လူမှုစံနှုန်းဆိုင်ရာအသေးစိတ်အချက်အလက်များကို Meta မှ ထုတ်ပြန်

နေ့စဉ်နေ့တိုင်း ၎င်းတို့၏ အတွေ့အကြုံများကို မျှဝေရန်၊ သူငယ်ချင်းများနှင့် မိသားစုနှင့် ဆက်သွယ်ရန်နှင့် လူမှုအဖွဲ့အစည်းများ တည်ဆောက်ရန် Facebook ကို အသုံးပြုကြသည်။ ၂ ဘီလီယံကျော်ရှိသည့် လူများအတွက် နိုင်ငံများ၊ ယဉ်ကျေးမှုများ အားလုံးတွင် ဘာသာစကားပေါင်းများစွာဖြင့် ၎င်းတို့ကိုယ်တိုင် လွတ်လပ်စွာ ထုတ်ဖော်ပြော ဆိုနိုင်စေသည့် ဝန်ဆောင်မှုတစ်ခု ဖြစ်သည့်အတွက် လူမှုစံနှုန်းဆိုင်ရာ အချက်အလက်များကို Meta မှ ထုတ် ပြန်ထားသည်။

Photo Source https://www.facebook.com/MetaMM

အဆိုပါ စံနှုန်းများကို လူအများ၏ တုံ့ပြန်ချက်အပြင် နည်းပညာ၊ လူထုဘေးကင်းလုံခြုံရေးနှင့် လူ့အခွင့်အရေးကဲ့သို့ နယ်ပယ်များရှိ ကျွမ်းကျင်ပညာရှင်၏ အကြံဉာဏ်အပေါ် အခြေပြုထားသည်။ လူမှုစံနှုန်းဆိုင်ရာ ထုတ်ပြန်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် အင်တာနက်သည် အလွဲသုံးစားပြုလုပ်နိုင်စေရန် များပြားလှသော အခွင့်အရေးသစ်များကို ဖန်တီးပေးနေကြောင်းကိုလည်း သိရှိပါသည်။ Facebook ပေါ်တွင် လူအများ မြင်တွေ့နေရသည့် အကြောင်းအရာများကို စစ်မှန်မှုရှိစေလိုသည်။ စစ်မှန်မှုသည် မျှဝေရန်အတွက် ပိုမိုကောင်းမွန်သော ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။ ထို့ကြောင့် လွဲမှားဖော်ပြမှုကို Facebook မှ မလိုလားခြင်းပင်ဖြစ်သည်။
(၂) အန္တရာယ်ကင်းရှင်းရေး
လူပုဂ္ဂိုလ်များ၏ ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးကို အန္တရာယ်ဖြစ်စေနိုင်သော အကြောင်းအရာများကို ဖယ်ရှားပါသည်။ လူထုကို ခြိမ်းခြောက်သည့် အကြောင်းအရာသည် အခြားသူများကို ခြိမ်းခြောက်ရန်၊ ဘေးဖယ်ထုတ်ရန် သို့မဟုတ် နှုတ်ဆိတ်နေစေရန် အလားအလာရှိသောကြောင့် ယင်းအကြောင်းအရာကို Facebook ပေါ်တွင် ခွင့်မပြုပါ။
(၃) ကိုယ်ရေးလုံခြုံမှု
ကိုယ်ရေးလုံခြုံမှုရှိလျှင် လူအများအနေဖြင့် လွတ်လပ်စွာ ပြုမူနိုင်ပြီး Facebook ပေါ်တွင် မျှဝေမည့်နည်းလမ်းနှင့် မျှဝေရန် အချိန်တို့ကို ရွေးနိုင်စေကာ ပိုမိုလွယ်ကူစွာ ဆက်သွယ်နိုင်စေသည်။
(၄) ဂုဏ်သိက္ခာ
လူများအားလုံးတွင် တူညီသော ဂုဏ်သိက္ခာနှင့် အခွင့်အရေးများရှိကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။ လူများသည် အခြားသူများ၏ ဂုဏ်သိက္ခာကို လေးစားပြီး အခြားသူများကို နှောင့်ယှက်တိုက်ခိုက်ခြင်း သို့မဟုတ် သိက္ခာချခြင်း ပြုလုပ်လိမ့်မည်မဟုတ်ဟု မျော်လင့်ထားပါသည်။
အသေးစိတ်ကို အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/communitystandards/