အကြိုက်ဆုံး REMAX ထုတ်ကုန်များကို Viber မှတစ်ဆင့် လွယ်ကူစွာ မှာယူရရှိနိုင်

ခေတ်မီနည်းပညာသုံး ပစ္စည်းများနှင့် Lifestyle အသုံးအဆောင်များ ထုတ်လုပ်ရာတွင် ဦးဆောင်နေသည့် အမှတ်တံဆိပ်တစ်ခုဖြစ်သော REMAX သည် ယခုအခါ လူကြီးမင်းတို့၏ လက်တစ်ကမ်းသို့ တရားဝင် ရောက်ရှိလာပြီဖြစ်သည်။ ယခုအချိန်မှ စတင်ပြီး မြန်မာနိုင်ငံမှ သုံးစွဲသူများအနေနှင့် အသစ်ဖွင့်လှစ်လိုက်သည့် REMAX Viber Business Account မှတဆင့် ကုန်ပစ္စည်းများကို ကြည့်ရှုခြင်း၊ မေးမြန်းခြင်းနှင့် တိုက်ရိုက်ဝယ်ယူခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ်သည်။ ၎င်းအစီအစဉ်သည် နေ့စဉ်လူနေမှုဘဝအတွက် မရှိမဖြစ်လိုအပ်သော နည်းပညာပစ္စည်းများကို ယခင်ကထက် ပိုမိုလွယ်ကူလျင်မြန်စွာ ဝယ်ယူရရှိနိုင်စေရန် လုပ်ဆောင်လိုက်သည့် အကောင်းဆုံးသော ခြေလှမ်းတစ်ခုလည်း ဖြစ်ပါသည်။

REMAX ၏ Business Account အသစ် စတင်မိတ်ဆက်ခြင်း အထိမ်းအမှတ်အဖြစ် ၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့ အထိ Viber မှတစ်ဆင့် REMAX ထုတ်ကုန်များကို ဝယ်ယူအားပေးသူတိုင်းအတွက် ၁၀ ရာခိုင်နှုန်း သီးသန့်အထူးလျှော့စျေးကို ပေးအပ်သွားမည်ဖြစ်သည်။ ဝယ်ယူသူများအနေဖြင့် REMAX ၏ အရည်အသွေးမြင့် နည်းပညာပစ္စည်းမျိုးစုံကို စိတ်ကြိုက်ရွေးချယ်ကြည့်ရှုနိုင်မည့်အပြင်၊ မိမိတို့နှစ်သက်သည့် ပစ္စည်းများကို အထူးစျေးနှုန်းဖြင့် အမြန်ဆုံးဝယ်ယူရရှိနိုင်ရန် REMAX Team နှင့်လည်း တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်မည်ဖြစ်သည်။ ဝယ်ယူသူများအနေဖြင့် ဤလင့်ခ် (https://vb.me/remaxviberbusinessaccount) မှတစ်ဆင့် REMAX Viber Store သို့ တိုက်ရိုက်ဝင်ရောက်နိုင်ပါသည်။

Image: Rakuten Viber

“မြန်မာနိုင်ငံမှာရှိတဲ့ ကျွန်တော်တို့ရဲ့ စီးပွားရေးလုပ်ငန်းစုကြီးထဲ REMAX ကို ကြိုဆိုခွင့်ရတဲ့အတွက် အထူးပဲ ဝမ်းမြောက်မိပါတယ်။ Rakuten Viber ဆိုတာက စာတိုပေးပို့ရုံသက်သက်တင် မဟုတ်ဘဲ အမှတ်တံဆိပ်တွေနဲ့ ဝယ်ယူသူတွေကြား ခိုင်မာတဲ့ ဆက်ဆံရေးတွေ တည်ဆောက်ပေးနိုင်တဲ့ ဗဟိုချက်တစ်ခုလည်း ဖြစ်ပါတယ်။ အခုလို Business Account စတင်လိုက်ခြင်းအားဖြင့် REMAX ဟာ မြန်မာနိုင်ငံသားတွေရဲ့ ချိတ်ဆက်မှုပုံစံကို ကောင်းမွန်စွာ အသုံးချနိုင်မှာဖြစ်ပြီး၊ သူတို့နှစ်သက်တဲ့ နည်းပညာပစ္စည်းတွေကို စိတ်ချရပြီး လွယ်ကူချောမွေ့တဲ့ နည်းလမ်းနဲ့ ဝယ်ယူနိုင်အောင် ဖန်တီးပေးလိုက်တာပဲ ဖြစ်ပါတယ်။” ဟု Rakuten Viber ၏ Senior Director APAC ဖြစ်သူ David Tse က ပြောကြားခဲ့သည်။

ဆန်းသစ်တီထွင်မှုနှင့် စတိုင်ကျသော ဒီဇိုင်းများအပေါ် အစဉ်တစိုက် အလေးထားလေ့ရှိသည့် REMAX သည် ခိုင်ခံ့သော အားသွင်းကြိုးများ၊ အားသိုလှောင်မှု ပမာဏမြင့်မားသည့် Power Bank များမှစ၍ အရည်အသွေးမြင့် အသံဖမ်းစနစ်များအထိ မြန်မာနိုင်ငံတွင် လူသိများထင်ရှားပြီးသား အမှတ်တံဆိပ်တစ်ခု ဖြစ်ပါသည်။ ယခုကဲ့သို့ REMAX Viber Business Account ကို စတင်မိတ်ဆက်ခြင်းအားဖြင့် REMAX သည် ခေတ်မီနည်းပညာများကို သုံးစွဲသူတို့၏ နေ့စဉ်လူနေမှုဘဝနှင့် အကောင်းဆုံး ပေါင်းစပ်ပေးနိုင်ရန် ဆက်လက်ကြိုးပမ်းနေခြင်းဖြစ်ပြီး၊ “My Device, My Life” ဟူသည့်အတိုင်း မိမိတို့နှစ်သက်သော ပစ္စည်းများကို မက်ဆေ့ချ်တစ်ခု ပို့လိုက်ရုံဖြင့် အလွယ်တကူ ရရှိနိုင်ရန် ဖန်တီးပေးလိုက်ခြင်းလည်း ဖြစ်ပါသည်။

“ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ သုံးစွဲသူတွေ ရှိတဲ့နေရာတိုင်းမှာ အမြဲတမ်း အတူရှိနေပေးဖို့ပါပဲ။ မြန်မာနိုင်ငံက လူသန်းပေါင်းများစွာအတွက် Viber ဟာ အဓိက ဆက်သွယ်ရေး ဝန်ဆောင်မှုစနစ် တစ်ခု ဖြစ်တာကြောင့် အခုလိုမျိုး တရားဝင် အရောင်းဆိုင်မျက်နှာပြင်တစ်ခု ဖွင့်လှစ်လိုက်တာဟာ သဘာဝကျတဲ့ နောက်ထပ်ခြေလှမ်းတစ်ခု ဖြစ်ပါတယ်။ ဒါဟာ အရောင်းလမ်းကြောင်းသစ်တစ်ခုတင် မဟုတ်ဘဲ ကျွန်တော်တို့ရဲ့ လူမှုအသိုင်းအဝိုင်းနဲ့ တိုက်ရိုက်ထိတွေ့ခွင့်ရမယ့် လမ်းကြောင်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ဦးချင်းစီအတွက် လိုအပ်တဲ့ ဝန်ဆောင်မှုအကူအညီတွေနဲ့ ပိုမိုမြန်ဆန်တဲ့ ဈေးဝယ်ယူမှု အတွေ့အကြုံတွေကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။” ဟု REMAX Myanmar ၏ Assistant Manager ဖြစ်သူ ကိုဟိန်းထက်ဇော်က ပြောကြားခဲ့ပါသည်။

REMAX Viber Business Account မှ တစ်ဆင့် ဈေးဝယ်နည်း

REMAX တွင် ထုတ်ကုန်အမျိုးအစား အမြောက်အမြားရှိသောကြောင့် ပင်မကတ်တလောက် (Catalog) တွင် မပါဝင်သော ပစ္စည်းများကို သိရှိလိုပါက Chat မှတစ်ဆင့် မေးမြန်းစုံစမ်းနိုင်မှာဖြစ်ပါသည်။ အကယ်၍ ထုတ်ကုန်လက်ဝယ်ရှိပါက REMAX အဖွဲ့မှ အော်ဒါတင်ခြင်းကို ဆောင်ရွက်ပေးမည်ဖြစ်ပြီး သတ်မှတ်ထားသော ၁၀% လျှော့စျေးကိုလည်း Chat အတွင်း၌ပင် တိုက်ရိုက်ထည့်သွင်းတွက်ချက်ပေးသွားမည် ဖြစ်ပါသည်။

Image: Rakuten Viber

ဈေးဝယ်သူများ သိထားသင့်သော အဓိကအချက်အလက်များ :
  • Direct Delivery: အော်ဒါများကို REMAX ၏ ပို့ဆောင်ရေးအဖွဲ့မှ တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ပို့ဆောင်ရမည့် ကြာမြင့်ချိန်မှာ မြို့အလိုက် ကွဲပြားနိုင်သော်လည်း ခန့်မှန်းခြေအချိန်များကို Support Team မှ Chat တွင် တိုက်ရိုက် အသိပေး အကြောင်းကြားပေးသွားမည် ဖြစ်ပါသည်။
  • Official Link: အသုံးပြုသူများ မိုဘိုင်းဖုန်းမှ တစ်ဆင့် REMAX Viber Business Account သို့ ဝင်ရောက်ရန် လင့် :  https://vb.me/remaxviberbusinessaccount

Viber Business Account များ အသုံးပြုချင်းအားဖြင့် လုပ်ငန်းရှင်များသည် စိတ်ဝင်စားပြီး ဝယ်ယူလိူသောသူများနှင့် လွယ်ကူလျင်မြန်စွာ ချိတ်ဆက်နိုင်မည့် ပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။ အသုံးပြုသူများ အနေနဲ့ ထုတ်ကုန်ပစ္စည်းများကို အလွယ်တကူ လေ့လာနိုင်ရန် Product Catalogs များ၊ မေးခွန်းများ မေးမြန်းလိုရာတွင် အလိုအလျောက် ပြန်ကြားပေးနိုင်မည့် Automated Responses များနှင့် တစ်ဦးချင်း တိုက်ရိုက်မက်ဆေ့ဂျ်ပေးပို့နိုင်သည့် စနစ်များ ပါဝင်တာကြောင့် စီးပွားရေးလုပ်ငန်းရှင်များသည် ဝယ်ယူလိုသူများကို ထုတ်ကုန်ပစ္စည်း စတင်ရှာဖွေကြည့်ရှုချိန်မှ စ၍  အဆင့်တိုင်းတွင် ချောမွေ့ကောင်းမွန်သော ဝန်ဆောင်မှု အတွေ့အကြုံကို Chat Interface တစ်ခုတည်း၌ပင် ပြည့်စုံစွာ ပေးစွမ်းနိုင်စေမည်ဖြစ်ပါသည်။ Viber အသုံးပြုသူများအနေနှင့် Business Account များအား အခမဲ့ ဖွင့်လှစ်အသုံးပြုနိုင်မည် ဖြစ်ပြီး ပိုမိုစိတ်လှုပ်ရှားဖွယ် ကောင်းသည့်လုပ်ဆောင်ချက်အသစ်များကိုလည်းမကြာမီဆက်လက်မိတ်ဆက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။ Viber Business Account နှင့် ပတ်သက်၍ အသေးစိတ် ထပ်မံသိရှိလိုပါက https://vb.me/smbbestpractices_mm တွင် ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။