ကားအမျိုးအစားအစုံအလင်ကို ကိုယ်တိုင်ငှားရမ်းမောင်းနှင်ခရီးထွက်လို့အဆင်ပြေစေတဲ့ Yomacarshare

အခုလို မိုးလေကင်းလွတ်တဲ့ ပွင့်လင်းရာသီဟာ သာယာလှပတဲ့ရှုခင်းများကို ကြည့်ရှုခံစားရင်း ခရီးထွက်ဖို့အကောင်းဆုံး အချိန်ဖြစ်သလို ရုံးပိတ်ရက်ရှည်တွေကလည်းများတာကြောင့် အားလုံးရဲ့စိတ်ထဲမှာ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေ၊ ချစ်ခင်ရသူတွေနဲ့အတူ ခရီးရက်ရှည်ထွက်ဖို့ ပြင်ဆင်နေကြပါပြီ။ အထူးသဖြင့် မြန်မာပြည်တွင်းမှာလည်း ကိုယ်တိုင်ကား မောင်းပြီး သွားရောက်နိုင်တဲ့ ရင်သပ်ရှုမောဖွယ်ရာ ရေမြေတောတောင်သဘာဝပတ်ဝန်းကျင်များနဲ့ သမိုင်းဝင်အနှစ် သာရများနဲ့ ပြည့်နှက်နေတဲ့ ဒေသများစွာရှိနေပါတယ်။
ခုရာသီရုံးပိရက်ရှည်တွေမှာ ကားစင်းလုံးငှားပြီး ခရီးတစ်ခုလောက်သွားချင်တဲ့သူတွေအတွက်တော့ ကားရှာဖွေငှားရမ်းရ တာ အဆင်မပြေမှုလေးတွေ ကြုံတတ်ကြရမှာပါ။ တချို့ကလည်း အမျိုးအစားကောင်းမွန်တဲ့ကားကောင်းကားသန့်လေးတွေစုံ လင်စွာငှားရမ်းနိုင်မယ့်နေရာတွေကို မသိတဲ့သူသေးတဲ့သူတွေလည်းရှိကြပြန်ပါတယ်။ အဲ့ဒါကြောင့် ကိုယ်တိုင်ကားမောင်းပြီး ခရီးထွက်ချင်တဲ့သူတွေအတွက် ဝန်ဆောင်မှုကောင်းမွန်တဲ့ ကားမျိုးစုံငှားရမ်းနိုင်တဲ့နေရာတစ်ခုကို သိထားရင်ပိုအဆင်ပြေ မှာလည်းဖြစ်ပါတယ်။

Photo Source – https://www.facebook.com/yomacarshare/

နိုင်ငံတကာမှာ လေယာဉ်တွေ၊ ရထားတွေ၊ ဘတ်စ်ကားတွေ အသုံပြုစီးနင်းမယ့်အစား ကိုယ်တိုင်ကားမောင်းပြီး ခရီးရက်ရှည် Road Trip ထွက်ကြသလို ပြည်တွင်းမှာလည်း ရုံးပိတ်ရက်ရှည်များမှာ ကိုယ်တိုင်ကားမောင်းပြီး ကိုယ်သွားချင်တဲ့ဒေသကို အပူအပင်ကင်းစွာနဲ့ Road Trip ထွက်တဲ့ အလေ့အထဟာ အထူးကျယ်ပြန့်လာနေပြီ ဖြစ်ပါတယ်။
ကိုယ်တိုင်ကားမောင်းပြီး အေးအေးဆေးဆေး Road Trip ခရီးရက်ရှည် သွားချင်သူများအတွက် ပထမဆုံးနဲ့ အရေးကြီးဆုံး လုပ်ရမယ့် အရာကတော့ မိမိသွားမယ့် ခရီးစဉ် Plan ကို ရွေးချယ်ဆုံးဖြတ်ဖို့ပဲ ဖြစ်ပါတယ်။ မိမိသွားရောက်မယ့် Road Trip ရဲ့ ခရီးစဉ် Plan မရှိထားဘူးဆိုရင် အချိန်ကုန် လူပင်ပန်းပြီး လိုသလိုခရီးမရောက်နိုင်ပါဘူး။ ခရီးစဉ်ရဲ့ လမ်းအနေအထား၊ သွားရောက်လည်ပတ်ရမယ့် အထင်ကရ နေရာဒေသများ၊ တည်းခိုနေထိုင်စရာ ဟိုတယ်၊ စားသောက်ဆိုင် နေရာ စတာတွေကို ကြိုတင်သိရှိထားမယ်ဆိုရင် သွားရောက်မယ့် ခရီးစဉ်ဟာ ပိုမို အဆင်ပြေလွယ်ကူပြီး Road Trip ခရီး သွားရောက်ခြင်းရဲ့ အနှစ်သာရ၊ သဘာဝ ပတ်ဝန်းကျင်ရဲ့ ရှုမငြီးဖွယ် မြင်ကွင်းများနဲ့ ဒေသန္တရဗဟုသုတများကို အပြည့်အဝ ခံစားနိုင်မှာ ဖြစ်ပါတယ်။

Photo Source – https://www.facebook.com/yomacarshare/

ဒါပေမယ့် ကိုယ်တိုင်ကားမောင်းပြီး Road Trip ခရီးရက်ရှည် သွားချင်သူတွေ အတွက် သက်တောင့်သက်သာ ရှိသလို ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချစွာ မောင်းနှင်နိုင်မယ့် မော်တော်ယာဉ် တစ်စီးရှိဖို့လည်း အရေးကြီးပါတယ်။ Yoma Car Share ဆိုတာကတော့ ကိုယ်တိုင်ကားမောင်းပြီး Road Trip ခရီး သွားချင်သူတွေအတွက် မြန်မာနိုင်ငံတစ်ဝန်းမှာ Online က တဆင့် ဘယ်မောင်းကားမျိုးစုံကို စိတ်တိုင်းကျ ရွေးချယ်ပြီး မိမိလိုအပ်တဲ့ အချိန်အပိုင်းအခြားအတိုင်း ငှားရမ်း နိုင်တဲ့ ဝန်ဆောင်မှုပဲ ဖြစ်ပါတယ်။
ဒါ့အပြင် Road Trip ခရီးထွက်မယ့်သူများ ခရီးစဉ် Plan ရေးဆွဲရာမှာ အထောက်အကူ ဖြစ်စေဖို့ Yoma Car Share မှ Upper Myanmar (အထက်မြန်မာပြည်) နဲ့ Lower Myanmar (အောက်မြန်မာပြည်) တို့မှ စိတ်ဝင်းစားဖွယ်ရာ ခရီးစဉ် (၆) ခု ပါဝင်တဲ့ World Class Drives in Myanmar ဆိုတဲ့ အစီအစဉ်ကို စီစဉ်ရေးဆွဲ ပေးထားပါတယ်။

Photo Source – https://www.facebook.com/yomacarshare/

ဒီ World Class Drives မှာ ပါဝင်တဲ့ ခရီးစဉ်တွေကို www.yomacarshare.com မှာ မည်သူမဆို အခမဲ့ download ရယူပြီး ချစ်ခင်ရတဲ့ မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေများနဲ့ ပျော်ရွှင်စရာ အမှတ်တရများနဲ့ ပြည့်စုံနေတဲ့ Road Trip ခရီးစဉ်တွေကို ဖန်တီးနိုင်ပါတယ်။ ခရီးစဉ် တစ်ခုချင်းစီမှာ နေရာဒေသအလိုက် တိကျတဲ့ မြေပုံအညွှန်း၊ နေရာ တစ်ခုမှ တစ်ခုသို့ သွားရမယ့် ခရီးအကွာအဝေးနဲ့ ကြာမြင့်ချိန်၊ သွားရောက်လည်ပတ်သင့်တဲ့ အထင်ကရနေရာများ၊ လမ်းအသုံးပြုခနဲ့ မြို့ဝင်ကြေးနဲ့ ဟိုတယ်လမ်းညွှန် စတာတွေကို ပြည့်စုံစွာ ထည့်သွင်းဖော်ပြ ပေးထားပါတယ်။

Photo Source – https://www.facebook.com/yomacarshare/

ဒါဆိုရင် အခုပွင့်လင်းရာသီမှာ မြန်မာနိုင်ငံတစ်ဝန်းက သာယာလှပပြီး စိတ်ဝင်စားဖွယ်ရာ နေရာများနဲ့ သမိုင်းဝင်ထင်ရှားတဲ့ ဒေသများကို Yoma Car Share နဲ့အတူ စိတ်တိုင်းကျ ကိုယ်တိုင်မောင်းနှင်ပြီး Road Trip ခရီးများထွက်နိုင်တော့မှာ ဖြစ်ပါ တယ်။ Yoma Car Share အနေနဲ့ လက်ရှိအချိန်မှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့များ အပါအဝင် မြန်မာနိုင်ငံ တစ်ဝန်းရှိ မြို့ကြီးများနှင့် လေဆိပ်များ၌ Rental Hub ပေါင်း (၂၀) ခုအထိ ဖွင့်လှစ်ထားရှိပြီး Customer များ အတွက် (၂၄) နာရီ (၇) ရက်ပတ်လုံး ပိတ်ရက်မရှိ အကောင်းဆုံးဝန်ဆောင်မှုများ ပေးအပ်လျက် ရှိပါသည်။
Yoma Car Share ကို အသုံးပြုလိုပါက Mobile Application (သို့) www.yomacarshare.com တို့မှတဆင့် ရိုးရှင်းလွယ်ကူစွာ မှတ်ပုံတင်ပြီးအကောင့်ဖွင့်ကာ မိမိအလိုရှိတဲ့ မော်တော်ယာဉ်များကို စိတ်တိုင်းကျရွေးချယ်ပြီး မိမိအလိုရှိ တဲ့အချိန်အပိုင်းအခြားအတိုင်း ငှားရမ်းကာ ကိုယ်တိုင်မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။
အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.yomacarshare.com
https://play.google.com/store/apps/details?id=com.yomagroup.yomacarshare