စိတ်ချယုံကြည်စွာ Taxi ငှားရမ်းနိုင်သော LOYAR Taxi Application

တစ်နေရာကနေ တစ်နေရာသွားတဲ့အခါ တက္ကစီစီးချင်တယ်၊ စိတ်မချရမှာလဲစိုးတယ်ဆိုတဲ့သူတွေအတွက် LOYAR က အသုံးဝင်တဲ့ Application တစ်ခုဆိုရင် မမှားနိုင်ပါဘူး။ Grab Taxi လို ဝန်ဆောင်မှုမျိုးနဲ့ LOYAR ရဲ့ ကိုယ်စားလှယ် Taxi Agent တွေရဲ့ ကားကို ငှားရမ်းနိုင်မှာပဲ ဖြစ်ပါတယ်။ ခရီးသည်တွေနဲ့ ကားမောင်းတဲ့ သူတွေကြား ချိတ်ဆက်မှုပိုမိုကောင်းမွန်လာစေဖို့နဲ့ ပြီးပြည့်စုံတဲ့ ဝန်ဆောင်မှုတွေ ပေးစွမ်းနိုင်ဖို့ အတွက် ပြုလုပ်ထားတဲ့ Application တစ်ခု ဖြစ်ပါတယ်။

LOYAR App ကတစ်ဆင့် တက္ကစီကို အချိန်တိုအတွင်းငှားနိုင်တဲ့အပြင် Google Route ကိုအသုံးပြုထားတဲ့အတွက် မြန်ဆန်တဲ့ လမ်းကိုလည်း ရွေးချယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုသူရဲ့ ဖုန်းထဲမှာတော့ Google Service Application ကို Install ပြုလုပ်ထားဖို့တော့ လိုအပ်ပါတယ်။ လုံခြုံမှုပိုင်းဆိုင်ရာအတွက်လည်း ကားမောင်းတဲ့သူနဲ့ ခရီးသည်အတွက်ပါ Insurance ထောက်ပံ့ပေးထားတဲ့အတွက် စိတ်ချလက်ချ ငှားရမ်းနိုင်မှာပါ။

Photo Source: LOYAR Myanmar

LOYAR Application ဟာ အသုံးပြုရတာလွယ်ကူစေဖို့အတွက် ရှင်းရှင်းလင်းလင်းပြုလုပ်ထားပေးပါတယ်။ မြန်မာနဲ့ အင်္ဂလိပ် ဘာသာစကားနှစ်မျိုးကို ရွေးချယ်အသုံးမှာနိုင်ပါတယ်။ LOYAR မှာ အဓိကအနေနဲ့ LOYAR THWAR နဲ့ LOYAR POH ဆိုတဲ့ ဝန်ဆောင်မှုနှစ်မျိုးပါဝင်ပါတယ်။  LOYAR THWAR ကတော့ Taxi ဝန်ဆောင်မှုဖြစ်ပါတယ်။ ကိုယ့်ရဲ့ လက်ရှိတည်နေရာနဲ့ သွားလိုတဲ့နေရာကို ထည့်ပြီး တက္ကစီငှားရမ်းနိုင်မှာ ဖြစ်ပါတယ်။ တည်နေရာထည့်ပြီး ငှားရမ်းနိုင်တဲ့ဝန်ဆောင်မှုအပြင် လက်တား ဝန်ဆောင်မှုလည်း ပါဝင်ပါတယ်။ LOYAR စတစ်ကာကပ်ထားတဲ့ တက္ကစီကို လက်တားပြီး ကားပေါ်ရောက်မှ LOYAR App ကတစ်ဆင့် Latt Tar ဆိုတာကိုနှိပ်ပြီး QR Code ကိုဖတ်လိုက်တာနဲ့ ကိုယ်လိုရာကို သွားနိုင်မှာ ဖြစ်ပါတယ်။ ကျသင့်ငွေအတွက် ခရီးအကွာအဈေး ကီလိုမီတာပေါ်မူတည်ပြီး ဈေးသတ်မှတ်ပေးမှဦ ဖြစ်ပါတယ်။

LOYAR POH ဆိုတဲ့ ဝန်ဆောင်မှုကတော့ ကိုယ်ပေးပို့ချင်တဲ့ ပစ္စည်းကို ပေးပို့လိုတဲ့နေရာဆီ ပေးပို့ပေးနိုင်တာဖြစ်ပါတယ်။ ကိုယ်ပို့လိုက်တဲ့ ပစ္စည်းကိုလည်း အချိန်နဲ့တပြေးညီ တည်နေရာကို ကြည့်လို့ရတဲ့အတွက် စိတ်ချရမှုလည်း ရှိပါတယ်။ ဝန်ဆောင်မှုနှစ်ခုလုံးကိုလည်း LOYAR Application တစ်ခုတည်းကနေပဲ အသုံးပြုနိုင်မှာပါ။

Photo Source LOYAR Myanmar

LOYAR THWAR နဲ့ LOYAR POH ဝန်ဆောင်မှုတွေအပြင် ကိုယ်အသုံးပြုခဲ့တဲ့ ခရီးစဉ်မှတ်တမ်းတွေ၊ ငွေပေးချေမှုမှတ်တမ်းတွေနဲ့၊ ကိုယ်သွားလာနေကျနေရာတွေကိုလည်း သိမ်းဆည်းထားနိုင်မှာ ဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ ကိုယ့်ပစ္စည်းပျောက်ဆုံးသွားခဲ့ရင်လည်း ပျောက်ဆုံးမှုကို Report လုပ်နိုင်သလို ကားမောင်းသူဘက်ကလည်း တွေ့ရှိမှုကို Report ပြုလုပ်ပေးနိုင်တဲ့ Function တစ်ခု ထည့်သွင်းပေးထားပါတယ်။

LOYAR App မှာ အသုံးပြဖို့လိုအပ်တဲ့ Credit Point တွေကို CB Pay, AYA Pay တို့နဲ့ပေးချေဝယ်ယူနိုင်သလို အကောင့်မရှိသူတွေအနေနဲ့ကလည်း LOYAR Myanmar Office မှာ လာရောက်ဖြည့်သွင်းနိုင်ပါတယ်။ LOYAR Application ရဲ့ အသုံးပြုသူနဲ့ Driver App နှစ်မျိုးလုံးကို Google Play Store နဲ့ App Store တို့မှာ Download ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်တွေအတွက် LOYAR Myanmar ရဲ့ Facebook Page https://www.facebook.com/LoyarMM, Website https://www.loyarmyanmar.com/ နဲ့ YouTube Channel https://www.youtube.com/c/LOYARMYANMAR/ တို့မှာလည်း ဝင်ရောက်ကြည့်ရှု ဆက်သွယ်နိုင်ပါတယ်။

Driver များအတွက်

Android: https://play.google.com/store/apps/details…

IOS: https://apps.apple.com/us/app/loyar/id1528927572

ခရီးသည်များအတွက်

Android: https://play.google.com/store/apps/details…

IOS: https://apps.apple.com/us/app/loyar/id1528927572