သင်တန်းတက်ဖို့ …. “Coursecom”

Photo Source- Screenshot by Myanmar Tech Press

“ပညာလိုလျှင်အိုသည်မရှိ” ဆိုတဲ့ဆိုရိုးစကားအတိုင်း ပညာဆိုတာ သင်ယူလို့ကုန်ခမ်းသွားဆိုတာမျိုးမရှိတာကြောင့် အသက်အရွယ်မရွေး အသစ်အသစ်သော ပညာရပ်တွေကိုသင်ယူမှသာ တိုးတက်မှုတွေကိုရရှိမှာဖြစ်ပါတယ်။ ယခုနောက်ပိုင်း အပြိုင်အဆိုင်များပြားလှတဲ့ခေတ်မှာ ပညာရေးကလဲ အဆင့်အတန်းမြင့်မားလာပြီး မရှိမဖြစ် တစ်ခုထက်ပိုပြီးတက်မြောက်ထားဖို့လိုအပ်လာပါတယ်။ တစ်ခုထက်ပိုတဲ့ ပညာရပ်တွေတက်မြောက်ဖို့လိုအပ်လာတဲ့အခါ ကိုယ်တိုင်ဆည်းပူးလေ့လာခြင်းတွှေနဲ့ သင်တန်းတက်ရောက်ခြင်းတွေကိုလုပ်ဆောင်လာကြရပါတယ်။ များသောအားဖြင့် ငယ်ရွယ်စဉ်ကတော့ လွတ်လွတ်လပ်လပ်သင်တန်းတက်ရောက်ခွင့်တွေရရှိကြပင်မဲ့ အသက်အရွယ်ရ အလုပ်ခွင်ထဲရောက်လာခဲ့ရင်တော့ အရင်လိုသင်တန်းတွေအတွက်အချိန်မပေးနိုင်ကြတော့ပါဘူး။ ဒါ့အပြင် မြို့ကြီးများမှာနေထိုင်တဲ့ သူတွေမဟုတ်ရင်လဲ လူငယ်တွေက သင်တန်းတက်ရောက်ခွင့်ရွေးချယ်ခွင့်တွေများများစားစားမရှိကြပါ။ ထိုသို့သောပြသနာများနဲ့တွေ့ကြုံလာရတဲ့အခါ လူငယ်တွေ၊ ပညာရပ်တွေကိုသင်ကြားတက်မြောက်လိုကြတဲ့လူတွေအဖို့ Online Learning ကရွေးချယ်စရာတစ်ခုဖြစ်လာပါတယ်။

Photo Source- Screenshot by Myanmar Tech Press

Online Learning မှာဆိုရင် ရွေးချယ်စရာတွေများပြားလှပြီး မိမိသင်လိုသောဘာသာရပ်တွေကို ကိုယ်တိုင်ရွေးချယ်နိုင်ပါတယ်။ Online က Resource တွေကိုယူပြီးself learning လုပ်တာပဲဖြစ်ဖြစ် online မှာ ဆရာတွေကိုယ်တိုင် lecture တွေနားထောင်ပြီး သင်ယူလို့ရပါတယ်။Online learning ရဲ့အားသာချက်တစ်ခုက အချိန်တစ်ခုရယ်လို့သတ်မှတ်ပြီး တက်ရောက်စရာမလိုအပ်ခြင်းပါပဲ။ အကြောင်းအရာကိစ္စတစ်ခုခုရှိလို့ မိမိသင်တန်းချိန်နဲ့တိုက်ဆိုင်သွားပြီး မတက်လိုက်ဖြစ်တာမျိုးတွေ မိမိအလုပ်ချိန် တစ်ခြားသော သင်တန်းတွေကြောင့် တက်ချင်တဲ့ သင်တန်းနဲ့အချိန်တိုက်နေတာမျိုးတွေက လေ့လာရေးမှာ ဆုတ်ယုတ်စေသောအကြောင်းအရာတွေပဲဖြစ်ပါတယ်။ ယခုနောက်ပိုင်း ခေတ်မှီနည်းပညာတွေနဲ့ ဖန်တီးထားတဲ့ online class တွေဟာ ပညာရေးမှာခေတ်စားလာပြီး အချိန်မရွေး သင်ယူလာနိုင်ကြပါတယ်။ မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ ပညာရပ်တွေကိုသင်ကြားပေးနေတဲ့ အွန်လိုင်း application တွေများစွာရှိကာCoursecom ကလဲတစ်ခုအပါအဝင်ဖြစ်ပါတယ်။

Coursecom မှာဆိုရင် Supply Chain, Personal Development, Management, Language, Human Resource, Communication နဲ့ Business စသော ဘာသာရပ်တွေကိုသင်ယူလို့ရနိုင်မှာပါ။ အခမဲ့ သင်ခန်းစာများ၊ Professionel သင်ခန်းစာများ၊ Certificate သင်ခန်းစာများနဲ့ Job Gurantee သင်ခန်းစာများဆိုပြီးရှိပါတယ်။ သင်ယူပေးမဲ့ instructor တွေကိုမိမိကိုယ်တိုင်ရွေးချယ်နိုင်ပြီးသင်ယူနိုင်ပါတယ်။ Coursecom မှာအခမဲ့ သင်ကြားပေးသော သင်ခန်းစာများရှိသလို သင်တန်းကြေးပေးပြီးသင်ကြားလို့ရနိုင်တဲ့ သင်ခန်းစာများရှိပါတယ်။
ပညာရပ်တစ်ခုခေါင်းစဉ်ကိုရွေးချယ်သင်ကြားလိုပါက မိမိသင်ကြားလိုသော သင်ခန်းစာကိုရွေးချယ်ပြီး ထိုသင်ခန်းစာတွင် ပါဝင်သင်ကြားပေးမဲ့ ခေါင်းစဉ်ကိုလဲ အသေးစိတ်ဖော်ပြထားကြောင့် သိရှိနိုင်ပါတယ်။ သင်တန်းကြေးပေးဆောင်ရတဲ့ သင်ခန်းစာများကိုသင်ယူလိုပါကလဲ ဘဏ်မှတစ်ဆင့် သင်တန်းကြေးပေးပို့ကာ ဝယ်ယူလိ့ရနိုင်ပါတယ်။ ဝယ်ယူလိုပါက Buy ကိုနှိပ်ပါ Proceed to Check outကိုနှိပ်ပါ။ Blling Details ကိုဖြည့်ကာဝယ်ယူရရှိနိုင်ပါတယ်။ ဒါအပြင် မိမိသင်ယူခဲ့သော သင်ခန်းစာတွေနဲ့ပက်သက်ပြီးလဲ တက်မြောက်မှုတွေကို ဉာဏ်စမ်းမေးခွန်းတွေနဲ့ မေးမြန်းပြီး စစ်ဆေးပေးဦးမှာမို့ မိမိရလဒ်နဲ့တက်မြောက်မှုတွေကို Dashboard မှာ စာရင်းဇယားနှင့်တကွ မြင်တွေ့နိုင်ဦးမှာပါ။ မိမိတက်ရောက်ခဲဲ့တဲ့ သင်တန်းတွေရဲ့ ပြီးမြောက်မှုတွေကို စနစ်တကျဖော်ပြထားပေးပြီး ပြီးမြောက်အောင်မြင်ကြောင်း certificate တွေလဲ ထုတ်ပေးဦးမှာဖြစ်ပါတယ်။

Photo Source- Screenshot by Myanmar Tech Press

သင်ကြားပေးသောဆရာများမှာ သက်ဆိုင်ရာနယ်ပယ်တွေရဲ့ အတွေ့အကြုံရှိနာမည်ရဆရာများမို့ တိကျစနစ်ကျတဲ့Lecture များဖြစ်တဲ့ အပြင် သင်ကြားရေးစနစ်အားလုံးမှာ ဗီဒီယိုတင်ဆက်မှုများနဲ့ ဖြစ်တာကြောင့် ဆရာများနဲ့ တစ်ဦးချင်း lecture ပေးတဲ့ တကယ့် စာသင်ခန်းတစ်ခုလိုမျိုးခံစားစေရမှာပါ။ ရွေးချယ်စရာ အခမဲ့ သင်ခန်းစာများစွာရှိသလို တကယ့်သင်ခန်းစာကောင်းများကိုလဲ ဈေးသက်သက်သာသာနဲ့ စနစ်တကျသင်ကြားမှုစနစ်ကို ရွေးချယ်ရရှိနိုင်ပါတယ်။ သင်ခန်းစာပို့ချတဲ့နေရာမှာလဲ မြန်မာဘာသာနဲ့ ပို့ချပေးတာမို့ အဆင်ပြေချောမွေ့လွယ်ကူမှုကိုလဲ ရရှိစေဦးမှာပါ။

Photo Source- Screenshot by Myanmar Tech Press

Coursecom ကို Download ရယူလိုပါကhttps://play.google.com/store/apps/details?id=course.com.mm&hl=en

Website link https://course.com.mm/ ကိုသွားရောက်ပြီး ဆောင်းပါးများနဲ့ ကျင်းပနေသာ seminar များ အကြောင်းကိုလဲ လေ့လာဖတ်ရှုနိုင်ပါတယ်။