Metaverse အတွက်ဖန်တီးနေတဲ့ Digital Voice Assistant

Facebook ဟာသူ့ရဲ့ ကုမ္ပဏီကို Meta လို့ပြောင်းပြီးတဲ့အချိန်ကစလို့ အသစ်အသစ်သော လုပ်ဆောင်ချက်တွေကို ဖန်တီးထုတ်လုပ်နေတာဖြစ်ပါတယ်။ Virtual Reality စနစ်အသုံးပြုပြီး အစည်းအဝေးတွေပြုလုပ်နိုင်တဲ့ စနစ်ကို Metaverse ပေါ်မှာ ထည့်သွင်းပေးထားသလို အခုအချိန်မှာလည်း Meta Platforms Inc အနေနဲ့ အသုံးပြုသူတွေ အပိုမိုအဆင်ပြေလွယ်ကူစေဖို့အတွက် Digital Voice Assistant ကိုဖန်တီးနေပြီ ဖြစ်ပါတယ်။ Meta ရဲ့ Digital Voice Assistant က အသုံးပြုသူတွေအတွက် Device တွေကို ထိတွေ့မှုမရှိဘဲ အသုံးပြုခိုင်းစေနိုင်အောင် လုပ်ဆောင် ပေးမှာ ဖြစ်ပါတယ်။

Digital Voice Assistant ကို Metaverse ကိုအသုံးပြုတဲ့အချိန် အသုံးပြုရလွယ်ကူအောင်နဲ့ အသုံးပြုသူတွေကို လမ်းညွှန်ပြပေးနိုင်အောင် ဖန်တီးထားတာဖြစ်တယ်လို့ Chief Executive Officer Mark Zuckerberg က ပြောကြား ခဲ့ပါတယ်။ AI Assistant မှာ နာမည်မရှိသေး ပေမယ့် “Project CAIRaoke” လို့ အမည်ပေးထား ပါတယ်။ 

Photo Source: Meta AI

Project CAIRaoke ဟာအခြား Digital Assistance တွေနဲ့ မတူဘဲအသုံးပြုတဲ့သူနဲ့ Conversation တစ်ခုကိုတောင်ပြောနိုင်ပါတယ်။ စကားပြောနေတဲ့အချိန်မျိုးမှာ မမျှော်လင့်ထားတဲ့မေးခွန်းမျိုးတွေ မေးလိုက်တဲ့ အတွက်လည်း အလျင်အမြန်ပြန်လည်ဖြေကြားပေးနိုင်မယ့် Digital Assistance တစ်ခုဖြစ်ပါတယ်။ လုံခြုံမှုရှိတဲ့ end-to-end encrypted ကိုအသုံးပြုထားတဲ့ AI Model အမျိုးအစားဖြစ်ပြီး အသုံးပြုသူနဲ့ စကားပြောနိုင်ပါတယ်။ ကိုယ်ရဲ့ကိုယ်ပိုင်လက်ထောက်တစ်ယောက်လို ရက်စွဲတွေ၊ Alarm တွေမှတ်ခိုင်းတာ စားသောက်ဆိုင်ရှာခိုင်းတာနဲ့ လေယာဉ်လက်မှတ်ရှာတာကအစ ပြုလုပ်ပေးနိုင်ပါတယ်။

လက်ရှိအချိန်မှာတော့ Device တိုင်းမှာသုံးလို့မရသေးပေမယ့် နောက်နှစ်အနည်းငယ်အတွင်း Project CAIRaoke နည်းပညာဟာ မျိုးဆက်သစ်နည်းပညာတွေထုတ်လုပ်ပြီး အသုံးပြုသူတိုင်းရဲ့ Device တိုင်းမှာပါဝင် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

အသေးစိတ်အချက်အလက်တွေအတွက် Meta AI ရဲ့ Blog Post မှာဖတ်ရှုနိုင်သလို အောက်မှာဖော်ပြထားတဲ့ YouTube Video ကနေလည်း ကြည့်ရှုနိုင်ပါတယ်။