Mytelမှ ရန်ကုန်မြို့တော်ဘဏ်နှင့် ပူးပေါင်း၍ MytelPay မှ အခွန်များပေးချေနိုင်ရန် သဘောတူစာချုပ်လက်မှတ်ရေးထိုး

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သည့် Mytel သည် ပြည်သူများ၏ နေ့စဉ်လုပ်ဆောင်ချက်များနှင့် ရန်ကုန်စည်ပင်သာယာရေးကော်မတီ၏အခွန်များပေးဆောင်ရာတွင် ပိုမိုချောမွေ့စေရန် MytelPay အပ်ပလီကေးရှင်းမှ တစ်ဆင့် လွယ်ကူစွာပေးဆောင်နိုင်ရန်အတွက် ၂၀၂၀ ခုနှစ် မေလ ၅ ရက်နေ့ နေ့လည် ၁ နာရီ ၄၅ မိနစ်ခန့်တွင် ရန်ကုန်မြို့တော်ဘဏ် နှင့်ပူးပေါင်း၍ သဘောတူစာချုပ်လက်မှတ် ရေးထိုးခဲ့ပြီးဖြစ်ကြောင်းသိရသည်။
Mytel သည် ယခုဖြစ်ပွားလျက်ရှိသော အခြေအနေနှင့်စပ်လျဉ်း၍ အစိုးရနှင့် ပြည်သူများ၏ စိုးရိမ်ပူပန်နေမှုများကို ကောင်း မွန်စွာနားလည်သည့်အတွက် တိုင်းပြည်၏ လိုအပ်သည့်နေရာများတွင် ကူညီပံ့ပိုးပေးရန်အသင့်ရှိပြီး အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနမှဦးစီး၍ ယခုကမ္ဘာ့ကပ်ရောဂါကြီးကို ကာကွယ်၊ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အတတ်နိုင် ဆုံး ပါဝင်ကူညီအားဖြည့်ပေးသွားမည်ဖြစ်ကြောင်းလည်းထုတ်ပြန်ထားသည်။

Photo Source https://www.facebook.com/mytelmyanmar

” Mytel အနေနဲ့ သုံးစွဲသူ အများပြည်သူအတွက် အဆင်ပြေလွယ်ကူတဲ့ ဝန်ဆောင်မှုမျိုးပေးနိုင်အောင် အမြဲကြံဆနေပါတယ်။ ဒီနေ့မှာဆိုရင် MytelPayကတစ်ဆင့် စည်ပင်အခွန်အမျိုးမျိုးကို အလွယ်တကူပေးဆောင်နိုင်အောင် Mytelနဲ့ ရန်ကုန်မြို့တော်ဘဏ်တို့သဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီအခွန်ဆောင်တဲ့ဝန်ဆောင်မှုကို မေလထဲမှာ သုံးစွဲသူတွေအနေနဲ့ စတင် အသုံးပြုနိုင်မှာဖြစ်ပါသည်။ ဒီဝန်ဆောင်မှုကို အသုံးပြုပြီး မြေခွန်၊ ပစ္စည်းခွန်၊ ရေခွန်၊ အမှိုက်နှင့် အညစ်အကြေးခွန်တို့ကို MytelPayကနေတစ်ဆင့် ပေးသွင်းနိုင်မှာဖြစ်ပါတယ်။ COVID 19 ကပ်ရောဂါဖြစ်ပွားနေတဲ့အတွက် social distancing လုပ်ဖို့ အရေးကြီးတဲ့အချိန်မှာ MytelPayကိုအသုံးပြုပြီး စည်ပင်ခွန်တွေ အိမ်ထဲကနေ အိမ်ပြင်မထွက်ပဲ ပေးနိုင်မှာဖြစ်လို့ သုံးစွဲသူတွေအတွက် အရမ်းအဆင်ပြေစေမယ်လို့ ယုံကြည်ပါတယ်” Mytel ၏ ပြင်ပဆက်ဆံရေးအရာရှိချုပ် ဦးဇော်မင်းဦးမှ ပြောကြားသည်။
အဆိုပါ သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအား ရန်ကုန်မြို့တော်ဘဏ်၌ ကျင်းပခဲ့ပြီး အခမ်းအနားသို့ Mytel ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Hoang TrungThanh၊ ရန်ကုန်မြို့တော်ဘဏ်၏ အထွေထွေမန်နေဂျာ ဦးကျော်ဝင်း နှင့် Global Fintech Company ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးအောင်ဝင်းမြတ်တို့ တက်ရောက်ခဲ့ကြပြီး သဘောတူ စာချုပ်ကို Mytel ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Hoang TrungThanh နှင့် ရန်ကုန်မြို့တော်ဘဏ်၏ အထွေထွေမန်နေဂျာ ဦးကျော်ဝင်းတို့မှ လက်မှတ်ရေးထိုးကာ ရန်ကုန်မြို့တော်ဘဏ်၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးကျော်သန်းမှအတည်ပြုခဲ့ကြောင်းသိရသည်။

Photo Source https://www.facebook.com/mytelmyanmar

ပြည်သူများအနေဖြင့် MytelPay အသုံးပြုပြီး မြေခွန်၊ ပစ္စည်းခွန်၊ ရေခွန်၊ အမှိုက်နှင့် အညစ်အကြေးခွန်တို့အား ပေးဆောင်နိုင်မည်ဖြစ်သည်။ အဆိုပါဝန်ဆောင်မှုအား မေလတွင် စတင်အသုံးပြုနိုင်ရန်စီစဉ်ထားပါသည်။ Mytel FTTH သုံးစွဲသူများအနေဖြင့် အိမ်ကနေတစ်ဆင့် အဆင်ပြေလွယ်ကူစွာ MytelPay မှတစ်ဆင့် ငွေပေးချေနိုင်ရုံသာမက ၅ ရာခိုင် နှုန်း လျှော့ဈေးပါရရှိနိုင်မည်ဖြစ်ပါသည်။
Mytel သည် အထူးသဖြင့် ယခုကဲ့သို့ ခက်ခဲကျပ်တည်းသောကာလများတွင် မိမိနိုင်ငံအား အကူအညီဖြစ်စေနိုင်မည့် ဝန်ဆောင်မှုများနှင့် ပိုမိုကောင်းမွန်သောအတွေ့အကြုံများ ပေးနိုင်ရန် ဆက်လက်တီထွင်သွားမည်ဖြစ်သည်။ ထို့အပြင် Mytel သည် ဆန်းသစ်သောတီထွင်မှုများနှင့် ဝန်ဆောင်မှုများ၏ ဖွံ့ဖြိုးတိုးတက်ရေးအား အထူးအာရုံစိုက်လျက်ပြီး မြန်မာပြည်သူတို့ အတွက် ကောင်းမွန်သောအနာဂတ်ကို ဖန်တီးပေးနိုင်ရန် ဆက်လက်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လည်းထုတ်ပြန်ထားသည်။

Photo Source https://www.facebook.com/mytelmyanmar

Mytel ကုမ္ပဏီသည် ၂၀၁၆ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံဆက်သွယ်ရေး ဈေးကွက်သို့ နောက်ဆုံး ဝင်ရောက်လာ သည့် ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီဖြစ်သည်။ မြန်မာနိုင်ငံတွင် ဝန်ဆောင်မှုပေးနေသော ဆက်သွယ်ရေးအော်ပရေတာ ၁၁ ခုနှင့် ချိတ်ဆက်ပြီး ရှေ့ပြေးဈေးကွက်များတွင် ဆယ်စုနှစ်တစ်ခုကျော်တိုင် အတွေ့အကြုံရှိသည့် ဗီယက်နမ် ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီ Viettel နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။ Mytelသည် မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် သုံးစွဲသူအကြိုက်ဝန်ဆောင်မှုများကို ကြိုးပမ်းလုပ်ဆောင်ပေးရင်း နောက်ဆုံးပေါ်နည်းပညာများနှင့် ဆက်သွယ်ရေး ေဈေး ကွက်အား အရှိန်အဟုန်မြှင့်ကာ မြန်မာပြည်သူပြည်သားများအတွက် ဈေးနှုန်းသက်သာပြီး အရည်အသွေးကောင်းမွန်သည့် ဝန်ဆောင်မှုများကို အဓိကပေးအပ်သွားမည်ဖြစ်သည်။ Mytelသည် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် အကျယ်ပြန့်ဆုံး 4.5 G ကွန်ရက်နှင့် ခေတ်အမီဆုံး ဆက်သွယ်ရေးအခြေခံအဆောက်အဦးများ ထောက်ပံ့ပေးပြီး ဒစ်ဂျစ်တယ်စနစ်သို့ ကူးပြောင်း ရန်နှင့် မြန်မာပြည်သူပြည်သားတို့၏ လူနေမှုဘဝများကို စွမ်းအားမြှင့်တင်ရန် ဆောင်ရွက်ပေးနေသော ဆက်သွယ်ရေးကွန် ရက်တစ်ခုဖြစ်လာစေရန် ရည်ရွယ်သည်။ MyIDသည် Mytel မှ ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် မိတ်ဆက်ပေး လိုက်သော သုံးစွဲသူများအတွက် အံ့ဩဖွယ်ရာ အရေးပါသည့်လုပ်ဆောင်ချက်များပါဝင်သည့် စူပါ app ဖြစ်သည်။ MyID တွင် မြောက်များလှစွာသော ဖျော်ဖြေရေးအစီအစဉ်များ၊ အဆင့်မြင့်စာတိုပေးပို့ခြင်း၊ ဖုန်းခေါ်ဆိုခြင်း၊ Mytel၏ ဝန်ဆောင်မှု များကို စီမံခန့်ခွဲခြင်း၊ MyID Loyalty ကို အသုံးပြု၍ ခံစားခွင့်များနှင့် ကူပွန်များလဲလှယ်ခြင်းနှင့် အခြားသော ဝန်ဆောင်မှုများ စွာပါဝင်သည်။
အသေးစိတ်အချက်အလက်များကို ပိုမိုသိရှိလိုပါက အောက်ပါ Link တွင် ဝင်ရောက်ကြည့်ရှု့နိုင်သည်။
https://www.facebook.com/mytelmyanmar