စုံလင်တဲ့ ငွေကြေးဝန်ဆောင်မှုတွေရရှိနိုင်တဲ့ Easy Pay Digital Payment Application

Easy Pay ဆိုတာကတော့ မိုဘိုင်းလ်ဖုန်းတစ်လုံးရှိရုံနဲ့ ဘဏ်သွားစရာမလိုဘဲ ဘယ်အချိန် ဘယ်နေရာမှာမဆို ငွေလွဲတာနဲ့ ငွေကြေးဆိုင်ရာ လုပ်ငန်းတွေကို ယုံကြည်စိတ်ချပြီး မြန်မြန်ဆန်ဆန်နဲ့ လွယ်လွယ်ကူကူ အသုံးပြုနိုင်တဲ့ Digital Payment Application တစ်ခု ဖြစ်ပါတယ်။ မိုဘိုင်းလ်ဖုန်း ဒါမှမဟုတ် အနီးအနားမှာရှိတဲ့ Easy Pay ကိုယ်စားလှယ်၊ Myanmar Mobile Money ကိုယ်စားလှယ်၊ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့စာတိုက်တွေကနေ လုံခြုံမှုရှိပြီး စိတ်ချလက်ချ ငွေလွှဲနိုင်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။  Easy Pay က သုံးစွဲသူတွေကို လုံခြုံစိတ်ချရတဲ့ ငွေလွှဲခြင်းနဲ့ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုတွေကို ပေးစွမ်းနိုင်မှာ ဖြစ်တဲ့အတွက် အသုံးစွဲသူတွေရဲ့ ငွေကြေးကိစ္စအဝဝကို Easy Pay ကတစ်ဆင့် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

Photo source https://www.facebook.com/easypaymobilemoney/

Easy Pay ကိုတော့ တစ်ခြား Digital ငွေလွှဲ Application တွေလိုပဲ လွယ်လွယ်ကူကူအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။  Easy Pay App ကိုစတင်အသုံးပြုမယ်ဆိုရင်တော့ အသုံးပြုသူရဲ့ အမည်၊ Email ဖုန်းနံပါတ်တွေနဲ့ အကောင့်ဖွင့်ဖို့လိုမှာ ဖြစ်ပါတယ်။  Easy Pay အကောင့်ကနေ ငွေပေးသွင်းခြင်း ဒါမှမဟုတ် ငွေသားထုတ်ယူခြင်းတွေကို နီးစပ်ရာ Easy Pay ကိုယ်စားလှယ်ဆိုင်ကိုသွားရောက်ပြီး အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။ Easy Pay ရဲ့ ငွေကြေးဝန်ဆောင်မှုအားလုံးကို လျှို့ဝှက် PIN နံပါတ်နဲ့ လုံခြုံအောင် ကာကွယ်ပေးထားပါတယ်။ Easy Pay အကောင့်မရှိတဲ့သူတွေအတွက်လည်း MPT/MEC/Telenor ကိုင်ဆောင်ထားတဲ့ မည်သူကိုမဆို ငွေပေးပို့ ငွေလက်ခံနိုင်မှာ ဖြစ်ပါတယ်။

Easy Pay ဝန်ဆောင်မှုကို Application ကမဟုတ်ဘဲ SMS နဲ့လည်း အသုံးပြုနိုင်ဦးမှာ ဖြစ်ပါတယ်။ ကိုယ်အသုံးပြုတဲ့ MPT/MEC/Telenor ဖုန်းနံပါတ်နဲ့ ၁၆၆၆ ကို Join လို့ SMS ပေးပို့ပြီးလည်း ဝန်ဆောင်မှုကို စတင်အသုံးပြုနိုင်ပါတယ်။ Easy Pay Application မှာ Registration ပြုလုပ်တဲ့အချိန်က SMS ပေးပို့တဲ့ PIN No. ကိုအသုံးပြုပြီး အကောင့်ထဲ ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။ အကောင့်ဖွင့်ထားတဲ့ Non KYC user အနေနဲ့ကတော့ အများဆုံး နှစ်သိန်းကျပ် ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ KYC အဆင့်ကို ဆက်ပြီး တိုးမြင့်အသုံးပြုမယ်ဆိုရင်တော့ User Level Upgrade ပြုလုပ်ပြီးတော့ အများဆုံး ကျပ်သိန်းနှစ်ဆယ် အထိ ထည့်သွင်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အဆင့် နှစ်ခုလုံးအတွက် တစ်ရက်ကို ငွေလွဲမှုနှုန်းအကြိမ်ရေ ၅ ကြိမ်စီပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Photo source https://www.facebook.com/easypaymobilemoney/

Easy Pay Application ကို ငွေလွဲတာတွေအပြင် ရုပ်ရှင်ရုံ၊ စားသောက်ဆိုင်၊ Shopping Center တွေမှာရှိတဲ Easy Pay Merchant တွေဆီကနေ ဝယ်ယူပြီး ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေအတွက် ငွေပေးချေမှုပြုလုပ်နိုင်ပါသေးတယ်။ ဖုန်းငွေဖြည့်ခြင်းနဲ့ Data Package တွေဝယ်ယူနိုင်တဲ့အပြင် မိမိကြည့်ရှုနေတဲ့ Sky Net စက်ကိုလည်း သက်တမ်းတိုးပေးနိုင်ခြင်း၊ လာလာကြည့် ပညာရေးနဲ့ TV Channel Application အတွက် Package ဝယ်ယူနိုင်ခြင်း၊ မြန့်မာ့အာမခံလုပ်ငန်း၊ တိုင်းရင်းဆေးဝါးထုတ်လုပ်သူ လုပ်ငန်းရှင်တွေအနေနဲ့လည်း တိုင်းရင်းဆေးဝါးမှတ်ပုံတင် သက်တမ်းတိုးခြင်းနဲ့ တိုင်းရင်းဆေးဝါးကြော်ငြာဆိုင်ရာကိစ္စရပ်တွေ စတဲ့ တိုင်းရင်းဆေးပညာဦးစီးဌာနရဲ့ ဝန်ဆောင်မှုတွေအတွက် Easy Pay ကနေ လွယ်ကူမြန်ဆန်စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ပင်စင်လစာတွေကိုလည်း သွားရောက်ထုတ်ယူစရာမလိုတော့ဘဲနဲ့ Easy Pay Application ကိုအသုံးပြုပြီး ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။

Photo source https://www.facebook.com/easypaymobilemoney/

အပြင်ထွက်စရာမလိုဘဲ Stream Card တွေဝယ်ယူပြီး ဂိမ်းတွေလဲဆော့ကစားနိုင်မယ့်အပြင် Google Play, Amazon Gift Card, ဝန်ဇင်းနဲ့ အခြား Gift Card တွေကိုလည်း ဝယ်ယူနိုင်ဦးမှာ ဖြစ်ပါတယ်။ Internet အသုံးပြုဖို့အတွက် ananda နဲ့ Myanmar Net ကိုလည်း တစ်နေရာတည်း စုံစုံလင်လင်နဲ့ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ Easy Pay အသုံးပြုသူတွေအနေနဲ့ အသုံးပြုရလွယ်ကူပြီး ကိုယ်စားလှယ်ဆိုင်တွေကို ရှာရလွယ်ကူစေဖို့အတွက် မိမိနေထိုင်တဲ့ ပြည်နယ်နဲ့တိုင်း၊ နေထိုင်တဲ့မြို့နယ်ကိုရွေးချယ်ပြီး အနီးစပ်ဆုံး ကိုယ်စာလှယ်ရှိတဲ့နေရာတွေကို ဖော်ပြပေးတဲ့အတွက် အသုံးပြုရအဆင်ပြေစေမှာ ဖြစ်ပါတယ်။

ထပ်မံသိရှိလိုတဲ့အချက်အလက်တွေကိုတော့ Easy Pay ရဲ့ Hotline number 0969800896 ကိုခေါ်ယူနိုင်မှာြဖစ်ပြီး အောက်ပါ လင့်ခ်တွေကနေလည်း ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Facebook Page  https://www.facebook.com/easypaymobilemoney/

Website  http://www.easypay.com.mm/index.html