ဆေးဆိုင်၊ကုန်စုံဆိုင်၊စားသောက်ဆိုင်များအတွက် ဆိုင်စီမံခန့်ခွဲရေးစနစ် Retail Master POS

ဝင်ငွေထွက်ငွေနဲ့အရောင်းပိုင်းဆိုင်ရာပစ္စည်းစီမံခန့်ခွဲမှုဟာလည်း အရောင်းဆိုင်တစ်ဆိုင်ရဲ့ အဓိကအသက်ပဲဖြစ်ပါတယ်။ ဒါ့ အပြင် ပစ္စည်းအဝင်အထွက်နဲ့ ဝန်ထမ်းပိုင်းရေးရာစီမံခန့်ခွဲမှုတွေဟာလည်း အရေးကြီးလှပါတယ်။ အဲ့ဒီအတွက်ကြောင့်လည်း ဆိုင်တစ်ဆိုင်ရဲ့ အရောင်းပိုင်းဆိုင်ရာစီမံခန့်ခွဲမှုတွေကို စနစ်တကျကိုင်တွယ်ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းတစ်ခုလည်း မဖြစ်မနေလိုအပ်ပါတယ်။
ဒီနေ့ခေတ်မှာတော့ နည်းပညာပိုင်းဆိုင်ရာတွေတိုးတက်လာတာနဲ့အမျှ ဆေးဆိုင်၊ ကုန်စုံဆိုင်၊ စားသောက်ဆိုင်တော်တော် များများမှာတော့ စီမံခန့်ခွဲရောင်းချနိုငတဲ့ Software တွေအသုံးပြုပြီး လွယ်ကူစွာဖြေရှင်းလာကြပါပြီ။ ဆိုင်တစ်ဆိုင်ရဲ့ အရောင်းပိုင်းဆိုင်ရာစနစ်နဲ့ ပစ္စည်းစီမံခန့်ခွဲမှုတွေကို Software အသုံးပြုပြီး ရောင်းချခြင်းကို ထိရောက်တဲ့နည်းစနစ်တစ်ခုဖြစ် တယ်ဆိုတာကိုလည်း နားလည်သဘောပေါက်လာကြလို့ပဲဖြစ်ပါတယ်။ Retail Master POS က အရောင်းဆိုင်တွေရဲ့ အရောင်းပိုင်းဆိုင်ရာစီမံခန့်ခွဲမှုတွေ ငွေကြေးအဝင်အထွက်တွေကို စနစ်တကျတွက်ချက်လုပ်ဆောင်ပေးတဲ့ Software တစ် ခုလည်းဖြစ်ပါတယ်။

Photo Source – https://www.facebook.com/retailmasterpos/

Retail Master POS ကိုတည်ထောင်တဲ့ အဓိကရည်ရွယ်ချက်ကလည်း မြန်မာပြည်အနှံ့မှာရှိတဲ့ အသေးစားလုပ်ငန်း များဖြစ်သောလက်လီလက်ကားဆိုင်များကိုစီမံခန့်ခွဲရေးစနစ်၊ နည်းပညာအသစ်များဖြင့်ကူညီရန်အတွက်တည်ထောင်ထား ခြင်းလည်းဖြစ်ပါတယ်။
စားသောက်ဆိုင်၊စတိုးဆိုင်များကိုခေတ်မှီတိုးတက်အောင်လုပ်ဖို့နဲ့စနစ်တကျစီမံခန့်ခွဲဖို့ဆိုရင် Retail Master POS ကိုအကျိုး ရှိစွာအသုံးချနိုင်မှာလည်းဖြစ်ပါတယ်။ စားသောက်ဆိုင်ပိုင်ရှင်တစ်ယောက်ရဲ့ အဓိကစိန်ခေါ်မှုတွေကလည်း အရောင်းစာရင်း တွေကို သေချာစိစစ်ရခြင်း၊ ငွေအတွက်အချက်မမှားရလေအောင် စီမံခန့်ခွဲနိုင်ရခြင်း၊ ပစ္စည်းအဝင်အထွက်တွေကို သေချာ စစ်ဆေးပြီး Cost တွေကိုတတ်နိုင်သလောက်လျော့ချခြင်း၊ ရောင်းထွက်သွားတဲ့ပစ္စည်းကိုသေချာစစ်ဆေးပြီး အရောင်း ကောင်းဆုံးနဲ့ အရောင်းမထွက်တဲ့ပစ္စည်းတွေကို ပြောင်းရခြင်း၊ လကုန်တိုင်းအရင်းနဲ့အမြတ်ကိုတွက်ချက်ပြီးစီးပွားရေးအခြေ အနေကိုသုံးသပ်ခြင်း စတဲ့စိန်ခေါ်မှုတွေပဲဖြစ်ပါတယ်။

Photo Source – https://www.facebook.com/retailmasterpos/

အဲ့လိုအကြောင်းအရာပေါင်းများစွာကိုကိုယ်တိုင်လုပ်နေရမယ်ဆိုရင်လည်းအချိန်များစွာကုန်ကျခြင်းအပြင် အခြားကဏ္ဍများ စွာကို တိုးတက်ကောင်းမွန်အောင်လုပ်ဆောင်ဖို့ အချိန်ကြန့်ကြာနေတတ်ကြပါတယ်။ အဲ့ဒီပြဿနာတွေကိုလည်း Retail Master POS နဲ့အလွယ်တကူဖြေရှင်းနိုင်ဖို့ များစွာအထောက်အကူဖြစ်စေမှာလည်းဖြစ်ပါတယ်။ RM Owner App နဲ့ဆိုရင်လည်း ဆိုင်ပိုင်ရှင်တစ်ယောက်အနေနဲ့ ဆိုင်မှာအမြဲတမ်းရှိနေစရာမလိုအပ်သလို အရောင်းစာရင်းနဲ့အခြားအချက် အလက်တွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလို့ရတဲ့အတွက် ကောင်းမွန်တဲ့နည်စနစ်တစ်ခုလည်းဖြစ်ပါတယ်။

Photo Source – https://www.facebook.com/retailmasterpos/

Retail Master POS အနေနဲ့ ယခုစက်တင်ဘာလအတွက်အထူးပရိုမိုးရှင်းအနေနဲ့ ဆောဖ့်ဝဲလိုင်စင်ကြေး အထူးဈေးနှုန်းဖြင့် လျှော့ချပြီးရောင်းချပေးနေခြင်းလည်းဖြစ်ပါတယ်။ Retail Master POS ဆော့ဖ်ဝဲရဲ့အဓိကလုပ်ဆောင်ချက်များမှာ စားပွဲစီမံခန့်ခွဲစနစ်၊ Menu စီမံခန့်ခွဲမှုစနစ်၊ ဘီလ်စီမံခန့်ခွဲစနစ်၊ ဝန်ထမ်းစီမံခန့်ခွဲစနစ်၊ အရောင်းစာရင်းနဲ့ပစ္စည်းစီမံခန့်ခွဲမှု များကို အနစ်တကျပြင်ဆင်နိုင်တဲ့အချက်များပါရှိမှာလည်းဖြစ်ပါတယ်။ ဆိုင်ပိုင်ရှင်များအတွက်တော့မိုဘိုင်းအပလီကေးရှင်း ကနေရောင်းဈေး၊အမြတ်ငွေ၊ဘီလ်အချက်အလက်များနှင့်ရောင်းထွက်သွားသည့်ပစ္စည်းစာရင်းများကိုအချိန်နဲ့အမျှ (Real-time) ကြည့်ရှုနိုင်မှာဖြစ်သလို ပိုင်ရှင် App ကလည်းအခမဲ့ဖြစ်ပါတယ်။
Retail Master POS ကိုတပ်ဆင်ချင်တဲ့ဆိုင်များအနေနဲ့ ဖုန်းနံပါတ် 09699598991 ဆက်သွယ်စုံစမ်းနိုင်ပြီး ဈေးနှုန်းများမှာ လည်းအောက်ပါအတိုင်းဖြစ်ပါတယ်။

Photo Source – https://www.facebook.com/retailmasterpos/

စားသောက်ဆိုင်ကိုစနစ်တကျစီမံခန့်ခွဲချင်ပြီး ငွေများများမသုံးချင်ဘူးဆိုတဲ့သူတွေအတွက်လည်းအဆင်ပြေစေသလို Retail Master POS ကငွေကျပ် ၃ သိန်း ၃ သောင်းရင်းနှီးရုံနဲ့ စားသောက်ဆိုင်ကိုစနစ်တကျစီမံခန့်ခွဲနိုင်ပြီလည်းဖြစ်ပါတယ်။ စား သောက်ဆိုင်စီမံခန့်ခွဲရတဲ့အလုပ်ဆိုတာကလည်း အင်မတန်မှခက်ခဲပြီးရှုပ်ထွေးတဲ့အတွက်ကြောင့် အချိန်ကုန်လူပင်ပန်းမှု တွေကိုသက်သာစေဖို့ Retail Master POS ကများစွာကူညီပေးနိုင်မှာလည်းဖြစ်ပါတယ်။
Retail Master POS ကိုအသုံးပြုခြင်းဖြင့် အဓိကရရှိနိုင်တဲ့ အကျိုးကျေးဇူးများကတော့ အော်ဒါမှာယူတဲ့အချိန်ကိုလျှော့ချ ပေးနိုင်ခြင်း၊ အော်ဒါမှာယူမှုလျင်မြန်တဲ့အတွက်ဝန်ထမ်းအရေအတွက်လျှော့ချနိုင်ခြင်း၊ ငွေတွက်ချက်တဲ့အခါမှာလည်းမှား ယွင်းမှုမရှိခြင်း၊ ပစ္စည်းစီမံခန့်ခွဲမှုစနစ်ကြောင့်အမြဲတမ်းပစ္စည်းရေတွက်စရာမလိုတဲ့အတွက်အချိန်ကုန်သက်သာခြင်း၊ ဆိုင်ပိုင် ရှင်များအနေနဲ့ဆိုင်တွင်ရှိနေစရာမလိုပဲရောင်းငွေ၊မြတ်ငွေများကိုအချိန်မရွေးကြည့်ရှုနိုင်ခြင်းတို့ကို ဆောင်ရွက်နိုင်မှာလည်း ဖြစ်ပါတယ်။
အသေးစိတ်ထပ်မံသိလိုပါက အောက်ပါ Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/retailmasterpos/