COVID-19 ကာလအတွင်း NGO အဖွဲ့အစည်းများသို့ M-ပိုက်ဆံ၏ Bulk Payment ဖြင့် ငွေလွှဲပါက အခမဲ့ဝန်ဆောင်မှုပေးမည်

အူရီဒူး M-ပိုက်ဆံမှ လူအများအားတပြိုင်နက် ငွေလွဲပေးပို့ခြင်းစနစ် (Bulk Payment) ဝန်ဆောင်မှုအား NGO အဖွဲ့အစည်းများသို့ “အခမဲ့” ဝန်ဆောင်မှုပေးအပ်ခြင်းဖြင့် COVID-19 ဖြစ်ပေါ်နေစဉ်ကာလအတွင်းတွင် ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်းသိရသည်။
COVID-19 ကမ္ဘာ့ကပ်ရောဂါသည် ပြည်သူလူထု၏ အလုပ်အကိုင်နှင့်အသက်ရှင်ရပ်တည်မှုအပေါ် အနှုတ်သဘော ဆောင်သည့် သက်ရောက်မှုကို ဖြစ်ပေါ်စေပါသည်။ ယခုကဲ့သို့ အချိန်ကာလအတွင်းတွင် ဘဏ္ဍာရေးနှင့် ဆက်စပ်သည့် လုပ်ငန်းများအတွက် အီလက်ထရောနစ်ငွေပေးချေရေးစနစ်သည် အလွန်တရာကိုအသုံးဝင်သော စနစ်တစ်ခုဖြစ်လာပါသည်။

Photo Source https://web.facebook.com/MPitesan/

M-ပိုက်ဆံ၏ Bulk Payment ဝန်ဆောင်မှုသည် လုံခြုံစိတ်ချရခြင်း၊ အဆင်ပြေချောမွေ့ခြင်း နှင့် မြန်ဆန်ခြင်းတို့‌ကြောင့် တစ်နေရာမှ လူအများသို့ တပြိုင်နက်ငွေလွှဲပေးပို့နိုင်ရန်အတွက် အသုံးပြုနိုင်ပါသည်။ အဆိုပါ ဝန်ဆောင်မှုသည် ငွေသားကို လက်ဝယ်ကိုင်ပြီးအသုံးပြုရခြင်းကို အစားထိုးပေးနိုင်မည့်အပြင်ကျန်းမာရေးပညာရှင်များက ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်ဖြစ်သည့် လူတစ်ဦးနှင့်တစ်ဦး နီးကပ်စွာသွားလာဆက်ဆံခြင်းကို လျှော့ချခြင်းတို့အတွက် လိုက်နာကျင့် သုံးနိုင်ရန်လည်း အထောက်အကူဖြစ်စေသည်။
အဆိုပါဝန်ဆောင်မှုပေးထားသော ပလက်ဖောင်းကို အသုံးပြုသူများသည် ရုံးခန်းတွင်းတွင် ရှိနေရုံမျှဖြင့် တစ်နေရာမှ နိုင်ငံအတွင်းရှိအခြားနေရာများမှ ပြည်သူများထံသို့ ငွေလွှဲပေးပို့နိုင်မည်ဖြစ်ပါသည်။ M-ပိုက်ဆံ၏ Bulk Payment ဝန်ဆောင်မှုသည် အလှူငွေများ၊ လစာများနှင့် ပင်စင်များ ပေးပို့ရန်အတွက် အချိန်နှင့်တပြေးညီ လုပ်ကိုင်ဆောင်ရွက် ပေးနိုင်သည့် ဝန်ဆောင်မှုဖြစ်သည့်အပြင် NGO များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်း ကြီးများ အနေဖြင့်လည်း ငွေလွှဲပေးပို့ရန် အသုံးပြုနိုင်သည့် ဝန်ဆောင် မှုမျိုးဖြစ်ပါသည်။
M-ပိုက်ဆံ၏ Bulk Payment ဝန်ဆောင်မှုအသုံးပြုခြင်းဖြင့် ငွေများကို အချိန်နှင့်တပြေးညီ လွှဲပြောင်းပေးပို့နိုင်ပြီး ငွေလွှဲပေးပို့သူ နှင့် ငွေလက်ခံရယူသူ နှစ်ဦးစလုံးသည် SMS မှတဆင့် ငွေလွှဲပို့ခြင်းနှင့် ပတ်သက်သည့် အကြောင်းကြားစာကို လက်ခံရရှိမည် ဖြစ်ပါသည်။ ငွေလက်ခံမည့်သူထံတွင် မိုဘိုင်းဖုန်းနံပါတ်ရှိပါက ငွေလက်ခံမည့်သူပမာဏ အကန့်အသတ်မရှိ M-ပိုက်ဆံဖြင့် ငွေလွှဲပြောင်းပေးပို့နိုင်မည်ဖြစ်သည်။ မြန်မာနိုငငံရှိ ဆက်သွယ်ရေးအော်ပရေတာများ၏ ဆင်းကတ်ကို အသုံးပြုသည့် ငွေလွှဲလက်ခံမည့်သူများအနေဖြင့် အချိန်နေရာမရွေး ငွေလက်ခံရရှိနိုင်မည်ဖြစ်ပါသည်။ နိုင်ငံအနှံ့အပြားရှိ ငွေလွှဲလက်ခံရရှိသူအနေဖြင့် ၎င်းတို့၏အနီးဆုံး M-ပိုက်ဆံကိုယ်စားလှယ်များထံတွင် ငွေသားကို ထုတ်ယူရရှိနိုင်သည့်အပြင် ၎င်းတို့၏ဘဏ်စာရင်းသို့လဲ တဆင့်လွှဲပြောင်းနိုင်သည်။

Photo Source https://web.facebook.com/MPitesan/

“COVID-19 ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပေါ်နေစဉ်ကာလအတွင်းမှာ လူမှုအသိုင်းအဝိုင်းကြားမှာဖြစ်ပေါ်နေတဲ့ အတားအဆီး အခက်အခဲတွေ အဆင်ပြေစေဖို့အတွက် ကြားခံတစ်ခုအနေနဲ့ လူအများအပြားကို ငွေလွှဲပေးပို့လိုတဲ့ NGO အဖွဲ့အစည်းတွေ နဲ့ ကုမ္ပဏီတွေကို ငွေလွှဲပေးပို့ခ မယူဘဲ M-ပိုက်ဆံကနေ ကူညီဆောင်ရွက်ပြီး ဝန်ဆောင်မှုပေးအပ်ပေးမှာဖြစ်ပါတယ်။ အူရီဒူး M-ပိုက်ဆံအဖွဲ့အနေနဲ့ အခုလို ခက်ခဲနေတဲ့အချိန်မှာ မြန်မာပြည်သူလူထုရဲ့ အခက်အခဲတွေ၊ စိုးရိမ်မှုတွေ နဲ့ ပူပန်မှုတွေကို စာနာနားလည်ပါတယ်။ လူမှုပတ်ဝန်းကျင်ကို တာဝန်သိတတ်သော လုပ်ငန်းအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အူရီဒူး M-ပိုက်ဆံကနေပြီး Bulk Payment ငွေလွှဲဝန်ဆောင်မှုအား NGO အဖွဲ့အစည်းများ နဲ့ ကုမ္ပဏီများသို့ အခက်အခဲကြုံတွေ့နေရသူများထံသို့ ကူညီလှူဒါန်းငွေများပေးပို့နိုင်ရန်အတွက် ငွေလွှဲခကို လုံးဝမယူဘဲ “အခမဲ့” ဝန်ဆောင်မှုပေးပြီး COVID-19 ဖြစ်ပွားရေးစဉ်ကာလအတွင်းတွင် ပံ့ပိုးကူညီပေးသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးပြန်လည်ဦးမော့လာစေဖို့နဲ့ COVID-19 မတိုင်ခင်ကာလတုန်းကလိုမျိုး ခွန်အားတွေ လုပ်ဆောင်ချက်တွေ မြန်မာနိုင်ငံမှာ ပြန်လည်ရရှိလာဖို့အတွက် အတူတကွ လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်”ဟ အူရီဒူး M-ပိုက်ဆံ၏ Mobile Money Director ဖြစ်သူ Edmund Barwuah မှ ပြောကြားသည်။
အီလက်ထရောနစ်နစ်ဖြင့် ငွေလွှဲပေးပို့နိုင်သည့် Bulk Payment ငွေလွှဲဝန်ဆောင်မှုကို မည်သည့်အဖွဲ့အစည်းမဆို အသုံးပြုနိုင်ပြီး အသုံးပြုသူများအနေဖြင့် ကုန်ကျစရိတ်သက်သာခြင်းအပြင် တစ်နေရမှ အခြားတစ်နေရာသို့ ငွေလွှဲပေး ပို့ရာတွင် လုံခြုံစိတ်ချရခြင်း၊ မြန်ဆန်ခြင်း၊ လွယ်ကူချောမွေ့ခြင်း တို့ကြောင့် ငွေလွှဲပေးပို့ခြင်းကို စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်နိုင်မှာလည်း ဖြစ်ပါသည်။ အချိန်နေရာမရွေး လုံခြုံစိတ်ချရသည့် နည်းလမ်းများနှင့် အကောင်းဆုံးသော သုံးစွဲသူ ဝန်ဆောင်မှုများကို ပေးအပ်ထားသည့် Bulk Payment ငွေလွှဲဝန်ဆောင်မှုအား အသုံးပြုလိုသော NGO များ၊ လူမှုရေး အဖွဲ့အစည်းများနှင့် ကုမ္ပဏီများအနေဖြင့် အဆိုပါဝန်ဆောင်မှုကို ရယူလိုပါက tkhine2@ooredoo.com.mm သို့ ဆက်သွယ်နိုင်ပြီး အူရီဒူး M-ပိုက်ဆံအဖွဲ့မှာ ကူညီရန် အဆင့်ရှိနေပြီဖြစ်ကြောင်းလည်းသိရသည်။