ဘာသာရပ်များစွာကို အလွယ်တကူလေ့လာနိုင်တဲ့ Toe Tet Online Learning Platform

ယနေ့ခေတ်အချိန်အခါမှာတော့ သင်ကြားရေးပိုင်းဆိုင်ရာတွေမှာနည်းပညာတိုးတက်မှုတွေက များစွာအထောက်အကူပြုလာ ခဲ့ပြီလည်းဖြစ်ပါတယ်။ လူကိုယ်တိုင်သွားရောက်မသင်ကြားနိုင်ပေမယ့်လည်း တက်ရောက်ချင်တဲ့ အတတ်ပညာတစ်ခုကို အခကြေးငွေအတိုင်းအတာတစ်ခုပေးရုံဖြင့် Online ပေါ်ကနေတိုက်ရိုက်သင်ကြားလာနိုင်တာကလည်း ပညာရှာမှီးသူတွေအ တွက်အဖိုးမဖြတ်နိုင်စရာအခွင့်အလမ်းတစ်ခုလို့လည်းဆိုနိုင်ပါတယ်။ အဲ့ဒီအတွက်ကြောင့် Online Learning Platform တွေများစွာပေါ်ထွက်လာခဲ့သလို အလုပ်တဖက်နဲ့မအားလပ်သူတွေအတွက်တော့ အနာဂတ်ရည်မှန်းချက်ကို ဆက်လက် အကောင်အထည်ဖော်နိုင်ဖို့ နည်းလမ်းကောင်းတစ်ခုဖြစ်စေပါတယ်။
အတတ်ပညာတစ်ခုခုကိုဆည်းပူးသင်ယူတဲ့နေရာမှာလည်း မိမိဝါသနာပါတဲ့ကဏ္ဍတစ်ခုကို မျက်ခြေမပြတ်လေ့လာသင်ယူ ဆည်းပူးနေမှလည်း ခေတ်ရေစီးကြောင်းအရ အမှီလိုက်နိုင်မှာဖြစ်တဲ့အတွက်ဆက်လက်လေ့လာနေရအုံးမှာထုံးစံပဲဖြစ်ပါ တယ်။ မိမိကအလုပ်တဖက်နဲ့အချိန်မပေးနိုင်ဘူးဆိုရင်တောင် ရတဲ့အချိန်လေးမှာပညာရပ်တစ်ခုကို အဆင်ပြေကောင်းမွန်စွာ လေ့လာနိုင်တာက အင်မတန်မှအကျိုးဖြစ်ထွန်းစေပါတယ်။ Online Learning Platform ရဲ့အဓိကအားသာချက်တွေ ကတော့ အချိန်ကုန်ကျမှုပိုမိုသက်သာစေခြင်း၊ ခေတ်နဲ့ကိုက်ညီတဲ့ပညာရပ်များကို တစ်နေရာတည်းမှာတစ်စုတစ်စည်းထဲ လေ့လာနိုင်ခြင်းတို့ဖြစ်ပါတယ်။

Photo Source – https://www.facebook.com/toetet.mm/

ခုနောက်ပိုင်းမှာတော့ Online Learning Platform တွေထဲက လူသိများပြီး လူငယ်များအကြိုက်တွေ့တက်ရောက်သင် ကြားနေကြတဲ့ Toe Tet Online Learning Platform ပဲဖြစ်ပါတယ်။ ရွေးချယ်တက်ရောက်နိုင်တဲ့သင်တန်းတွေစုံလင်သလို တက်ရောက်သူတိုင်း အဆင်ပြေစေမှာလည်းဖြစ်ပါတယ်။
Toe Tet Online Learning Platform မှာသင်ကြားနိုင်တဲ့သင်တန်းတွေကတော့ Basic English Grammar၊ Social Media Marketing၊ Presentation for Success၊ Personal Productivity၊ GMC Program(Guerrilla Marketing Coach Certification)၊ Start Your Own Business(SYOB)၊ Marketing၊ NLP101(Neuro-Linguistic Programming)၊ Business Plan ရေးနည်း၊ MBTI Personality Test၊ Diploma in Business and Mangement(DBM)၊ Success with Memory Training(SMT)၊ Applied Psychology for Business & Marketing (Part1)၊ Diploma in Marketing၊ Business Model Canvas(BMC)၊ Essentials of Business Management(EBM)၊ Guerrilla Marketing (GMP)၊ 45 Mins Magic Income Formula တို့ဖြစ်ပြီး ICT Skill သင်တန်းတွေအနေနဲ့ အခြေခံသိစရာတတ်စရာကွန်ပျူတာ၊ Website Building၊ Video Editing Course၊ Microsoft Word Online Course၊ Microsoft PowerPoint၊ Microsoft Excel Online Course၊ AutoCAD Online Course(Full version soon)၊ Adobe Photoshop(Full version soon)၊ Adobe PageMaker စတဲ့သင်တန်းပေါင်းမြောက်များစွာကိုသင်ကြားနိုင်မှာလည်းဖြစ်ပါတယ်။

Photo Source – https://www.facebook.com/toetet.mm/

သင်ကြားရေးပိုင်းဆိုင်ရာတွေမှာလည်း ခြောက်လလေ့လာခွင့်ကို ၂၅၀၀၀ ကျပ်၊ တစ်နှစ်လေ့လာခွင့်ကို ၂၉၀၀၀ ကျပ်၊ နှစ်နှစ်လေ့လာခွင့်ကို ၅၀၀၀၀ ကျပ် များဖြင့်စတင်လေ့လာနိုင်ပြီး မိမိနှစ်သက်ရာ Plan ကိုရွေးချယ်တက်ရောက်နိုင်မှာလည်း ဖြစ်ပါတယ်။ သင်တန်းကြေးအတွက်လည်း Mobile Banking (or) Wave Money ဖြင့်သင်တန်းကြေးပေးသွင်းနိုင်မှာဖြစ်ပြီး သင်တန်းကြေးပေးသွင်းပြီးပါက Toe Tet Website ထဲဝင်ကာ Account ထဲ log in ဝင်ပြီးပါက မိမိ enroll လုပ်ထားတဲ့ course ပေါ်နှိပ်ပြီးလေ့လာနိုင်ဖြစ်ပါတယ်။

Photo Source – https://www.facebook.com/toetet.mm/

ဝင်ရောက်လေ့လာသူတွေအနေနဲ့ ပထမဆုံး Browser ကိုအသုံးပြုရမှာဖြစ်ပါတယ်။(Chrome သို့ Safari သို့ Firefox) toetet.com ထဲသို့ဝင်ပါ။ Get Started ကိုနိုပ်ပြီး Account Create လုပ်ပါ။ Email (သို့) Username ကို Toe Tet Messenger ကိုပို့ပေးပါ။ ငွေသွင်းထားတဲ့ receipt ကိုပို့ပေးပါ။ Account ကို Approve လုပ်ပေးမှာဖြစ်ပါတယ်။ ပြီးတာနဲ့ Course ထဲတွင်ဝင်ရောက်လေ့လာနိုင်မှာလည်းဖြစ်ပါတယ်။
အသေးစိတ်ထပ်မံသိရှိလိုပါက အောက်ပါ Link များတွင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/toetet.mm/
https://toetet.com/