Invoice များလေလံတင်ရောင်းချနိုင်သော မြန်မာပြည်ရဲ့ပထမဆုံး “ KyoPay ” Online Platform

မြန်မာပြည်တွင်း နည်းပညာများတိုးတတ်ဖွံ့ဖြိုးလာပြီးသည့်နောက်ပိုင်း Website၊ Facebook တွေဟာ စီးပွားရေး လုပ်ငန်းများအချင်းချင်း ချိတ်ဆက်ရောင်းဝယ်ဖောက်ကားရာနေရာတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ ထိုကဲ့သို့ Online အသုံးပြုခြင်းကြောင့်လည်း လုပ်ငန်းများလွယ်ကူမြန်ဆန်လာခြင်း၊ ပိုမိုထိရောက်လာခြင်းကြောင့် အသုံးပြု သူနေ့စဉ်နှင့်အမျှ ပိုမိုများပြား လာခဲ့တာလည်းဖြစ်ပါတယ်။

Photo Source- https://www.facebook.com/kyopaytech/photos/a.1639115522790958/1639115489457628/?type=3&theater

KyoPay Online Platform အနေဖြင့်မြန်မာပြည်ရှိ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ငွေကြေး လည်ပတ်မှုမြန်ဆန်စေရန်အတွက် အထောက်အကူဖြစ်လာစေရန်ရည်ရွယ်ပြီး ရင်းနှီးမြှုပ်နှံလိုသူလုပ်ငန်းရှင်နှင့် စီးပွားရေးလုပ်ငန်းများအကြား ချိတ်ဆက်ပေးနေခြင်းလည်းဖြစ်ပါတယ်။
လုပ်ငန်းရှင်တို့အနေဖြင့် ၎င်းတို့၏ Invoice များကို Online မှတဆင့် ငွေကြေးရင်းနှီးမှုဆိုင်ရာ လုပ်ငန်းများတွင် စိတ်ဝင် စားသော Client များထံသို့လေလံတင်ရောင်းချကာ ငွေကြေးအဖြစ် ဖန်တီးခွင့်ရရှိအောင် လုပ်ဆောင်ထားခြင်းဖြစ်ပါတယ်။ KyoPay ကိုစီးပွားရေးတက်သစ်စနိုင်ငံများမှာ ငွေကြေးလည်ပတ်မှုလျှင်မြန်စေ ရန်အတွက် ကျင့်သုံးနေသော Business Model ကိုအသုံးပြုထားခြင်းလည်းဖြစ်ပါတယ်။

Photo Source- https://www.facebook.com/kyopaytech/photos/a.1681451508557359/2021536417882198/?type=3&theater

(ဥပမာအနေဖြင့်ဆိုရလျှင်) မိမိကလုပ်ငန်းတစ်ခုပြုလုပ်ပေးသည့်အတွက် ငွေသားမရရှိသေးခင် Invoice တစ်ခုအရင်ဆုံးရရှိ ထားတယ်ဆိုပါစို့။ ငွေသားကလည်း သတ်မှတ်ကာလမှ ထုတ်ယူရမည်။ မိမိတွင်လည်း လုပ်ငန်းလိုအပ်ချက်အတွက် ငွေအမြန်ပေါ်ချင်သည်ဆိုပါက မိမိရရှိထားသော Invoice ကို KyoPay Online Platform တွင် Register ပြုလုပ်ပြီး လေလံ တင်ရောင်းချပေးခြင်းမျိုးဖြစ်ပါတယ်။

Photo Source- https://www.facebook.com/kyopaytech/photos/a.1681451508557359/2005985149437325/?type=3&theater

Register ပြုုလုပ်နိုင်ရန်အတွက် တိကျခိုင်မာသော စာရွက်စာတမ်းအထောက်အထားများတင်သွင်းပြီး Register ပြုလုပ်နိုင်ပါတယ်။ Register ပြုလုပ်ရန်အတွက် လိုအပ်သောအချက်အလက်များမှာလည်း အောက်ပါအတိုင်းဖြစ် ပါတယ်။
စုပေါင်းဝယ်ယူသူအတွက်လိုအပ်တဲ့အချက်အလက်များမှာ

ကိုယ်ရေးအချက်အလက်များအနေဖြင့်
(၁) နိုင်ငံသား မှတ်ပုံတင်
(၂) မှတ်ပုံတင်/ပတ်စ်ပို့ အွန်လိုင်းမိတ္တူ
(၃) တာဝန်ရှိသူ၏ မှတ်ပုံတင်/ပတ်စ်ပို့ အွန်လိုင်းမိတ္တူ (ရှိခဲ့လျှင်)
(၄)ကုမ္ပဏီလိပ်စာသို့ လိပ်မူထားသော ငွေတောင်းခံလွှာနောက်ဆုံး ဘီလ်စာရင်းရှင်းတမ်း (အနည်းဆုံးတစ်စောင်)
(၅) အထွေထွေသုံးဘီလ်များ (လျှပ်စစ်မီး၊ရေ စသည်ဖြင့်)
(၆) ကုမ္ပဏီ၏ဘဏ်စာအုပ်မိတ္တူ /ဘဏ်စာရင်းရှင်းတမ်း တို့ဖြစ်ပါတယ်။

Photo Source- https://www.facebook.com/kyopaytech/photos/a.1681451508557359/1961503757218798/?type=3&theater

လုပ်ငန်းစာရွက်စာတမ်းများ အနေဖြင့်လည်း
(၁) ကုမ္ပဏီမှတ်ပုံတင်ကဒ်
(၂) သင်းဖွဲ့မှတ်တမ်း (ရနိုင်လျှင်)
(၃) သင်းဖွဲ့စည်းမျဉ်း (ရနိုင်လျှင်)
(၄) သင်းဖွဲ့မှတ်တမ်း
(၅) KyoPay ဝက်ဘ်ဆိုဒ်တွင် အကောင့်ပြုလုပ်ရန်နှင့် invoice များရောင်းချရန် သဘောတူညီကြောင်း BOD ဒါရိုက်တာအဖွဲအစည်း၏ ထောက်ခံချက်များ (နိုင်ငံသားမှတ်ပုံတင်အမှတ်များလည်း ဖော်ပြရမည်)
(၆) ပို့ကုန်/သွင်းကုန် လုပ်ငန်းများအတွက် ပို့ကုန်သွင်းကုန် လိုင်စင်များလိုအပ်ပါတယ်။

တစ်ဦးတည်းဝယ်ယူသူများအတွက် လိုအပ်တဲ့အချက်အလက်များမှာလည်း အောက်ပါအတိုင်းဖြစ်ပါတယ်။
ကိုယ်ရေးအချက်အလက်များအနေဖြင့်
(၁) နိုင်ငံသားမှတ်ပုံတင်
(၂) မှတ်ပုံတင်/ပတ်စ်ပို့အွန်လိုင်းမိတ္တူ
(၃) တာဝန်ရှိသူ၏ မှတ်ပုံတင်/ပတ်စ်ပို့ အွန်လိုင်းမိတ္တူ (ရှိခဲ့လျှင်)
(၄)လက်ရှိနေထိုင်ရာလိပ်စာသို့ လိပ်မူထားသော ငွေတောင်းခံလွှာ နောက်ဆုံး ဘီလ်စာရင်းရှင်းတမ်း (အနည်း ဆုံးတစ်စောင်)
(၅) အထွေထွေသုံးဘီလ်များ (လျှပ်စစ်မီး၊ရေ စသည်ဖြင့်)
(၆) ကုမ္ပဏီ၏ဘဏ်စာအုပ်မိတ္တူ /ဘဏ်စာရင်းရှင်းတမ်း တို့ပဲဖြစ်ပါတယ်။

KyoPay တွင် Seller တစ်ယောက်ဖြစ်လာရန်လိုအပ်ချက်တွေထဲက Know-Your-Customer (KYC) လုပ်ငန်းစဉ် မှာ လိုအပ်တဲ့စာရွက်စာတမ်းတွေက အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

Photo Source- https://www.facebook.com/kyopaytech/photos/a.1681451508557359/1961364607232713/?type=3&theater

Seller တစ်ယောက်ဖြစ်ရန် အတွက်လိုအပ်သောစာရွက်စာတမ်းများမှာလည်း
(၁) နိင်ငံသားမှတ်ပုံတင်
(၂) မှတ်ပုံတင်/ပတ်စ်ပို့ အွန်လိုင်းမိတ္တူ
(၃) တာဝန်ရှိသူ၏ မှတ်ပုံတင် ပတ်စ်ပို့ အွန်လိုင်းမိတ္တူ (ရှိခဲ့လျှင်) တို့ဖြစ်ပါတယ်။
လုပ်ငန်းစဉ် အစအဆုံး သိရှိလိုသည်များရှိပါက ( -link from the Monday post ) သို့ ဝင်ရောက်လေ့လာ နိုင်ပါတယ်။

လုပ်ငန်းစာရွက်စာတမ်းများအနေဖြင့်လည်း

(၁)ကုမ္ပဏီလိပ်စာသို့လိပ်မူထားသော ငွေတောင်းခံလွှာ နောက်ဆုံးဘီလ်စာရင်းရှင်းတမ်း (အနည်းဆုံးတစ်စောင်)
(၂) ကုမ္ပဏီ ကုမ္ပဏီ၏ဘဏ်စာအုပ်မိတ္တူ /ဘဏ်စာရင်းရှင်းတမ်း
(၃) ကုမ္ပဏီမှတ်ပုံတင်ကဒ်
(၄) သင်းဖွဲ့စည်းမျဉ်း
(၅) သင်းဖွဲ့မှတ်တမ်း
(၆) ဖောင် 6 , ဖောင် 26
(၇) KyoPay ဝက်ဘ်ဆိုဒ်တွင် အကောင့်ပြုလုပ်ရန်နှင့် invoice များရောင်းချရန် သဘောတူညီကြောင်း BOD ဒါရိုက်တာအဖွဲအစည်း၏ ထောက်ခံချက်များ (နိုင်ငံသားမှတ်ပုံတင်နံပါတ်များလည်း ဖော်ပြရမည်)

Photo Source- https://www.facebook.com/kyopaytech/photos/a.1681451508557359/2005095809526259/?type=3&theater

ဘာကြောင့် KyoPay ကို အသုံးပြုသင့်လဲ။
KyoPay Platform ဟာ ရိုးရှင်းပြီး အသုံးပြုသူများမှ လွယ်ကူစွာနဲ့ မိမိတို့ရဲ့ Invoice များ၊ ငွေလွှဲမှုများနှင့်ငွေပေး ချေမှုလုပ်ငန်းစဉ်များကို ကိုယ်တိုင်လုပ်ဆောင်ခြင်း စောင့်ကြည့်ခြင်းတို့ကို ဆောင်ရွက်နိုင်ပါတယ်။ ငွေပေးချေမှု များမှာ ပြည်တွင်းဘဏ်များနှင့် တိုက်ရိုက်ချိတ်ဆက်ထားခြင်းဖြစ်တာကြောင့် ငွေပေးငွေယူကိစ္စများမှာ လျှင်မြန်ပြီး စိတ်ချယုံကြည်ရပါတယ်။
လုံခြုံစိတ်ချပြီး ပွင့်လင်းမြင်သာမှုရှိခြင်း။
ငွေလွှဲငွေယူလုပ်ငန်းစဉ်များနဲ့ အသုံးပြုသူတို့ရဲ့ အချက်အလက်တွေကိုတိုက်ရိုက်သက်ဆိုင်သော ကာယကံရှင် များသာကြည့်ရှုခွင့် စီမံခန့်ခွဲခွင့်ရှိပါတယ်။
ဈေးပြောင်းလဲခြင်းနှင့် ပြိုင်ဆိုင်မှုရှိခြင်း။
လေလံချိန်အတွင်းမှာရင်းနှီးမြှပ်နှံသူအများအပြားလေလံဆွဲကြခြင်းကြောင့်လည်း လျှော့ဈေးများကို ပြောင်းလဲစေနိုင် စေပါတယ်။ ရောင်းချသူရဲ့ Invoice ဟာ (၅) ရာခိုင်နှုန်းလျှော့ဈေးနဲ့စတင်ခဲ့သော်လည်း လေလံဆွဲသူများမှ ပြိုင်ဆိုင်ရင်း (၄) ရာခိုင်နှုန်း၊ (၃) ရာခိုင်နှုန်း စသည်ဖြင့် လျှော့ချနိုင်စေပါတယ်။ ထိုသို့ လေလံဆွဲစေခြင်းဖြင့်လည်း ရောင်းချသူဘက်မှ ပေးရတဲ့ လျှော့ဈေးရာခိုင်နှုန်းလျော့နည်းသွားပြီး Invoice ရောင်းချသူအတွက် ကုန်ကျစရိတ် သက်သာစေပါတယ်။
KyoPay ကို ၂၀၁၇ ခုနှစ်တွင် Anthem Asia (Myanmar) Limited နှင့် Acudeen Technolgies တို့ပူး ပေါင်းတည်ထောင်ထားခြင်းဖြစ်ပါတယ်။ မြန်မာဘာသာဖြင့် “ ကြိုတင်ပေးချေခြင်း ” ဟူသောအဓိပ္ပါယ်နှင့် “KyoPay” ဟု အမည်ပေးခဲ့ခြင်းဖြစ်ပြီး မြန်မာ့ရိုးရာအရ ကံကောင်းစေသည့် သင်္ကေတအဖြစ်လည်းကောင်း၊ အ မြော်အမြင်ကြီးမားပြီး ဉာဏ်ပညာနှင့်ပြည့်စုံခြင်း အဓိပ္ပါယ်ကိုဖော်ဆောင်ခြင်းဖြင့်လည်းကောင်း ဇီးကွက်ရုပ်ကို KyoPay ၏ အမှတ်တံဆိပ်အဖြစ်အသုံးပြုထားခြင်းဖြစ်ပါတယ်။

KyoPay နှင့်ပတ်သက်၍ info@kyopay.com.mm သို့ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။