အိမ်နှင့်အဆောက်အအုံကြီးများအတွက် မည်သည့်သန့်ရှင်းရေးကိုမဆိုရနိုင်တဲ့ Clean Pro Service

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့ကြီးတွေမှာနေထိုင်တဲ့သူတွေအတွက်တော့ နေအိမ်၊ တိုက်ခန်းနဲ့အဆောက်အအုံအကြီး စားများအတွက် သန့်ရှင်းရေးပိုင်းဆိုင်ရာကိစ္စတွေအတွက် တခါတရံအခက်အခဲတွေကြုံရတတ်ပါတယ်။ အဆောက်အအုံမြင့် မားလွန်းတာတွေ၊ သန့်ရှင်းရေးလုပ်တဲ့အခါခက်ခဲလွန်းတဲ့နေရာတွေကို သန့်ရှင်းရေးလုပ်တဲ့အခါ မမြင်နိုင်တဲ့အန္တရာယ်တွေ ကလည်းကျရောက်တတ်ပါတယ်။ အဲ့ဒီအခက်အခဲတွေကို လွယ်ကူစွာဖြေရှင်းဖို့ Clean Pro ကများစွာအထောက်အကူဖြစ်စေ မှာလည်းဖြစ်ပါတယ်။
စီးပွားရေးဆိုင်ရာ Commercial အဆောက်အဦးများ ၊ အလုပ်ရုံကြီးများ ၊ စက်ရုံကြီးများ ၊ Warehouse ကြီးများကို တစ်နှစ်မှာတစ်ခါလောက်တော့ အနည်းဆုံး သန့်ရှင်းရေးကို အထူးဂရုပြုလုပ်ဆောင်သင့်ပါတယ်။ အဲ့ဒီအတွက်ကြောင့်လည်း ဝန်ဆောင်မှုပိုင်းဆိုင်ရာအကောင်းမွန်ဆုံးနဲ့ ဈေးနှုန်းသင့်တင့်တဲ့ Service Group အဖွဲ့တစ်ခုခုနဲ့ချိတ်ဆက်ဆောင်ရွက်ထား တာကလည်း ပိုအဆင်ပြေစေပါတယ်။

Photo Source – https://www.facebook.com/cleanpromyanmar/

Clean Pro ရဲ့အဓိကလုပ်ဆောင်ချက်တွေကတော့ အိမ်သာရေချိုးခန်းများကို အထူးကြေးချွတ်သန့်စင်ပေးခြင်း၊ နံရံများ မျက်နှာကျက်များရှိ အစွန်းအထင်းများကို ဖယ်ရှားပေးခြင်း၊ အခန်းထောင့်များ ၊ ချောင်ကြိုချောင်ကြားနေရာများကို ရှင်းလင်း ပေးခြင်း၊ မှန်ပြတင်ပေါက်များ ၊ တံခါးဘောင်များကို သေချာစနစ်တကျရှင်းလင်းပေးခြင်း၊ ကြမ်းပြင်ရှိ အညစ်အကြေးအစွန်း အထင်းများကို Floor Machines များအသုံးပြုပြီး ကြေးချွတ်သန့်စင်ပေးခြင်း၊ အိမ်ထောင်ပရိဘောဂများကို ဖုန်စုပ်စက်များ ဖြင့်ဖုန်စုပ်သန့်စင်ပေးခြင်း၊ အညစ်အကြေးနဲ့ ဆီများပေကျံနေသော Kitchen Counter များ Kitchen Accessories များကို သေချာစနစ်တကျဆေးကြောသန့်စင်ပေးခြင်း၊ Electrical Installation များဖြစ်တဲ့ မီးခလုတ်ခုံများ၊ ပန်ကာများ၊ မီးသီး မီးချောင်းများမှာပေကျံနေတဲ့ အညစ်အကြေးတွေကို အထူးသန့်စင်ရှင်းလင်းပေးခြင်း စတဲ့ Deep Cleaning ဝန်ဆောင်မှု တွေကို အကောင်းဆုံးတာဝန်ယူဆောင်ရွက်ပေးနေခြင်းလည်းဖြစ်ပါတယ်။
အလုပ်ရုံ ၊ စက်ရုံကြီးများမှ ညစ်ပေနေသောအမိုးများ ၊ ကြပ်ခိုးများ ပြည့်နှက်နေတဲ့မျက်နှာကျက်များ ၊ မဲညစ်နေတဲ့ ချောင်ကြို ချောင်ကြားနေရာများ ၊ အညစ်အကြေးများ ပေကျန်ပြီး အရောင်မှိန်လာသောကြွေပြားများ၊ ကျောက်ပြားများ ၊ ဆီဂျိုး အထပ် ထပ်ရှိနေသော Operation Areas များ ၊ သန့်ရှင်းမှုမရှိသော ပတ်ဝန်းကျင်နေရာများ စတာတွေဟာ စက်ရုံ အလုပ်ရုံပတ်ဝန်း ကျင်များနဲ့ အလုပ်ရဲ့Processing Areas များကိုပါ ထိခိုက်စေတဲ့အပြင် အလုပ်ရုံရဲ့ဝန်ထမ်းတွေရဲ့ ကျန်းမာရေးကိုလည်း များ စွာထိခိုက်နိုင်စေပါတယ်။ အဲ့ဒီလို Commercial & Industrial Cleaning Services ပိုင်းနဲ့ပတ်သက်ပြီး Clean Pro ကတာဝန် ယူဖြေရှင်းပေးနေတာလည်းဖြစ်ပါတယ်။

Photo Source – https://www.facebook.com/cleanpromyanmar/

Clean Pro ကတော့ စီးပွားရေးဆိုင်ရာ Commercial အဆောက်အဦးများ၊ စက်ရုံများ၊ Warehouse များ ၊ စက်မှုလက်မှု လုပ်ငန်းကြီးများနဲ့ အခြားစက်မှုဆိုင်ရာ အဆောက်အဦးများ အတွက်လည်း Commercial & Industrial Cleaning Service ကို အထူးဝန်ဆောင်မှုပေးလျက်ရှိတဲ့အပြင် စားသောက်ဆိုင်ကြီးများ ၊ ကဖေးဆိုင်ကြီးများ Fine Dining Restaurants များ အစရှိတဲ့ ဆိုင်ကြီးများအတွက်လည်း လစဉ် Deep Cleaning ဝန်ဆောင်မှုများကို Clean Pro မှ အထူးဝန်ဆောင်မှုပေးနိုင်တဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ ဒါ့အပြင် ဂိုဒေါင်ကြီးများနဲ့ ရုပ်ရှင်ရုံများ၊ Shopping Mall များနဲ့ အခြားစီးပွားရေးဆိုင်ရာ အဆောက်အဦးတွေသန့်ရှင်းရေးအတွက်လည်း Clean Pro ကတာဝန်ယူဆောင်ရွက်ပေးပါတယ်။
အိမ်သန့်ရှင်းရေးနဲ့ ပက်သက်တာတွေအားလုံးကိုလည်းဝန်ဆောင်မှု ပေးနေတာဖြစ်ပါတယ်။ အသေးစိတ်သန့်ရှင်းတာဖြစ်ပြီး အိမ်မပြောင်းခင် လူနေလို့ရသည်အထိ အသေးစိတ်သန့်ရှင်းခြင်း၊ ဆောက်လုပ်ရေးဆိုဒ်များ ဆောက်လုပ်ပြီးတာနဲ့ အသေး စိတ်သန့်ရှင်းခြင်း၊ ကော်ဇောများ လျှော်ဖွပ်ခြင်း၊ မွေ့ယာဆိုဖာများလျှော်ဖွပ်ခြင်းတွေအပြင် ဖယောင်းတင်ခြင်း၊ မှန်သန့် ရှင်းခြင်း၊ Contract ဝန်ထမ်းများ ခန့်အပ်ခြင်းစတာတွေကိုပါ ဝန်ဆောင်မှုပေးနေခြင်းလည်းဖြစ်ပါတယ်။
ဝန်ဆောင်စရိတ်ကတော့ One Time Deep Cleaning အတွက်ကသန့်ရှင်းရေး လုပ်မယ့်နေရာကို အရင်လာကြည့်မှာ လည်းဖြစ်ပါတယ်။ လာကြည့်ပြီးမှ ကြာနိုင်တဲ့အချိန်၊ သုံးရမယ့် စက်ပစ္စည်း စတာတွေကို အသေးစိတ်တွက်ချက်ပြီးမှရယူ တာမျိုးလည်းဖြစ်ပါတယ်။ သန့်ရှင်းရေးလာလုပ်တဲ့အချိန်မှာလည်း ဝန်ဆောင်မှုရယူသူဘက်မှ ရေနဲ့မီးကိုသာရရှိအောင် ဆောင်ရွက်ထားရမှာဖြစ်ပြီး သန့်ရှင်းရေးအတွက် စက်ပစ္စည်းဆိုင်ရာအားလုံးကို Clean Pro တာဝန်ယူပေးမှာလည်းဖြစ်ပါ တယ်။
Clean Pro ဝန်ဆောင်မှုတွေကိုတော့ လတ်တလေကာလမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စတဲ့မြို့ကြီးတွေမှာရရှိနိုင်မှာ ဖြစ်သလို ဝန်ဆောင်မှုစတင်အသုံးပြုချင်တဲ့သူတွေအနေနဲ့ ဖုန်းနံပါတ် ၀၁ ၅၂၅၀၁၁ ၊ ၀၉ ၂၅၆၆၃၇၉၃၂ စတဲ့ နံပါတ်တွေကိုူ ဆက်သွယ်ပြီး သန့်ရှင်းရေး လုပ်လိုလိပ်စာကိုပြောပြပြီးအခမဲ့ Survey လာကြည့်ဖို့အတွက် Booking စတင်ယူရပါမယ်။ Survey Team မှ လာရောက်ပြီးမှကျသင့်သော ဝန်ဆောင်ခကို၂၄ နာရီအတွင်းပြန်လည်ပေးပို့အကြောင်းကြားပေးမှာပဲဖြစ်ပါ တယ်။ ဈေးနှုန်းကိုသဘောတူလက်ခံပြီးပြီဆိုရင်တော့ သန့်ရှင်းလိုတဲ့ရက်ကို Booking ယူပြီး သန့်ရှင်းရေးဝန်ဆောင်မှုကို စတင်ရယူနိုင်မှာလည်းဖြစ်ပါတယ်။

Photo Source – https://www.facebook.com/cleanpromyanmar/

Clean pro က အထပ်မြင့်အဆောက်အဦးတွေကို သန့်ရှင်းရေးပြုလုပ်တဲ့အခါ အန္တရာယ်ကင်းစွာစနစ်တကျ ပြုလုပ်နိုင်တဲ့ သီးသန့် Safety Consulting Team ထားရှိပြီး ပုံမှန်အသုံးပြုလျက်ရှိသော ကြိုးများ ၊ Carabina များ ၊ Harness များ ၊ Helmets များအစရှိသည် တို့ကိုစစ်ဆေးပြီးခိုင်မာသော Statistic Record များဖြင့် စနစ်တကျစီမံခန့်ခွဲလုပ်ဆောင်သွားမှာ လည်းဖြစ်ပါတယ်။ ဒါ့အပြင် High Technicians များအား လိုအပ်သော Safety Training များ Emergency Rescue Plants များအား ပုံမှန်လေ့ကျင့် သင်ကြားပေးပြီး လုပ်ငန်းခွင်လုပ်ကိုင်စဉ်အတွင်း ဘေးအန္တရာယ်ကင်းရှင်းစေရန်ဆောင်ရွက်လျက်ရှိ တဲ့အဖွဲ့ အစည်းတစ်ခုလည်းဖြစ်ပါတယ်။
သန့်ရှင်းရေးလုပ်ဆောင်တဲ့နေရာမှာလည်း အသုံးပြုရမည့် Cleaning Chemicals များကို Material Safety Data Sheet ( MSDS ) ရရှိထားသော Chemicals များကိုသာ အသုံးပြုပြီး လွယ်လင့်တကူချွတ် မရသော ရေဂျိုးများနဲ့ရေညှိဂျိုးများ ကို ၁၀၀ ရာခိုင်နှုန်း သန့်ရှင်းသည်အထိ ဝန်ဆောင်မှုပေးသွားမှာလည်းဖြစ်ပါတယ်။ ဒါ့အပြင် Clean Pro မှ အထပ်မြင့်အဆောက်အဦးများ အပြင်ဘက်ဆေးသုတ်ခြင်း ၊ ကွန်ပို့စစ်ဆေးခြင်း ၊ မီးဆင်ခြင်း ၊ ဆီလီကွန်ထိုးခြင်း စတဲ့ ဝန်ဆောင်မှုများအတွက်လည်း နိုင်ငံတကာအတွေ့အကြုံရှိ ကျွမ်းကျင် Rope Access Technicians များနဲ့ အကောင်းဆုံး တာဝန်ယူဆောင်ရွက်ပေးနေတာလည်းဖြစ်ပါတယ်။
Clean Pro အကြောင်းပိုမိုသိရှိလိုပါက အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/cleanpromyanmar/