အလမ်းကောင်း တွေရလာမှာပါ။ ကျွန်တော်တို့ KBZ Bank ရဲ့ SME Banking ဌာနက အဖွဲ့သားတွေကလည်း ပြည်တွင်းက SME လုပ်ငန်း တွေကို ပံ့ပိုးပေးနိုင်ဖို့အတွက် အစွမ်းကုန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာပါ”ဟု KBZ Bank ၏ အကြီးတန်းအုပ်ချုပ်မှု ဒါရိုက်တာ ဦးဇော်လင်းအောင်က ပြောကြားသည်။
COVID-19 Credit Assistance Program for SMEs အစီအစဉ်ကို မြန်မာနိုင်ငံ အစိုးရအဖွဲ့၏ COVID-19 စီးပွားရေးကုစား မှု အစီအစဉ်(CERP) အရ ဖန်တီးပုံဖော်ခဲ့ခြင်းဖြစ်သည်။ CERP တွင် ဖော်ပြထားသည့် ပန်းတိုင်အမှတ် ၂.၁.၆ အရ မြန်မာနိုင် ငံတော် ဗဟိုဘဏ်သည် ကာလရှည်ကြာအရင်းနှင့်အတိုးပုံမှန်ပေးဆပ်ခဲ့သည့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွား ရေးလုပ်ငန်းများမှ (MSMEs) ချေးယူထားသော ချေးငွေများကို restructure နှင့် reschedule ပြုလုပ်ခွင့်ပေးပြီး ချေးငွေပေး ဆပ်ရမည့်ကာလ၊ အတိုးနှုန်းတို့ကို ဘဏ်များမှ သတ်မှတ်နိုင်ရန် ခွင့်ပြုပေးခဲ့သည်။
မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်း ၉၀ ရာခိုင်နှုန်းကျော်ကို အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအဖြစ် သတ်မှတ်ထားသည်နှင့်အမျှ မြန်မာနိုင်ငံတော်အစိုးရအနေဖြင့်လည်း SME လုပ်ငန်းများသည် တိုင်းပြည်အနာဂတ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအခန်းကဏ္ဍတွင် ပါဝင်လျက်ရှိကြောင်း အသိအမှတ်ပြု လက်ခံထားသည်။ COVID-19 ကပ်ရောဂါကြောင့် ဖြစ်ပေါ်နေသည့် စီးပွားရေးအရ အကျိုးသက်ရောက်မှုများ ကို အသေအချာ တွက်ချက်မထားနိုင်သေးသော်လည်း SME လုပ်ငန်းများအပါအဝင် စီးပွားရေးလုပ်ငန်းများမှာ ၎င်းတို့၏ ထုတ်ကုန်နှင့်ဝန်ဆောင်မှုများ ဝယ်လိုအားကျဆင်နေသောကြောင့် အခက်အခဲ၊ အကျပ်အတည်းများအတွင်း ရှင်သန်ရပ် တည်နိုင်ရန် ကြိုးစားနေရသည်ဟု ခန့်မှန်းထားသည်။ SME လုပ်ငန်းများမှာ အကူအညီ အထောက်အပံ့များစွာ ပိုမိုလိုအပ် လာခြင်း လုပ်ငန်းအရွယ်အစားအပေါ်မူတည်၍ ဆက်လက်ရပ်တည်နိုင်ခြေနည်းလာခြင်း စသည့်အကျိုးသက်ရောက်မှုများကို အဓိက တွေ့ကြုံလာရမည်ဖြစ်သည်။

Photo Source https://web.facebook.com/KanbawzaBank/

COVID-19 Credit Assistance Program for SMEs အစီအစဉ်တွင် လျှောက်ထားလိုသော SME လုပ်ငန်းရှင်များအနေဖြင့် လက်ရှိ customer များဖြစ်ပါက KBZ SME ချေးငွေဝန်ဆောင်မှုများ အနည်းဆုံး ၂ နှစ် ရယူထားပြီးသူများ KBZ Bank ကို အဓိကအသုံးပြုနေပြီး ၂၀၂၀ ခုနှစ်စ၊ ဖေဖော်ဝါရီလအထိ မပျက်မကွက် ငွေပြန်လည်ပေးသွင်းခဲ့သည့် customer များဖြစ်ရပါ မည်။ customer အသစ်များအတွက် KBZ Bank မှ လျှောက်ထားသူ၏ စီးပွားရေးလုပ်ငန်းနယ်ပယ်နှင့်လုပ်ငန်းပုံစံကို စစ်ဆေးအကဲဖြတ်သွားမည်ဖြစ်ပြီး နိုင်ငံတော်၏ COVID-19 ကပ်ရောဂါ ထိန်းချုပ်ကာကွယ်တားဆီးရေးလုပ်ငန်းစဉ်များကို အထောက်အပံ့ဖြစ်စေသော ဝန်ဆောင်မှုနှင့် ထုတ်ကုန်လုပ်ငန်းများ ဆောင်ရွက်နေသည့် SME လုပ်ငန်းများကို အထူးဦးစား ပေး ခွင့်ပြုသွားမည်ဖြစ်သည်။ လျောက်ထားသူအားလုံးမှာ လိုအပ်သည့် ကုမ္ပဏီဆိုင်ရာစာရွက်စာတမ်းများနှင့် အရေးပေါ် စီးပွားရေးကုစားမှုအစီအစဉ်တစ်ခုကို တင်ပြရန် လိုအပ်သည်။
အဆိုပါအစီအစဉ်နှင့်ပတ်သက်ပြီး အသေးစိတ်မေးမြန်းဆွေးနွေးလိုပါက (သို့မဟုတ်) လျှောက်ထားလိုပါက SME လုပ်ငန်း များအနေဖြင့် နီးစပ်ရာဘဏ်ခွဲများနှင့် KBZ Bank ၏ SME Banking ဌာနရှိ သက်ဆိုင်ရာ Relationship Manager များအား တိုက်ရိုက်ဆက်သွယ်၍ သော်လည်းကောင်း၊ KBZ Bank ၏ SME Banking စီးပွားရေးဘဏ်လုပ်ငန်းဌာနသို့ ဖုန်းနံပါတ် ၀၁- ၃၇၃၇၈၅၊ ၀၁-၃၇၂၉၇၉၊ ၀၁-၃၇၉၇၇၊ ၀၁-၃၇၇၇၇၁၆(သို့မဟုတ်) smeart.smebanking@kbzbank.com အီးမေးလ် လိပ်စာမှတစ်ဆင့် ဆက်သွယ်နိုင်ကြောင်းသိရသည်။