COVID-19 အားရင်ဆိုင်ဖြတ်ကျော်ရန် JOOX မှ COVID-19 Playlists ဖြင့်ကူညီမည်

အာရှတွင် ဦးဆောင်လျက်ရှိသော အင်တာနက်မှသီချင်းနားထောင်လို့ရသည့် ဝန်ဆောင်မှုပေးသော JOOX မှ Stay Home ကာလအတွင်းတွင် မြန်မာပရိတ်သတ်များအတွက် စိတ်ပြေလက်ပျောက်ဖြစ်စေရန် အိမ်တွင်နေထိုင်စဉ်ကာလအတွင်း ပျော် ပျော်ရွှင်ရွှင်နေထိုင်နိုင်စေရန် COVID-19 နှင့်ပတ်သက်သည့် အသိပညာများကို ပျံနှံ့စေရန်နှင့် အားကစားနှင့်ကျန်းမာရေးဝန် ကြီးဌာနမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာစေရန်အတွက် စိတ်ဓာတ်ခွန်အား တက်ကြွစရာကောင်း သော Playlists များကို ဖန်တီးပေးသွားမည်ဖြစ်ကြောင်းသိရသည်။
JOOX သည် Freemium အခမဲ့သီချင်းနားထောင်နိုင်သည့် အက်ပလီကေးရှင်းတစ်ခုဖြစ်ပြီး ဟောင်ကောင်၊ ထိုင်း၊ အင်ဒိုနီး ရှား၊ မလေးရှားနှင့်မြန်မာအပါအဝင် အာရှဈေးကွက်တွင် ရယူနားဆင်နိုင်မည်ဖြစ်ကာ ကမ္ဘာတစ်ဝန်းတွင် အသုံးပြုသူဦးရေ သန်းပေါင်း ၂၉၀ ကျော်ရှိပြီး ဘီလီယံမှာ လက်ရှိအသုံးပြုလျက်ရှိသည်။ JOOX သည် နိုင်ငံတစ်နိုင်ငံချင်းစီမှ အသုံးပြုသူများ ၏ ဂီတအပေါ် စိတ်ဝင်စားမှုများရှိစေရန် ဝန်ဆောင်မှုများကို ထောက်ပံ့လျက်ရှိသည်။ JOOX တွင် မြန်မာသီချင်းအားလုံးကို အခမဲ့နားဆင်နိုင်မည်ဖြစ်ပြီး အချို့သောနိုင်ငံတကာမှ သီချင်းများကိုသာလျှင် VIP Membership ဝယ်ယူ၍ နားဆင်နိုင်မည် ဖြစ်သည်။ JOOX သုံးစွဲသူများအတွက် COVID-19 Playlists များသည် အခမဲ့ဖြစ်သည်။ ထို့အပြင် နားဆင်သူများသည် အိမ် မှာနေထိုင်စဉ်ကာလအတွင်း VIP သီချင်းများအား နားဆင်နိုင်မည့် Coins များကိုလည်း ရယူနိုင်မည့် အခွင့်အရေးရရှိမည်ဖြစ် သည်။

Photo Source https://web.facebook.com/JOOXMyanmar/

အဆိုပါ Playlist သုံးခုသည် “အင်အား”၊ “အတူကျော်ဖြတ်ကြမယ်”နှင့် “Stay at Home” တို့ဖြစ်ကြပြီး Playlist တစ်ခုချင်းစီ သည် မြန်မာပရိတ်သတ်များကြားတွင် ရေပန်းစားလျက်ရှိသည်။
“အင်အား” Playlist တွင် နာမည်ကျော် မြန်မာဂီတပညာရှင်များ၏ အမျိုးမျိုးသော Hip Hop၊ R&B နှင့် Pop သီချင်း ၁၄ ပုဒ် ပါဝင်သည်။ JOOX မှ တေးဂီတဖြင့် Corona Virus ၏ အန္တရာယ်များအကြောင်းကို မြန်မာပြည်သူတို့အား အသိပညာပေးရန် Playlist တွင် လက်ရှိနံပါတ်တစ် ဖြစ်နေသည့် ဒေါက်တာဖြိုးဝေလင်း(On Doctor) ရေးသားပြီး နာမည်ကြီးအဆိုတော် ဖြိုး ပြည့်စုံနှင့် မိစန္ဒီတို့ သီဆိုထားသော “Go-away Corona”သီချင်းကဲ့သို့ ပညာပေးသီချင်းများထည့်သွင်းထားကာ COVID-19 ကာလအတွင်း ဘေးကင်းလုံးခြုံစွာနေထိုင်နိုင်ရန် ပြုလုပ်ရမည့်အရာများနှင့် မပြုလုပ်ရမည့်အရာများကို ရေးသားထားသည်။ အသုံးပြုသူများကလည်း လက်ရှိကပ်ဘေးတွင် မည်ကဲ့သို့နေထိုင်ရမည်ကို ဤ Playlists များမှ သိရှိနားလည်ကြကြောင်း မှတ်ချက်ပြုရေးသားထားကြသည်။ အသုံးပြုသူများသည် အဆိုပါ “အင်အား”Playlist သီချင်းများကို အခမဲ့နားဆင်နိုင်မည် ဖြစ်သည်။

Photo Source https://web.facebook.com/JOOXMyanmar/

“အတူကျော်ဖြတ်ကြမယ်” Playlist သည်အထူးသဖြင့် မြန်မာပရိတ်သတ်များအတွက် ဖန်တီးထားခြင်းဖြစ်ပြီး ဂီတပညာရှင် များဖြစ်သည့် လေးဖြူ၊ ဝေလ၊ မျိုးကြီး နှင့် Idiots တို့ပါဝင်သီဆိုထားသည့် သီချင်း ၁၄ ပုဒ်ပါဝင်ကာ JOOX တွင်အခမဲ့နား ဆင်နိုင်မည်ဖြစ်သည်။
သီချင်းနားထောင်ခြင်းသည် စိတ်ညစ်ညမ်းမှုတို့ကို ပြေပျောက်စေပြီး စိတ်ခံစားချက်တို့ကို ပြောင်းလဲပေးနိုင်သည်ဆိုသည့် အချက်ကို လက်ကိုင်ထားကာ JOOX ၏ “Stay at Home”Playlist တွင် နားဆင်သူတို့ စိတ်အားတက်ကြွစေရန်နှင့် စိတ်ဖိစီး မှုများမှ လွတ်မြောက်နိုင်စေမည့် ကမ္ဘာကျော်နာမည်ကြီးအင်တာနယ်ရှင်နယ် အခမဲ့နားဆင်နိုငသော ပေါ့ပ်သီချင်း ၃၅ ပုဒ်ကို ထည့်သွင်းပေးထားသည်။
“JOOX အနေနဲ့ အသုံးပြုသူတွေ ဘာလိုချင်လည်းဆိုတာကို အမြဲအလေးထားဆောင်ရွက်လျက်ရှိပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုကို မြန်မာက သုံးစွဲသူတွေရဲ့အကြိုက်၊ လိုအပ်ချက်တွေနဲ့ကိုက်ညီစေဖို့ အမြဲကြိုးစားလုပ်ဆောင် နေပါတယ်။ ဒီလိုပင်ပန်းခက်ခဲတဲ့ အချိန်မျိုးမှာ လူတွေဟာ ဂီတကို အရင်ကထက်ပိုလိုအပ်နေတာမို့လို့ အားလုံး စိတ်အားပြန် လည် တက်ကြွလာဖို့ ကျွန်တော်တို့လုပ်နိုင်တဲ့ဘက်ကနေ အတတ်နိုင်ဆုံးကူညီအားဖြည့်ပေးနေပါတယ်။ မြန်မာနိုင်ငံက ဒီကပ်ဘေးကြီးကို အောင်အောင်မြင်မြင်ကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါပေမယ့် ဒီလိုကျော်ဖြတ်တဲ့အခါ စိတ်ဖိစီးမှု တွေများလာစေနိုင်တဲ့ အခက်အခဲတွေနဲ့ အချိန်တစ်ခုကို ရင်ဆိုင်ရမယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ ဖန်တီးပေးထားတဲ့ Playlist တွေကို နားဆင်ရင်း အခက်အခဲတွေကို ကျော်ဖြတ်ဖို့ စိတ်ဓာတ်ခွန်အားတွေ ပြန်ပြည့်လာစေပြီး ပိုမိုကောင်းမွန်တဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်စေဖို့ မျှော်လင့်ပါတယ်”ဟု JOOX Myanmar ၏ Country Manager ဖြစ်သူ Mr.John Zhang က ပြောကြားသည်။

Photo Source https://web.facebook.com/JOOXMyanmar/

Apple App Store နှင့် Google Play Store တို့တွင် JOOX Mobile သို့မဟုတ် Desktop App ကိုဒေါင်းလုပ်ဆွဲခြင်း၊ JOOX ဝက်ဘ်ဆိုက်ကို ဝင်ရောက်ခြင်းဖြင့် မိမိနှစ်သက်သော အနုပညာရှင်နှင့် ၎င်းတို့၏ဂီတကို အချိန်မရွေးမည့်သည့်နေရာတွင်မ ဆို ခံစားနားဆင်နိုင်မည်လည်းဖြစ်သည်။