MPT Money မှ COVID-19 ကာကွယ်ရေးလုပ်ငန်းများအတွက် ငွေကြေးဝန်ဆောင်မှုများအခမဲ့ ဆောင်ရွက်ပေးမည်

မြန်မာနိုင်ငံတွင် အယုံကြည်ရဆုံး ဒီဂျစ်တယ် ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်သည့် MPT Money သည် နိုင်ငံတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်(COVID-19) ရောဂါအား ကာကွယ်ရေးအတွက် ထောက်ပံ့ကူညီနေသည့် အစိုးရအဖွဲ့အစည်းများ၊ လူမှုကယ်ဆယ်ရေး အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) များအတွက် ငွေကြေးဝန်ဆောင်မှုများကို ဝန်ဆောင်ခကောက်ခံခြင်းမရှိဘဲ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများနှင့် လူမှုအသိုက်အဝန်းတစ်ခုလုံးသည် လတ်တလောတွင် ဖြစ်ပွားနေသော COVID-19 ကြောင့် အခက်အခဲများစွာနှင့် ရင်ဆိုင်နေရပြီး ယခုကဲ့သို့သော ခက်ခဲသည့် အချိန်ကာလတွင် MPT Money အနေဖြင့် မြန်မာပြည်သူလူထုနှင့် အတူတကွရပ်တည်လျက်ရှိပြီး အထက်ပါ အဖွဲ့အစည်းများသို့ အလှူရှင်များနှင့် သုံးစွဲသူမိဘပြည်သူ များမှ ငွေလွှဲခြင်း၊ ငွေကြေးရန်ပုံငွေများနှင့် အလှူငွေများ လှူဒါန်းရာတွင် ဝန်ဆောင်ခကောက်ခံခြင်းမရှိဘဲ ငွေပေးချေနိုင်စေ ရန် ဆောင်ရွက်သွားမည်ဖြစ်သည်။

Photo Source https://web.facebook.com/MPTMoneyOfficial

COVID-19 ရောဂါပြန့်ပွားခြင်းကို ထိန်းချုပ်တားဆီးရန်အတွက် ချမှတ်လုပ်ဆောင်နေသည့် တင်းကျပ်သည့် စည်းကမ်းကန့်သတ်ချက်များကြောင့် နိုင်ငံတော်၏ စီးပွားရေးလည်ပတ်မှု ယန္တရားကို ကြီးမားစွာ ထိခိုက်စေ ခဲ့ပြီး အထူးသဖြင့် ဝင်ငွေနည်းပါးသော မိသားစုများစွာမှာ ကြီးမားသည့် ဝင်ငွေဆုံးရှုံးမှုများနှင့် ရှိနေပြီး အခက်အခဲများနှင့် ကြုံတွေ့နေရသည်။ MPT သည် တာဝန်သိ ပြည်တွင်း အဖွဲ့အစည်းကြီး တစ်ခုအနေဖြင့် မြန်မာနိုင်ငံအစိုးရ၏ COVID-19 စီးပွားရေး ကုစားမှုအစီအစဉ်နှင့် လိုက်လျောညီထွေမှုရှိသည့် အကူအညီ များကို သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ထောက်ပံ့ကူညီပေးပြီး COVID-19 ၏ သက်ရောက်မှုဒဏ်ကို ခံရသော ရှေ့တန်းမှ လုပ်သားများ၊ ထိခိုက်ဆုံးရှုံးမှုများသော အိမ်ထောင်စုများနှင့် လူမှုအသိုက်အဝန်းများကို ပံ့ပိုးကူညီ ဆောင်ရွက်လျက် ရှိပါသည်။
“MPT Money ဟာ အလျင်အမြန် တိုးတက်နေတဲ့ မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှု ပလက်ဖောင်းတစ်ခု ဖြစ်တာနဲ့ အညီ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ COVID-19 တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ဆက်လက်ပါဝင် ပံ့ပိုးနေပါပြီး လူမှုအဖွဲ့အစည်းတွေအနေနဲ့ ဝန်ဆောင်ခကျသင့်ခြင်းမရှိဘဲ မြန်မြန်ဆန်ဆန်နဲ့ လုံခြုံစိတ်ချစွာနဲ့ ငွေပေးချေဆောင်ရွက်မှု လိုအပ်နေသူတွေကို အသုံးပြုနိုင်စေဖို့ ထောက်ပံ့လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ MPT Money ဝန်ဆောင်မှုက မြန်မာ ပြည်သူ၊ ပြည်သားတွေအနေနဲ့ မိမိတို့နေအိမ်တွင်းမှာနေထိုင်စဉ်မှာပဲ ငွေကြေးကိစ္စရပ်တွေကို လက်လှမ်းမီထိန်းချုပ်နိုင်ပြီး ငွေပေးချေမှု တွေကို ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်စေမှာ ဖြစ်ပါတယ်” ဟု MPT Money ကုမ္ပဏီလီမိတက်၏ အုပ်ချုပ်မှုဒါရိုက်တာ ဖြစ်သူ ဦးခင်မောင်မြင့် မှ ပြောကြားခဲ့သည်။

Photo Source https://web.facebook.com/MPTMoneyOfficial

COVID-19 ရောဂါအခြေအနေများကြောင့် ပြည်သူအများအပြားသည် မိမိတို့၏ နေအိမ်တွင် နေထိုင်ရစဉ် ကာလအတွင်း ငွေပေးချေမှုများ၊ လုပ်ခလစာနှင့်ပင်စင်ဝန်ဆောင်မှုများ၊ Mobile Wallet ဖြင့် ငွေပေးချေခြင်းများ၊ ငွေလွှဲဝန်ဆောင်မှုများ၊ ငွေတောင်းခံလွှာများပေးချေခြင်းနှင့် ဖုန်းလက်ကျန်ငွေ ဖြည့်သွင်းခြင်းများစသည့် MPT Money ၏ မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုများသည် အသုံးပြုသူများအတွက် လိုအပ်သော ရန်ပုံငွေများကို ချက်ချင်းလက်ငင်း ရယူသုံးစွဲနိုင်ပြီး၊ ၎င်းတို့၏ငွေကြေးများကို လုံခြုံစိတ်ချ အဆင်ပြေစွာ စီမံခန့်ခွဲနိုင်မည်ဖြစ်သည်။ MPT Money သည် နိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း ၂၇၈ ခုမှ ကိုယ်စားလှယ် ဆိုင်ပေါင်း ၂၇,၀၀၀ ကျော်ရှိသည့် ကွန်ရက်မှတစ်ဆင့် ငွေကြေးဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိသော မြန်မာနိုင်ငံ၏ အယုံကြည်ရဆုံးနှင့် အမြန်ဆုံး ဒီဂျစ်တယ်ငွေကြေး ဝန်ဆောင်မှုလုပ်ငန်း ဖြစ်ပါသည်။
MPT Money နှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များပိုမိုသိရှိလိုပါက ၉၉၀ သို့ ဆက်သွယ်ခေါ်ဆိုနိုင်ပြီး MPT Money ၏ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာ ဖြစ်သည့် https://web.facebook.com/MPTMoneyOfficial သို့လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။