Manchester Metropolitan University မှ Fin Tech နှင့် AI နည်းပညာများပြသ

ဥပဒေအရာရှိ အကြီးဆုံးတက္ကသိုလ်များအနက်တစ်ခုဖြစ်သော Manchester Metropolitan University (Manchester Met) မှ ဉာဏ်ရည်တု Artificial Intelligence (AI) အကြောင်းဆွေးနွေးမှုနှင့်ဘဏ္ဍာရေးနည်းပညာ (Fin Tech) မဟာတန်းအား မြန်မာ နိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ ကြီးမှူးစီစဉ်၍ ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၄ ရက် နေ့တွင် ရန်ကုန်မြို့၍ သင်တန်းပို့ချခဲ့ကြောင်း UMFCCI မှသတင်းထုတ်ပြန်ထားသည်။
Manchester Met မှ ပါမောက္ခဖြစ်သူ Paul Smith သည် မနက်ပိုင်းအချိန်တွင် အဓိကပြောကြားမည့်သူအဖြစ် ပါဝင်ခဲ့ပြီး Fin Tech တွင် AI ၏ အသုံးပြုပုံများအားဆွေးနွေးပြောကြားခဲ့သည်ပြီး နေ့လည်ပိုင်းတွင် UMFCCI အဖွဲ့ဝင်များအတွက် သီးသန့်ပြုလုပ်သည့် Fin Tech Certificate မဟာတန်းတွင်လည်း ပြင်ပပညာရှင်အဖြစ် ပါဝင်သင်ကြားပေးခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Photo Source – https://www.facebook.com/UMFCCI/

“UMFCCI က အဖွဲ့အစည်းတစ်ခုအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို ထောက်ပံ့ပေးဖို့ အခွင့်အလမ်းတွေ အမြဲရှာပါတယ်။ အဲဒါကြောင့် Manchester Metropolitan University ကနေ Fin Tech နဲ့ AI ဆွေးနွေးပွဲလုပ်ဖို့ကမ်းလှမ်း လာတော့ ချက်ချင်းပဲလက်ခံခဲ့ပြီး ကျွန်တော်တို့ရဲ့အဖွဲ့ဝင်တွေအတွက် ဘဏ္ဍာရေးနဲ့ စီးပွားရေးကဏ္ဍတွေမှာ တိုးတက်ပြောင်းလဲ လာတာတွေနဲ့ ရင်ဘောင်တန်းနေဖို့ တကယ်ကိုအထောက်အကူပြုသွားမှာပါ” ဟု UMFCCI ၏ဒုတိယဥက္ကဌ ဦးသောင်းတင်မှ ပြောကြားခဲ့ကြောင်းသိရသည်။
“အခုလို မြန်မာနိုင်ငံကိုပြန်လာပြီး ကမ္ဘာလုံးဆိုင်ရာအရေးပါတဲ့ ဘာသာရပ်တွေဖြစ်တဲ့ Fin Tech နဲ့ AI ကို Manchester Metropolitan University ရဲ့ ကျွမ်းကျင်မှုဘာသာရပ်တွေအနေနဲ့ လာရောက်ပြသခွင့်ရတာ အရမ်းဝမ်းသာပါတယ်။ ဒီအခွင့် အရေးအတွက် UMFCCI ကိုလည်းကျေးဇူးတင်ပါတယ်။ ဒီပွဲကနေတဆင့် မြန်မာနိုင်ငံသားတွေအတွက် ကျွန်တော်တို့ကမ်း လှမ်းချင်တာတွေကို စတင်မိတ်ဆက်ခွင့်ရသွားတယ်လို့ပြောလို့ရပါတယ်။ ကျွန်တော်တို့ လက်ရှိမှာတော့ မြန်မာကျောင်းသားတွေ သိပ္ပံမာစတာဘွဲ့ကို တက်ခွင့်ရအောင် မြန်မာဈေးကွက်ကို ဝင်ရောက်နိုင်ဖို့ သဘောတူညီမှုတွေလုပ်နေပါတယ်”ဟု Manchester Met University ၏ အပြည်ပြည်ဆိုင်ရာ ဌာနမှူး Rick Canavan မှ ပြောကြားခဲ့ကြောင်းသိရသည်။

Photo Source – https://www.facebook.com/UMFCCI/

မြန်မာနိုင်ငံအတွင်း Fin Tech အား စိတ်ဝင်စားမှု မြင့်တက်လာခြင်းနှင့် လျင်မြန်စွာတိုးတက်မှုများကြောင့် Manchester Met မှ ၎င်း၏ သင်တန်းများအား မြန်မာနိုင်ငံတွင်ပေးအပ်ရန် စဉ်းစားဆုံးဖြတ်ခဲ့ခြင်းပြီး မကြာသေးမီကာလအတွင်း မြန်မာနိုင်ငံသို့ အကြိမ်ကြိမ်လာရောက်ခဲ့ပြီးနောက် ယခုလက်ရှိတွင် Manchester Met ၏ Fin Tech သိပ္ပံမာစတာဘွဲ့အား အွန်လိုင်းနှင့် ကိုယ်တိုင်လာရောက် သင်ကြားနည်း နှစ်မျိုးလုံးဖြင့် ပို့ချသင်ကြားသွားရန် လုပ်ဆောင်လျှက်ရှိရာ နောက်ဆုံးအဆင့်သို့ရောက်ရှိ နေပြီဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ ထိပ်တန်းလေ့ကျင့်ရေး အဖွဲ့အစည်းတစ်ခုဖြစ်သည့် Learn Myanmar နှင့် ပူးတွဲကာ နိုင်ငံအတွင်း Manchester Met ၏ လုပ်ငန်းများအား စီမံခန့်ခွဲသွားမည်ဖြစ်သည်။
“Fin Tech ကို မြန်မာနိုင်ငံက စိတ်အားထက်သန်စွာနဲ့ ကိုင်တွယ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ကျွန်တော်တို့ယုံကြည်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီဘာသာရပ်တွေရဲ့ အကြောင်းအရာတွေကို မျှဝေရုံသာမကပဲ Manchester Met ရဲ့ ယဉ်ကျေးမှု၊ ပျော်စရာတွေနဲ့ကျောင်းသားအတွေ့အကြုံကိုလည်း ပြသချင်ပါတယ်” ဟု Canavan မှ ထပ်မံဖြည့်စွက်ပြောကြားခဲ့ကြောင်းလည်း သိရသည်။

Photo Source – https://www.facebook.com/UMFCCI/

Manchester Met တွင်တက်ရောက်နေသူ ကျောင်းသားပေါင်း (၃၈၀၀၀) ရှိပြီး UK တွင် Fin Tech အချက်အချာအကျဆုံးဖြစ် သည့် Manchester မြို့တွင် လည်းကောင်း၊ ပြည်ပနှင့် အွန်လိုင်းမှလည်းကောင်း၊ နိုင်ငံတကာမှ ကျောင်းသားများလည်းအ မြောက်အများသင်ကြားလျက်ရှိကြောင်းသိရသည်။
UNFCCI Facebook စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှုလိုပါက အောက်ပါ Link မှဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/UMFCCI/