MPT Money မှ လွယ်ကူစွာငွေပေးချေမှုများအတွက် ဒီဂျစ်တယ် ငွေပေးချေမှု ဝန်ဆောင်မှုကို မိတ်ဆက်

မြန်မာနိုင်ငံတွင် အယုံကြည်ရဆုံး ဒီဂျစ်တယ် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်သည့် MPT Money သည် လူမှုအဖွဲ့အစည်းကို ထောက်ပံ့ကူညီနိုင်စေရန် မိုဘိုင်းလ်ဖုန်းမှ တစ်ဆင့် မြန်ဆန်၊ လွယ်ကူ စိတ်ချရသော ငွေသားကိုင်တွယ်သုံးစွဲဖို့မလိုတဲ့ ဒီဂျစ်တယ် ငွေပေးချေမှု’ ဝန်ဆောင်မှုကို စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါဖြစ်ပွားနေမှု အခြေအနေကြောင့် မိမိတို့နေအိမ်မှပင် ငွေပေးချေမှုများကို လွယ်ကူလျင်မြန်စွာနှင့် လုံခြုံစွာ ပြုလုပ်နိုင်စေရန် ရည်ရွယ်၍ အဆိုပါဝန်ဆောင်မှုအသစ်ကို မိတ်ဆက်လိုက်ခြင်းဖြစ်သည်။ ဒီဂျစ်တယ်ငွေပေးချေမှု ဝန်ဆောင်မှု အသုံးပြုသူများအနေဖြင့် ငွေပေးချေမှုများကို အမျိုးမျိုးသော ဝန်ဆောင်မှုများ၊ စာရင်းသွင်းဝန်ဆောင်မှုနှင့် ကိုယ်စားလှယ်ဆိုင်များ၊ ကေဘယ်လ်တီဗီ အင်တာနက် ဝန်ဆောင်မှု အတွက် ငွေပေးချေခြင်း နှင့် Steam® Wallet သို့ငွေဖြည့်ခြင်း အပါအဝင် အခြားသော ဝန်ဆောင်မှုများကို လွယ်ကူစွာပြုလုပ်နိုင်မည်ဖြစ်သည်။
MPT Money သည် နိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း ၂၈၀ ကျော်မှ ကိုယ်စားလှယ်ဆိုင်ပေါင်း ၂၇,၀၀၀ ကျော်ရှိသည့် ကိုယ်စားလှယ်ကွန်ရက်မှတစ်ဆင့် ငွေကြေးဝန်ဆောင်မှုများကို ပေးအပ်လျက် ရှိပြီး Mobile Wallet ဝန်ဆောင်မှု၊ ငွေလွှဲခြင်း၊ ဖုန်းဘေလ်ဖြည့်ခြင်းနှင့် ဒေတာပက်ကေ့ချ်များ ဝယ်ယူနိုင်ခြင်း၊ဈေးဝယ်ရာ၌ ငွေပေးချေနိုင်ခြင်း၊ မိမိအကောင့်ထဲမှ ငွေသားကို MPT Money ကိုယ်စားလှယ်ဆိုင်များနှင့် CB Bank ATM စက်များတွင် ငွေသွင်းငွေထုတ် ပြုလုပ်နိုင်ခြင်း စသည့် ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုများ ကို ပေးအပ်လျက်ရှိပါသည်။

Photo Source https://www.facebook.com/MPTMoneyOfficial

MPT Money အက်ပလီကေးရှင်း ကို မည်သည့် မိုဘိုင်းလ်ကွန်ရက်ဖြင့် မဆို အသုံးပြုနိုင်သည်။ Android အသုံးပြုသူများအနေဖြင့် MPT Money အက်ပလီကေးရှင်းကို http://bit.ly/MPTMoneyAndroid နှင့် iOS အသုံးပြုသူများအနေဖြင့် http://bit.ly/MPTMoney_iOS မှ download ရယူ၍ ဒီဂျစ်တယ် ငွေပေးချေမှု ဝန်ဆောင်မှုမှ ပေး သော စိတ်လှုပ်ရှားဖွယ်ကောင်းသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်သည်။
COVID-19 အခက်အခဲကာလအတွင်း MPT Money သည် စိတ်လှုပ်ရှားဖွယ်ရာ အကျိုးခံစားခွင့်များနှင့် ကမ်းလှမ်းမှုများကို သုံးစွဲသူများထံသို့ ဝန်ဆောင်မှုများ ပေးသွားမည် ဖြစ်သည်။
MPT Money အသုံးပြုသူများအနေဖြင့် MPT ဆင်းမ်ကတ်များကို ငွေဖြည့်သွင်းရာတွင် ပြန်အမ်းငွေ ၁၀ ရာခိုင်နှုန်း နှင့် အခြားဆင်းမ်ကတ်များကို ငွေဖြည့်သွင်း ရာတွင် ပြန်အမ်းငွေ ၃ ရာခိုင်နှုန်းကို E-money အဖြစ် (သတ်မှတ်ထား သည့်ပမာဏအတွင်း) မေလ ၃၁ ရက်အထိ ရရှိခံစားနိုင်မည် ဖြစ်သည်။
ထို့အပြင် ဈေးဆိုင်များ၌ ငွေပေးချေမှုပြုလုပ်ရာတွင် တစ်ပတ်လျှင် ၅၀,၀၀၀ ကျပ် အထိ ဝယ်ယူမှုတိုင်းအတွက် ပြန်အမ်းငွေ ၁၀ ရာခိုင်နှုန်းကို MPT Money အသုံးပြုသူများအတွက် မေလ ၃၁ ရက်အထိ ပြန်လည်ပေးအပ်သွားမည်။“ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေကို ချဲ့ထွင်ဖို့ ဆက်လက်ကြိုးစားနေသလို MPT Money ဟာအခုဆိုရင် မြန်မာနိုင်ငံမှာ အယုံကြည်ရဆုံးနဲ့ အပြည့်စုံဆုံး ဒီဂျစ်တယ်ငွေလွှဲဝန်ဆောင်မှုတစ်ခုအဖြစ် လူသိများပြီးလာပြီလို့ ဆိုရမှာပဲဖြစ်ပါတယ်။ အထူးသဖြင့် အခုလို ခက်ခဲတဲ့အချိန်တွေမှာ ငွေကြေး သုံးစွဲသူတွေရဲ့ ဘဝကို ပိုမိုလွယ်ကူစေဖို့ လုပ်ဆောင်ရ လွယ်ကူပြီး အပြည့်အဝ လုံခြုံစိတ်ချရတဲ့ ဒီဂျစ်တယ် ငွေပေးချေမှု ဝန်ဆောင်မှုကို မိတ်ဆက်ပေးလိုက်ပြီပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ငွေရေးကြေး ရေး ကဏ္ဍမှာ အထောက်အကူပြုနိုင်ဖို့အတွက် ဆက်လက်လုပ်ဆောင်ရင်း MPT Money ဟာ သုံးစွဲသူတွေကို အကောင်းဆုံး ဒီဂျစ်တယ် ငွေကြေးဝန်ဆောင်မှုနဲ့ မိုဘိုင်းလ်ငွေပေးချေမှု အတွေ့အကြုံကောင်းတွေ ပေးအပ်သွားဖို့ ကြိုးပမ်းဆောင်ရွက် လျက်ရှိပါတယ်”ဟု MPT Money ကုမ္ပဏီလီမိတက်၏ အုပ်ချုပ်မှုဒါရိုက်တာ ဖြစ်သူ ဦးခင်မောင်မြင့်မှ ပြောကြားခဲ့သည်။

Photo Source https://www.facebook.com/MPTMoneyOfficial

MPT Money သည် ၎င်း၏ Lucky Draw အစီအစဉ်မှ ကံထူးရှင်များကို ၂၀၂၀ ပြည့်နှစ် မေလ ၄ ရက်နေ့ က ကြေညာပေးခဲ့ပြီးဖြစ်သည်။ Grand Prize ဆုကြီး ငွေကျပ် ၁၀ သိန်းကံထူးရှင်နှင့် ငွေကျပ် ၁ သောင်းကံထူးရှင်များကို ရွေးချယ်ခဲ့ပြီး MPT Money မှတစ်ဆင့် ကံထူးရှင်များဆီသို့ လွှဲပြောင်းပေးအပ်သွားမည် ဖြစ်သည်။
MPT Money နှင့် ပတ်သက်၍ အချက်အလက်များပိုမိုသိရှိလိုပါက ၉၉၀ သို့ ဆက်သွယ်ခေါ်ဆိုနိုင်ခြင်း (သို့မဟုတ်) MPT Money Official Facebook Page တစ်ခုဖြစ်သော အောက်ပါ Link မှဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/MPTMoneyOfficial