Grab Myanmar မှ မြန်မာနိုင်ငံတွင် ပထမဦးဆုံး Taxi ကားအတွင်း Digital Display ဖြင့် ကြော်ငြာနည်းစနစ်အသစ်ကို မိတ်ဆက်

အရှေ့တောင်အာရှနှင့် မြန်မာနိုင်ငံ၏ ထိပ်တန်း အဆင့်မြင့်နည်းပညာသုံး အငှားယာဉ်ဝန်ဆောင်မှု လုပ်ငန်းဖြစ်သည့် Grab Myanmar သည် ပြည်တွင်းကြော်ငြာ ကုမ္ပဏီလုပ်ငန်းစု တစ်ခုဖြစ်သည့် MCI ကုမ္ပဏီနှင့် ပူးပေါင်းကာ GrabAds ပလက်ဖောင်းပေါ်တွင် နည်းပညာသုံး ကြော်ငြာဝန်ဆောင်မှု အသစ်တစ်ခုကို ပုဂ္ဂလိက လုပ်ငန်းအဖွဲ့အစ ည်းများနှင့် ကော်ပိုရေးရှင်းများအတွက် ကြော်ငြာထည့်သွင်းနိုင်ရန် ယခုလမှ စတင်ဝန်ဆောင်မှုပေးသွားမည် ဖြစ်ကြောင်း သိရသည်။
GrabAds သည် အရှေ့တောင်အာရှ နိုင်ငံပေါင်း ၈ နိုင်ငံနှင့် မြို့ပေါင်း ၂၀၀ ကျော်ရှိ ဒစ်ဂျစ်တယ်စွမ်းရည် ပြည့်ဝသည့် မော်တော်ယာဉ်ပေါင်းစုံ အုပ်စုကြီးတစ်ခုနှင့် ချိတ်ဆက်ထားသော အလုံးစုံ ပြီးပြည့်စုံသည့် ကြော်ငြာပလက်ဖောင်းတစ်ခုဖြစ် သည်။

Photo Source https://www.grab.com/mm/business/ads/

ယခု မိတ်ဆက်သည့် ကြော်ငြာနည်းအသစ်မှာ Grab Taxi များအတွင်း တပ်ဆင်ပေးထားသည့် ဒစ်ဂျစ်တယ်တက်ဘလက် များကတစ်ဆင့် အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ထားသည့် သတင်း အချက်အလက်များနှင့် ပစ္စည်းထုတ်ကုန်မိတ်ဆက် အစီအစဉ်များကို Grab အသုံးပြုသူ ခရီးသည်များအား ၎င်းတို့၏ ခရီးလမ်းတစ်လျှောက် ပြသပေးသည့်ဝန်ဆောင် မှုဖြစ်သည်။ ကားအတွင်း ကုန်အမှတ်တံဆိပ်များဖြင့် ပြင်ဆင်ထားရှိခြင်းနှင့် ဒစ်ဂျစ်တယ် ကြော်ငြာများ ပြသထားခြင်းမှအစ ကားအတွင်း နမူနာပစ္စည်းများ ထားရှိခြင်းနှင့် မိမိ ကုန်ပစ္စည်းကို ရောင်းချနိုင်ခြင်းတို့အထိ ကုန်အမှတ်တံဆိပ်များသည် ကားအတွင်းပိုင်းရှိ အစိတ်အပိုင်း များကို မိမိတို့၏ ပိတ်ကားဖြူကဲ့သို့ သဘောထား၍ စိတ်ဝင်စားဖွယ်ကောင်းအောင် ပြင်ဆင်နိုင်မည် ဖြစ်ပါသည်။ မိမိတို့၏ ကြော်ငြာများကို Grab ကားအတွင်းရှိ တက်ဘလက်များတွင် ပြသထားနိုင်ပြီး ကားများကို ရွေ့လျားနိုင်သော စတိုးဆိုင်လေးတစ်ခုအဖြစ် ပြောင်းလဲကာ ခရီးသွားလာနေစဉ်အတွင်း သုံးစွဲသူများ လေ့လာစမ်းသပ်နိုင်ရန်နှင့် ထုတ်ကုန်သစ်များကို ဝယ်ယူနိုင်ရန် လုပ်ဆောင်ပေးနိုင်သည်။

Photo Source https://www.grab.com/mm/business/ads/

Grab အသုံးပြုသူခရီးသည်များသည် အဆိုပါ ဝန်ဆောင်မှုကတစ်ဆင့် အရည်အသွေးမြင့် ကုန်အမှတ်တံ ဆိပ်များ နှင့် ထုတ်ကုန်များ၏ အထူးပရိုမိုးရှင်းအစီအစဉ်များကို သိရှိလေ့လာနိုင်မည်ဖြစ်ပြီး စမ်းသပ်သုံးစွဲကြည့်နိုင်မည့် အခွင့်အလမ်းသစ် များ ရရှိနိုင်မည်ဖြစ်သည်။
Grab အနေနှင့် ၎င်းတို့၏ အချက်အလက် ရင်းမြစ်များ၊ ပြည်တွင်းဈေးကွက် အခြေအနေ လေ့လာချက်များနှင့် ခိုင်မာသော Online to Offline (O2O) ရပ်တည်မှုတို့ကို အသုံးချကာ ကုန်ပစ္စည်း အမှတ်တံဆိပ်များအတွက် သုံးစွဲသူနှင့် ထူးခြားဆန်းသစ်စွာ ချိတ်ဆက်ပေးနိုင် မည်ဖြစ်ပြီး အခက်အခဲ တစ်စုံတစ်ရာမရှိဘဲ မိမိ ကြော်ငြာလိုသည့် သုံးစွဲသူအုပ်စုကို အလွယ်တကူ ခွဲခြားနိုင်ပြီ ဖြစ်သည်။
“ဒီပရောဂျက်မှာ ကိုယ့်လုပ်ငန်းရဲ့ ရည်မှန်း Target တွေကို ပိုထိထိရောက်ရောက် လုပ်နိုင်သလို ကိုယ်ကိုယ်တိုင် အချိန်နဲ့တပြေးညီ စီမံခန့်ခွဲနိုင်တဲ့ Campaign Management Tools တွေလို အဆင့်မြင့်နည်းပညာသုံး ကြော်ငြာဝန်ဆောင်မှုတွေ ပါဝင်တာကြောင့် ကုန်အမှတ်တံဆိပ်တွေ အတွက် အထူး အကျိုးရှိစေမှာ ဖြစ်ပါတယ် ”ဟု MCI ရဲ့ Commercial Director ကိုကောင်းမြတ်လှိုင်က ပြောသည်။

Photo Source https://www.grab.com/mm/business/ads/

အဆိုပါကြော်ငြာနည်းစနစ်သည် GrabAds ပလက်ဖောင်းပေါ်ရှိ ကြော်ငြာနည်းစနစ်တစ်ခု ဖြစ်ပြီး GrabAds တွင် carwrap အသုံးပြု၍ ကြော်ငြာနိုင်ခြင်း၊ ကားအတွင်း ထုတ်ကုန်ပစ္စည်းများကို နမူနာ သုံးစွဲခွင့်များပေးအပ်ခြင်း၊ GrabFood အော်ဒါများနှင့်အတူ ကုန်ပစ္စည်းနမူနာများ ပေးအပ်ခြင်းများနှင့် အက်ပလီကေးရှင်းအတွင်း ကုန်ပစ္စည်အမှတ်တံဆိပ်များကို ကြော်ငြာခြင်း ပါဝင်ပြိး ကုန်အမှတ်တံဆိပ်များနှင့် မိတ်ဖက်လုပ်ငန်းများအတွက် Grab အသုံးပြုသူ ဦးရေ ပမာဏနှင့် offline ကြော်ငြာနေရာမျိုးစုံကို အသုံးချကာ အရှေ့တောင်အာရှတစ်လွှား ထိရောက်မှုရှိစွာ ဈေးကွက်ချဲ့ထွင်နိုင်ရန် လုပ်ဆောင်ပေး လျက်ရှိသည်။
ကားအတွင်း Digital display ကြော်ငြာဝန်ဆောင်မှုနနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက Grab Myanmar ၏ ကြော်ငြာဌာန corpsales.mm@grabtaxi.com ကတစ်ဆင့် စုံစမ်း မေးမြန်းနိုင်သည်။
GrabAds အကြောင်း အသေးစိတ် ထပ်မံသိရှိလိုပါက https://www.grab.com/mm/business/ads/ တွင် ဝင်ရောက်လေ့လာ ကြည့်ရှု့နိုင်ပါသည်။