KBZ MS က အာမခံပမာဏ၏ အခမဲ့ ထပ်ဆောင်း ၅၀ ရာခိုင်နှုန်း ထပ်မံတိုးမြှင့်

မြန်မာ့အာမခံနယ်ပယ်တွင် ဦးဆောင်နေသူဖြစ်သော အထွေထွေအာမခံကုမ္ပဏီ KBZ MS က လက်ရှိ ကျန်းမာရေး အာမခံထားရှိသူများနှင့် အသစ်ဝယ်ယူမည့်သူများအတွက် အခမဲ့အပို ၅၀ ရာခိုင်နှုန်း COVID-19 အကာအကွယ်ကို ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့အထိ ထပ်မံတိုးမြှင့်ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။
KBZ MS သည် COVID-19 ကြောင့် ပြင်ပလူနာအဖြစ် ကုသခံရခြင်း၊ ဆေးရုံတက်ရခြင်း နှင့် သေဆုံးခြင်း ဖြစ်စဉ်များ အတွက် အာမခံရရှိငွေ၏ ၅၀ ရာခိုင်နှုန်းအား အပိုထပ်ဆောင်းပေးအပ်ခြင်းကို မြန်မာနိုင်ငံတွင် ပထမဆုံး အကောင်အထည် ဖော်လုပ်ဆောင်ခဲ့သည့် အာမခံလုပ်ငန်းဖြစ်သည်။ အဆိုပါအစီအစဉ်ကို ၂၀၂၀ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် စတင်ခဲ့ပြီး ဇွန်လ ၁၃ ရက်နေ့အထိ ပေးအပ်သွားရန် သတ်မှတ်ထားခဲ့သော် လည်း လက်ရှိမြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဆက်လက်ပြန့်ပွားနေဆဲဖြစ်သောကြောင့် COVID-19 အကာအကွယ်အခမဲ့ပေးအပ်ခြင်းကာလကို စက်တင်ဘာ လ ၁၃ ရက်နေ့အထိ ၃လတာ ထပ်မံ တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။

Photo Source https://web.facebook.com/kbzms/

မြန်မာနိုင်ငံတွင် ဇွန်လ (၁၁) ရက်နေ့အထိ ရောဂါပိုးတွေ့ရှိသူ (၂၄၉) ဦး နှင့် သေဆုံးသူ (၆) ဦး ရှိနေပြီကို ကြည့်ခြင်းဖြင့် COVID-19 သည် မြန်မာနိုင်ငံသားများအတွက် တည်ရှိနေဆဲ အန္တရာယ်တစ်ခု ဖြစ်နေသေးသောကြောင့် KBZ MS က ၎င်း၏ အာရောဂျံ အာမခံပေါ်လစီ ဝယ်ယူထားသူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုများ ပံ့ပိုးပေးခြင်းကို ဆက်လက်လုပ် ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။ KBZ MS ၏ အာရောဂျံ ဝန်ဆောင်မှုရယူထားသူများနှင့် စတင်ဝယ်ယူသည့်သူများတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြင်ပလူနာအဖြစ် ကုသခံရခြင်း၊ ဆေးရုံတက်ရခြင်း နှင့် သေဆုံးခြင်းဖြစ်ရပ်များ ဖြစ်ပွားခဲ့ပါက အာမခံပမာဏ၏ အခမဲ့ ထပ်ဆောင်း ၅၀ ရာခိုင်နှုန်းကိုအကျိုးခံစားခွင့်ရှိမည် ဖြစ်သည်။
“စိတ်ဝင်စားတဲ့ ကုမ္ပဏီ တွေနဲ့ ဝန်ဆောင်မှု ဝယ်ယူသူတွေအတွက် ဘယ်လို ကျန်းမာရေးအာမခံပေါ်လစီက သူတို့နဲ့ အသင့်တော်ဆုံးဖြစ်မလဲဆိုတာကို ပြီးပြည့်စုံတဲ့ အခမဲ့ Life Planning လေ့လာဆန်းစစ်မှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဆွေးနွေးအကြံပြုပေးမယ့် ကျွမ်းကျင်သူ Life Planners™ တွေလည်း အသင့်ရှိနေပါတယ်” ဟု KBZ MS ၏ အမှုဆောင် အရာရှိချုပ်ဖြစ်သူ Mr Anil Mancham က ပြောကြားခဲ့သည်။

Photo Source https://web.facebook.com/kbzms/

KBZ MS က ၎င်း၏ ဝန်ထမ်းများနှင့် ဝန်ဆောင်မှုရယူထားသည့် ကော်ပိုရိတ်လုပ်ငန်းများအနေဖြင့်လာမည့် တုပ်ကွေးရာသီကို ကျန်းမာရေးကောင်းမွန်စွာဖြင့် ကျော်ဖြတ်နိုင်စေရန်အတွက် တုပ်ကွေးကာကွယ်ဆေး ထိုးနှံပေးခြင်းများ ပြုလုပ်ပေးသွားမည်ဖြစ်သည်။ တုပ်ကွေးကာကွယ်ဆေး၏ ကျန်းမာရေးအကျိုးကျေးဇူးများကို လူသိများလာစေရန် မြှင့်တင် ပေးမည့် ရည်ရွယ်ချက်ဖြင့် KBZ MS က မြန်မာနိုင်ငံရှိ စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းရှင်များကို ဦးတည်ချက်ထားကာ တုပ်ကွေးကာကွယ်ဆေးထိုးခြင်း အစီအစဉ်ကို အကောင်အထည် ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။ ရှေ့တန်းမှလုပ်ကိုင်နေသော ဝန်ထမ်းများနှင့် ဇွန်လမှစတင်ကာ စုပေါင်းအာမခံ ရယူထားသော ကော်ပိုရိတ် လုပ်ငန်းများအတွက် တုပ်ကွေး ကာကွယ်ဆေး အလုံးရေ ၃၀၀ ကို ပံ့ပိုးပေးသွားမည် ဖြစ်သည်။ ရှေ့ပြေးစီမံကိန်းကို ရန်ကုန်မြို့တွင် စတင်ဆောင် ရွက်လျက်ရှိပြီး ရလဒ်များအပေါ်မူတည်၍ ၂၀၂၀ မကုန်ခင်တွင် မြန်မာနိုင်ငံ၏ အခြားဒေသများသို့ တိုးချဲ့ဆောင်ရွက် သွားမည်လည်း ဖြစ်သည်။
“ရာသီပေါ်တုပ်ကွေး နဲ့ ကျန်းမာရေးအကျိုးဆက်တွေကို မကြာခဏ လျစ်လျူရှုမိတတ်ကြပါတယ်။ တာဝန်သိ အလုပ်ရှင် တစ်ဦး ၊ အာမခံနယ်ပယ်မှာ ဦးဆောင်နေသူတစ်ဦးအနေနဲ့ ကျွန်တော်တို့ ဝန်ထမ်းတွေ ကျန်းမာပြီး အန္တရာယ်ကင်းစေ ချင်သလို ဝန်ဆောင်မှု ဝယ်ယူထားတဲ့ လုပ်ငန်းတွေကိုလည်း သူတို့ရဲ့ဝန်ထမ်းတွေကို စောင့်ရှောက်စေချင်ပါတယ်။ COVID-19 ကပ်ရောဂါရဲ့ အကျိုးဆက်တွေကို လက်ခံပြီး လိုက်လျောညီထွေ ဖြစ်အောင် ကြိုးစားနေချိန်မှာပဲ ဒီနှစ်ရဲ့ တုပ်ကွေးရာသီက တဖြည်းဖြည်းနီးလာနေပါပြီ။ ဒါကြောင့်လည်း ကျွန်တော်တို့အနေနဲ့ ကိုရိုနာဗိုင်းရပ်စ် အကာအကွယ် ကာလကို ထပ်မံတိုးမြှင့်လိုက်ရုံသာမကဘဲ ရာသီ တုပ်ကွေးကာကွယ်ရေးအတွက် အထိရောက်ဆုံးနည်းလမ်းဖြစ်တဲ့ တုပ်ကွေးကာကွယ်ဆေးထိုးခြင်းဖြင့် ဦးဆောင် ကူညီပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှု တွေကြောင့် KBZ MS ရဲ့ ကျန်းမာရေး အာမခံပေါ်လစီတွေ ဝယ်ယူထားတဲ့ ပြည်သူတွေစိတ်ထဲမှာ လုံခြုံမှုတစ်ခု ခံစားရစေဖို့ မျှော်လင့်ပါတယ်”ဟု Mr. Anil Mancham က ထပ်မံပြောကြားသည်။

Photo Source https://web.facebook.com/kbzms/

တုပ်ကွေးရောဂါသည် တစ်ဦးတစ်ယောက်ချင်းစီတိုင်းနှင့် စီးပွားရေးလုပ်ငန်းများကို ပြင်းထန်စွာ အကျိုး သက်ရောက်စေ နိုင်သည်။ အထူးသဖြင့် ထိခိုက်လွယ်သည့် ဂေဟစနစ်နှင့် အသေးစားလုပ်ငန်းများတွင် ဝန်ထမ်းတစ်ဦး၏ ပျက်ကွက်မှုက လုပ်ငန်းလည်ပတ်မှုကို ထိခိုက်စေကာ ကုန်ထုတ်လုပ်မှု၊ အလုပ်ပြီးမြောက်မှုပမာဏ ကိုလည်း လျော့ကျစေသည်။ သို့သော် ဝန်ထမ်းများအတွက် ကျန်းမာရေးစောင့်ရှောက်မှုမှာ မြန်မာနိုင်ငံတွင် အသုံးနည်းပါးနေဆဲ ဖြစ်သည်။ KBZ MS က အဆိုပါအချက်ကို စိန်ခေါ်နိုင်ပြီး ဝန်ထမ်းအခွင့်အရေးများတွင် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ထည့်သွင်းလာခြင်းကို သတ်မှတ်ချက်အသစ်တစ်ခုအဖြစ် ဆောင်ရွက်ပေးနိုင်မည်ဟု မျှော်လင့်ထားသည်။