OpenAI ရဲ့ O1 လုပ်ဆောင်ချက်ထက်ကောင်းမွန်ခဲ့တဲ့ DeepSeek ရဲ့ R1-Lite-Preview AI Model
DeepSeek ဆိုတာကတော့ တရုတ်နိုင်ငံရဲ့ High-Flyer Capital Management ကနေထွက်ပေါ်လာတဲ့ High-performance open-source နည်းပညာကို အဓိကလေ့လာတဲ့ AI ကုမ္ပဏီခွဲတစ်ခုဖြစ်ပါတယ်။ DeepSeek အနေနဲ့ Reasoning-focused large language model (LLM) ဖြစ်တဲ့ R1-Lite-Preview ကို လက်ရှိမှာ အသုံးချနိုင်ဖို့ စမ်းသပ်နေကြပြီ ဖြစ်ပါတယ်။
တစ်ချို့စမ်းသပ်ချက်တွေမှာ R1-Lite-Preview ဟာ OpenAI ရဲ့ o1-preview Model နဲ့ လုပ်ဆောင်ချက်တူတူလုပ်ပေးနိုင်တာတွေရှိသလို၊ ပိုကောင်းတဲ့လုပ်ဆောင်ချက်တွေကို လုပ်နိုင်နေတာမျိုးကိုလည်း တွေ့ရပါတယ်။ ထူးခြားချက်အနေနဲ့ ၂၀၂၄ စက်တင်ဘာလ မှာစမ်းသပ်ခဲ့တဲ့ R1-Lite-Preview Model ဟာ “chain-of-thought” ဆိုတဲ့ ဆက်စပ်တွေးတောနိုင်စွမ်းကို ပြသပေးနိုင်ခဲ့ပြီး အသုံးပြုသူတွေပေးပို့လာတဲ့အချက်အလက်တွေ၊ မေးခွန်းတွေကို အဆင့်ဆင့်နဲ့ ဘာလို့ဒီလိုဖြစ်တယ်၊ ဘာကြောင့်ဒီလိုဖြစ်တယ်ဆိုတာမျိုးအထိ သေသေချာချာရှင်းပြပေးနိုင်ခဲ့ပါတယ်။ တချို့ရှင်းပြထားတဲ့အကြောင်းအရာတွေက အသုံးပြုသူလူသားတွေအတွက် အဓိပ္ပာယ်မရှိတဲ့စာကြောင်းတွေလို့ ပြောလို့ရနိုင်ပေမယ့် DeepSeek-R1-Lite-Preview Model ဟာ သွယ်ဝှိုက်မေးတတ်တဲ့ မေးခွန်းတွေကိုတောင်မှ တိတိကျကျနဲ့ တိုက်ရိုက်ပြန်ဖြေနိုင်အောင် လေ့ကျင့်ပေးထားတဲ့အတွက် ဒီလိုအဓိပ္ပာယ်မရှိတဲ့ အဖြေတွေကတော့ ဖြစ်နိုင်ပါတယ်။ “how many letter Rs are in the word Strawberry?” နဲ့ “which is larger 9.11 or 9.9?” မေးခွန်းတွေကို ဥပမာမေးကြည့်ထားတာကိုလည်း အောက်မှာဖော်ပြပေးထားပါတယ်။
R1-Lite-Preview ကို အသုံးပြုဖို့အတွက် DeepSeek Chat ကို chat.deepseek.com မှာ ဝင်ရောက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကို အခမဲ့အသုံးပြုနိုင်မှာ ဖြစ်ပေမယ့် “Deep Think” အဆင့်မြင့်မော်ဒယ်အမျိုးအစားကိုတော့ တစ်ရက်ကို Message အစောင်ရေ ၅၀ အထိပဲ ကန့်သတ်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။