Messenger အသစ်ထပ်မံပါဝင်လာမယ့် Shortcuts များ

လုပ်ဆောင်ချက်အသစ်တွေကို အမြဲမပြတ်ထည့်သွင်းပေးနေတဲ့ Meta အနေနဲ့လည်း Messenger ကိုလည်း Shortcut အသစ်တွေ ထပ်မံထည့်သွင်းပေးတော့မှာ ဖြစ်ပါတယ်။ “@” နဲ့ Chat ထဲက အသုံးပြုသူ တစ်ယောက်ရဲ့ နာမည်ကို တွဲရေးပြီး Mention ပြုလုပ်လို့ရတာကိုတော့ သိထားပြီးသားဖြစ်မှာပါ။ မကြာသေးမှီ ကပဲ Chat ထဲက လူအားလုံးကို သတိထားမိအောင် ခေါ်နိုင်ဖို့အတွက် @Everyone နဲ့ စာတွေကို စိတ်အနှောက်အယှက် မဖြစ်စေဘဲ ပို့ထားနိုင်ဖို့အတွက် @Silent လို Shortcut မျိုးတွေလည်း ထည့်သွင်းထားပါတယ်။

@Everyone ကတော့ Group Chat တစ်ခုထဲကလူတွေအားလုံးသိရှင်အောင် Remind ပြုလုပ်ပေးနိုင်တဲ့ Group Reminder တစ်ခုလို့ ပြောလို့ရပါတယ်။ @silent ကတော့ ကိုယ်စာပို့မယ့်သူက အလုပ်လုပ်တဲ့အချိန်၊ အိပ်နေတဲ့ အချိန်၊ စာလုပ်တဲ့အချိန်၊ အစည်းအဝေးလုပ်နေတဲ့အချိန်မျိုးမှာ Pop-up notification တွေ အသံတွေမပါဘဲ တိတ်တဆိတ်ပို့ပေးမှာ ဖြစ်ပါတယ်။ 

Photo Source: Messenger News

လာမယ့်သတင်းပတ်အတွင်းမှာ ထွက်ရှိလာမယ့် Messenger Update မှာတော့ shortcut အသစ်တွေ အများကြီးကို ထည့်သွင်းပေးထားပါတယ်။ US မှာရှိတဲ့ Messenger အသုံးပြုသူ (iOS and Android Devices) တွေအတွက် /pay shortcut ကိုထည့်သွင်းပေးထားပါတယ်။ အချင်းချင်းငွေပေးချေတဲ့နေရာမှာ ငွေပေးမှာလား တောင်းခံမှာလားရွေးချယ်ပြီး လုံခြုံစိတ်ချစွာ ငွေပေးချေနိုင်မှာ ဖြစ်ပါတယ်။

/gif ဟာလည်း မကြာခင်မှာ iOS အသုံးပြုသူတွေအတွက် စတင်အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ GIF တွေကိုသီးသန့်ရှာနေစရာမလိုတော့ဘဲ Text Bar မှာ /gif နဲ့ကိုယ်ရှာချင်တဲ့ ခေါင်းစဉ်တစ်ခုကိုရိုက်ရှာလိုက်တာနဲ့ သက်ဆိုင်ရာ GIF တွေပေါ်လာမှာ ဖြစ်ပါတယ်။ 

Photo Source: Messenger News

GIF တွေ Sticker တွေမပေါ်သေးတဲ့ကာလမှာ Old-school နည်းလမ်းတစ်ခုအနေနဲ့ Emotion တွေကိုဖော်ပြဖို့

(╯°□°)╯︵ ┻━┻, ¯\_(ツ)_/¯

တွေကိုအသုံးပြုပြီး ပေးပို့ကြပါတယ်။ GIF တွေ Sticker တွေမျိုးစုံပေါ်လာပေမယ့် Old-school style Classic Emotion လေးတွေကိုတော့ တစ်ခါတစ်လေ အမှီမလိုက်နိုင်ကြပါဘူး။ ဒါကြောင့် Meta အနေနဲ့ /shrug & /tableflip ကိုထည့်သွင်းပေးတော့မှာ ဖြစ်ပါတယ်။