အကောင်းဆုံးနေ့လည်စာကိုဖန်တီးယူဆောင်လာပေးနိုင်တဲ့ Me Food

နည်းပညာပိုင်ဆိုင်ရာတွေတိုးတက်လာတာနဲ့အမျှ လူအသုံးအဆောင်ပစ္စည်းတွေကို အွန်လိုင်းကနေအလွယ်တကူမြန်ဆန်စွာ ဝယ်ယူနိုင်တာတင်မကပါဘူး။ အစားအသောက်ပိုင်းဆိုင်ရာမှာလည်း စားချင်တဲ့အစားအစာကို အွန်လိုင်းပေါ်ကနေအလွယ် တကူမှာယူစားသောက်နိုင်တာကလည်း အားသာချက်တစ်ခုပါပဲ။ လူပင်ပန်းမှုမရှိစေသလို အချိန်ကုန်ကျမှုလည်းသက်သာ စေတာအမှန်ပဲဖြစ်ပါတယ်။
ခုနောက်ပိုင်းမှာလည်း အသုံးအဆောင်ပစ္စည်းတွေနဲ့ အစားအစာတွေကို အလွယ်တကူမှာယူနိုင်တဲ့ Application တွေများစွာ ထွက်ပေါ်လာကြတယ်ဆိုပေမယ့် အသုံးပြုသူအများစုအတွက်တော့ အခက်အခဲအချို့ကိုရင်ဆိုင်ကြုံတွေ့နေရဆဲလည်းဖြစ် ပါတယ်။ အဲ့ဒီအတွက်ကြောင့်လည်း Application တစ်ခုကို တကူးတကဖုန်းထဲထည့်ထားစရာမလိုပဲ အလွယ်တကူရှာဖွေလို့ ရနိုင်တဲ့နေရာတစ်ခုကို တချို့ကရှာဖွေတတ်ကြတာထုံးစံပါပဲ။

Photo Source – https://www.facebook.com/threeinlife/

ရန်ကုန်မြို့တွင်းမှာဆိုရင်တော့ တစ်နေရာကနေတစ်နေရာကို မှာချင်တာတွေ၊ ပို့ချင်တာတွေကလည်း အဆင်ပြေလွယ်ကူ ချောမွေ့စေတဲ့ဝန်ဆောင်မှုတွေရှိနေပြီလည်းဖြစ်ပါတယ်။ အစားအသောက်ပိုင်းဆိုင်ရာပြဿနာတွေကိုလည်း လျင်မြန် ကောင်းမွန်တဲ့ အွန်လိုင်းဝန်ဆောင်မှုတွေနဲ့ ရန်ကုန်မြို့ပြမှာနေထိုင်တဲ့သူတွေ ပိုမိုအသုံးပြုလာကြပြီလို့လည်းဆိုနိုင်ပါတယ်။
မနက်ပိုင်းအိပ်ယာထနောက်ကျပြီး နေ့လည်စာထမင်းဘူးမထည့်ဖြစ်ခဲ့သူတွေ၊ ရုံးအလုပ်တွေများနေလို့ ထမင်းစားမဆင်းချင် တဲ့သူတွေ၊ တစ်လလုံးအတွက် နေ့လည်စာကို လစာပေးပြီးစားချင်တဲ့သူတွေအတွက်တော့ Me Food Lunch ဝန်ဆောင်မှုက အကောင်းမွန်ဆုံးနေရာလေးတစ်ခုဖြစ်လို့နေပါတယ်။ ဖုန်းဆက်စရာမလိုအပ်သလို Me Food Page Messenger ကနေ အလွယ်တကူရွေးချယ်မှာယူနိုင်တဲ့အတွက် အသုံးပြုမှာယူသူတွေအတွက် များစွာအဆင်ပြေစေတဲ့နေရာလေးတစ်ခုလည်း ဖြစ်ပါတယ်။

Photo Source – https://www.facebook.com/threeinlife/

Me Food Page ဝန်ဆောင်မှုကို ၂၀၁၉ ခုနှစ် ဧပြီလမှာစတင်ခဲ့ပါတယ်။ လက်ရှိမှာလည်း နေ့စဉ်မှာယူစားသုံးသူ ၁၅၀ နဲ့ ၂၀၀ ကြားတွေကြားတွင်ရှိနေပြီး လစာပေးစားသုံးသူ ၃၀ ဦးခန့်ရှိနေပြီလည်းဖြစ်ပါတယ်။
“ရန်ကုန်မြို့တွင်း မြို့နယ်တော်တော်များများတော့ ပို့ပေးပါတယ်။ အရမ်းဝေးတဲ့နေရာမျိုးတွေကျတော့ Delivery ခကို ညှိနှိုင်း ယူပေးရတဲ့သဘောရှိပါတယ်။ ဝေးတဲ့နေရာတွေကျတော့ ထမင်းဘူးဖိုးက ၁၅၀၀ Delivery ကြေးက ၁၅၀၀ လောက်ကျ မှာဆိုတော့ သိပ်အဆင်မပြေတဲ့အတွက်ကြောင့်ပါ။ စားသုံးသူတွေအနေနဲ့ကလည်း အရမ်းဝေးတဲ့နေရာကလူတွေကျ တော့မမှာကြဘူးပေါ့။ အများဆုံးမှာကြတာကတော့ မင်္ဂလာတောင်ညွှန့်၊ ရန်ကင်း၊ တာမွေ အဲ့မြို့နယ်တွေက အများဆုံး မှာယူကြပါတယ်။မြို့ထဲကလည်းမှာတယ်။ လပေးစားတဲ့သူတွေအတွက်တော့ ထမင်းဘူးတစ်ဘူးကို ၁၄၀၀ လောက်ယူ ပေးတယ်။ နေရာအကွာဝေးပေါ်မှုတည်ပြီးတော့ ဈေးနှုန်းကလည်း ညှိယူပေးတာပေါ့။ အခုလောလောဆယ်တော့ နေ့လည် စာတစ်ခုတည်းပို့ပေးတာပါ” ဟု Me Food Page ဝန်ဆောင်မှုကိုလုပ်ကိုင်သူ မဝေေ၀ကပြောပါတယ်။
Me Food Page Messenger ကနေမှာယူတဲ့အခါမှာလည်း ရရှိနိုင်တဲ့ဟင်းအမျိုးအစားတွေကတော့ ကြက်သားဟင်း၊ ဝက် သားဟင်း၊ ငါးကြော်နှပ်၊ ငန်းတန်ဟင်း၊ ငါးဖယ်ဆီပြန်ဟင်း၊ ပုဇွန်ဟင်း၊ ကြက်ဥ စတဲ့ ဟင်းတွေကိုမှာယူစားသောက်နိုင်မှာ ဖြစ်ပြီး ပွဲပြုလုပ်သူများအတွက် အော်ဒါလက်ခံဆောင်ရွက်ပေးနေတာလည်းဖြစ်ပါတယ်။
“အခုလောလောဆယ် လပေးစားတဲ့သူတွေ Daily စားတဲ့လူတွေကို ပို့ပေးနေတယ်ပေါ့နော်။ ထမင်းဘူးကတော့ ၁၅၀၀ ကျပ်ပါ။ အဲ့ဒီထမင်းဘူးမှာ အသားဟင်းတစ်မျိုးပါတယ်။ အရွက်ကြော်တစ်မျိုးပါတယ်။ ငပိဆားထောင်းလေးနဲ့တို့စရာပါ တယ်။ ထမင်းဘူးမှာမယ်ဆိုရင်လည်း Page Messenger ကနေ တဆင့်မှာရတာဖြစ်ပါတယ်။။ တစ်နေ့စာအတွက် မနက် ၁၀ နာရီအထိတော့ အော်ဒါလက်ခံပေးပါတယ်။ ပို့မယ်နေရာကို စထွက်ရမယ့်အချိန်နဲ့ဆိုတော့ မမှီမှာစိုးတဲ့အတွက်ကြောင့်ပါ။ ဖုန်းဆက်ပြီးမှာတဲ့သူတွေကို လက်ခံပေးတယ်ဆိုပေမယ့်လည်း နည်းပညာပိုင်းနဲ့မှာတာကပိုအလေးထားဆောင်ရွက်ပေးတာ ပေါ့နော်။ လပေးစားတဲ့သူတွေအတွက်လည်း ဈေးနှုန်းညှိယူပေးပါတယ်” ဟု Me Food Page ဝန်ဆောင်မှုကိုလုပ်ကိုင်သူ မဝေေ၀ကဆက်လက်ပြောကြားပါတယ်။

Photo Source – https://www.facebook.com/threeinlife/

Me Food Page ကို Facebook ရိုက်ထည့်ကာအလွယ်တကူရှာဖွေနိုင်ပြီး Messenger ကို “Hi”ဟုပေးပို့လိုက်ရုံနဲ့ Welcome to Me Food Lunch Box ဟုပြန်လည်ဖြေကြားမှာဖြစ်ပြီး အစပြုရန်ကိုထပ်မံနိုပ်ကာ အော်ဒါမှာယူမယ့်ရက်ကိုထပ်မံရွေး ချယ်ခြင်း၊ ဟင်းအမျိုးအစားရွေးချယ်ခြင်း၊ ဖုန်းနံပါတ်ဖြည့်သွင်းခြင်း၊ ပေးပို့ရမည့်လိပ်စာဖြည့်သွင်းခြင်းတို့ကိုလွယ်ကူစွာ ဆက်လက်လုပ်ဆောင်မှာယူနိုင်မှာလည်းဖြစ်ပါတယ်။
မြို့နယ်အလိုက်ပို့ဆောင်ခတွေကတော့ ကျောက်မြောင်း၊ တာမွေ၊ ယုဇနပလာဇာ၊ ရွှေပြည်စုံဈေး စတဲ့နေရာများကို ၅၀၀ ကျပ်ကျသင့်မှာဖြစ်ပြီး ဗဟန်းမြို့နယ်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ သင်္ဃန်းကျွန်း၊ ရန်ကင်း စတဲ့မြို့နယ်များအတွက် ၁၀၀၀ ကျပ်ကျသင့်မှာလည်းဖြစ်ပါတယ်။ ဗိုလ်တထောင်မြို့နယ်၊ လမ်းမတော်မြို့နယ်၊ တောင်ဥက္ကလာမြို့နယ်၊ စမ်းချောင်းမြို့နယ် စတဲ့နေရာတွေကတော့ ၁၅၀၀ ကျပ်ကျသင့်မှာပဲဖြစ်ပါတယ်။
နေ့လည်စာထမင်းဘူးအတွက် အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုမှာယူနိုင်ပါတယ်။
https://www.facebook.com/threeinlife/