မြန်မာလူငယ်တွေအတွက် Facebook ပေါ်ကပညာရေး Page များ…..

ဒီတစ်ခါစာရေးသူဖော်ပြပေးမယ့်အကြောင်းအရာကတော့ လူငယ်တွေအတွကပညာရေးသတင်းတွေပေးမယ့််facebook ပေါ်က page ငါးခုကိုဖော်ပြပေးသွားပါမယ်။
ပြည်တွင်းပညာရေးကိုသာမကပြည်ပ,ပညာရေးကိုပါမျက်ခြေမပျက်ချင်တဲ့ကျောင်းသားတွေ၊ သင်ယူသူတွေအတွက်အသင့်တော်ဆုံး facebook page ငါးခုုုဖြစ်ပါတယ်။

MYEO

MYEO ရဲ့ အရှည်ကောက်ကတော့ Myanmar Youth Empowerment Opportunities ပဲဖြစ်ပါတယ်။ ဒီ page လေးကတော့စာရေးသူအကြိုက်ဆုံး page ပါ။ ဒီ page မှာလက်တလော scholarship သတင်းတွေကိုစောစီးလျှင်မြန်စွာသိနိုင်ပါတယ်။ အချိန်နဲ့တပြေးညီပညာရေးသတင်းတွေကိုတင်ပေးနေတာပါ။ ပြည်ပ,ပညာရေးကိုစိတ်ဝင်စားတဲ့ကျောင်းသားတွေအတွက်အလွန်ကိုသင့်တော်တဲ့ page ပါ။

Image Source: https://www.myeo.info

နိုင်ငံခြားတက္ကသိုလ်တွေကကမ်းလှမ်းတဲ့ပညာသင်ဆုတွေ၊ နိုင်ငံတကာပညာရေးနှီးနှောဖလှယ်ပွဲပရိုဂရမ်တွေ၊Fellowship တွေအပြင် အလုပ်လုပ်ရင်းကျောင်းတက်ချင်တဲ့ကျောင်းသားတွေအတွက်အလုပ်သင်ပရိုဂရမ်တွေကိုလည်းဒီ page မှာ သတင်းရယူနိုင်ပါတယ်။ ဒါ့အပြင် အပတ်စဉ်သောကြာနေ့မှာလူကြိုက်အများဆုံးပညာရေးဆိုင်ရာခေါင်းစဉ်တစ်ခုကိုစီနီယာကျောင်းသားကြီးတွေနဲ့ live chat လွှင့်ပေးပါတယ်။ စနေနေ့ဆိုရင်လည်းခေါင်းစဉ်တစ်ခုသတ်မှတ်ပြီးစီနီယာကြီးသုံးယောက်ရဲ့ပညာသင်ဆု အတွေ့အကြုံတွေ၊ အခက်အခဲဖြေရှင်းနည်းတွေ၊ ပညာသင်ဆုရဖို့သူတို့ဘယ်လိုုပြင်ဆင်ခဲ့တယ်ဆိုတာတွေကိုလည်း live chat ထုတ်လွှင့်ပေးပါတယ်။ Online learning ပေးနေတဲ့ ဝက်ဘ်ဆိုဒ်တွေကိုလည်းဒီ page ကညွှန်းပေးပါတယ်။ ပြည်ပ,ပညာသင်ဆုတွေအများဆုံးရှာဖွေနိုင်တဲ့ page ဆိုလည်းမမှားပါဘူး။ ဒီတော့ကောင်းကွက်တော်တော်များတဲ့ MYEO Page လေးကို https://mobile.facebook.com/myeo.hub မှာ Like ပေးပြီး MYEOer အဖြစ်ပညာရေးအခွင့်အလမ်းတွေကိုအရယူလိုက်ပါ။

Myanmar Education Directory- EDGE

မြန်မာပညာရေးလမ်းညွှန်ဆိုတဲ့အတိုင်းမြန်မာပြည်ကပညာရေးသတင်းတွေကိုအဓိကရယူနိုင်မယ့် page ဖြစ်ပါတယ်။ နိုင်ငံတကာပညာသင်ဆုတွေကိုလည်းတင်ပေးတဲ့ page ပါ။ မြန်မာတက္ကသိုလ်တွေနဲ့ပက်သက်တဲ့သတင်းတွေကိုအချိန်နှင့်တပြေးညီဒီ page မှာဖတ်ရှုနိုင်ပါတယ်။ တက္ကသိုလ်ဝင်တန်းတွေနဲ့တက္ကသိုလ်ကျောင်းသားတွေအတွက်အားထားရာမြန်မာ့ပညာရေး page တစ်ခုလဲဖြစ်ပါတယ်။

Image Source: https://www.sayar.com.mm

ပညာသင်ဆုတွေ၊ ပညာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်တွေနဲ့ လက်တလောပညာရေးသတင်းတွေကိုမျက်ခြေမပြတ်ချင်ဘူးဆိုရင်တော့ https://mobile.facebook.com/myanmareducationdirectory ဆိုတဲ့ Facebook Page လေးကို Like လုပ်ထားလိုက်ပါ။ သူ့ရဲ့ဝက်ဘ်ဆိုဒ်ဖြစ်တဲ့ https://www.edge.com.mm မှာလည်းသတင်းတွေ၊ ဆောင်းပါးတွေကိုဝင်ရောက်ဖတ်ရှုလို့ရပါတယ်။

Myanmar Scholarship News

ဒီ page ကတော့ နိုင်ငံတကာပညာသင်ဆုအကြောင်းတင်ပေးတာများပါတယ်။ နိုင်ငံတကာပညာသင်ဆုတွေစုံစုံလင်လင်တင်ပေးလေ့ရှိပါတယ်။ Page ရဲ့လိပ်စာလေးကတော့ https://mobile.facebook.com/myanmar.scholarship.news ပါ။

Image Source: https://www.facebook.com

ဒီ page ဟာ group အနေနဲ့လည်းဖွဲ့စည်းထားပါသေးတယ်။ https://mobile.facebook.com/groups/myanmar.scholarship.news ဆိုတဲ့သူ့ရဲ့ Public group ထဲမှာဝင်ရောက်ပြီးသတင်းတွေရယူပြီးမျှဝေပေးလို့လည်းရပါတယ်။

edX

edX ကတော့မြန်မာ page မဟုတ်ပါဘူး။ နိုင်ငံခြား page တစ်ခုပါ။ စာရေးသူကတော့ဒီ page ကိုအတော်လေးသဘောကျပါတယ်။ ဘာလို့လဲဆိုတော့ဒီ page မှာ online learning ကိုကမ္ဘာ ့ထိပ်တန်းတက္ကသိုလ်တွေရဲ့သင်တန်းပေးတာတွေကိုပာသင်ကြားနိုင်လို့ပဲဖြစ်ပါတယ်။ စာရေးသူကတော့အခု Oxford ကပေးတဲ့အခမဲ့စီးပွားရေးသင်တန်းတစ်ခုကိုအွန်လိုင်းကနေတက်နေပါတယ်။

Image Source: http://mooc.es/members/edx/

သင်တန်းတစ်ခုမှာဆိုရင်ကမ္ဘာ ့ထိပ်တန်းတက္ကသိုလ်တွေကဆရာ၊ ဆရာမတွေကိုယ်တိုင်ပြောပြထားတဲ့သင်ခန်းစာတွေ၊ ဗီဒီယိုတွေ၊ ဆွေးနွေးမှုတွေ စတာတွေပါဝင်မှာဖြစ်တဲ့အပြင်ဒီသင်တန်းကိုတက်နေတဲ့အခြားနိုင်ငံကကျောင်းသားတွေနဲ့ပါဆွေးနွေးမှုတွေလုပ်နိုင်မှာဖြစ်ပါတယ်။ ဘာသာရပ်တွေဟာလည်း သိပ္ပံ၊ လူမှုသိပ္ပံ၊ နည်းပညာ၊ ခေါင်းဆောင်မှုပညာ၊ ကွန်ပျူတာ၊ စီးပွားရေး၊ နိုင်ငံရေး စသဖြင့်စုံလင်စွာအခမဲ့လေ့လာနိုင်ပါတယ်။ လေ့လာမှုတွေကိုတော့ https://www.edx.org ဆိုတဲ့ဝက်ဆိုဒ်မှာစာရင်းသွင်းပြီးအခမဲ့လေ့လာန်ိုင်ပါတယ်။ သူ့ရဲ့ facebook page ဖြစ်တဲ့ https://mobile.facebook.com/edX မှာတော့လေ့လာနိုင်မဲ့ဘာသာရပ်တွေရဲ့သတင်းတွေကိုတင်ပေးထားပြီး ပညာသင်ဆုဝက်ဘ်ဆ်ိုဒ်မဟုတ်တဲ့အတွက်ကိုယ်တိုင်လေ့လာစရာတွေပဲများမှာပါ။ အကောင်းဆုံးတွေကိုလေ့လာနိုင်မယ့် page တစ်ခုလို့ဆိုချင်ပါတယ်။

Futurelearn

ဒီ page လေးကလည်းအတော်ဘဝင်ကျစရာပါ။ British Council ကနေတိုက်ရိုက်ပေးနေတဲ့အွန်လိုင်းသင်တန်းတွေကိုဒီနေရာမှာအားရပါးရလေ့လာနိုင်ပါတယ်။

Image Source: http://learning-guide.futurelearn.com

အခမဲ့သင်တန်းတွေဖြစ်တဲ့အပြင်အချို့သင်တန်းတွေဆိုရင် certificate ပါပေးပါတယ်။ အဆင်မြင့် certificate တွေကိုအခပေးမှာယူလို့ရပါတယ်။ ဘာသာစကားလေ့လာမှု၊ အင်္ဂလန်နိုင်ငံအကြောင်း၊ ဥရောပရဲ့အကြောင်းတွေပါလေ့လာနိုင်တဲ့အပြင် သိပ္ပံ၊ စက်မှု၊ နည်းပညာ၊ နိုင်ငံရေး၊ စာပေ၊ စီးပွားရေး စသဖြင့်သင်တန်းတွေစုံလင်လှပါတယ်။ Topic တွေနဲ့သင်တန်းပေးတာတွေလည်းရှိပါတယ်။ နိုင်ငံတကာမှာလူကြိုက်အများဆုံးဖြစ်တဲ့ IELTS စာမေးပွဲအကြောင်း၊ ပြင်ဆင်နည်းတွေကိုလည်းလေ့လာနိုင်ပါသေးတယ်။ သင်တန်းတွေမှာ ဗီဒီယိုတွေ၊ ဆွေးနွေးမှုတွေ၊ ကိုယ်တိုင်စမ်းသပ်ဖြေဆိုနိုင်မဲ့စာမေးပွဲအသေးစားလေးတွေလည်းပါဝင်ပါတယ်။ အင်တာနက်ဘေကုန်တာနဲ့တန်အောင်လေ့လာနိုင်မယ့် Futurelearn ပါ။ သူ့ရဲ့ facebook page ကတော့ https://www.futurelearn.com ပါ။ Like ကလေးလုပ်ပြီးလေ့လာစရာတွေရှာဖွေလိုက်ပါ။

ဝက်ဆိုဒ်ဖြစ်တဲ့ https://mobile.facebook.com/FutureLearn မှာတော့စာရင်းသွင်းပြီးလေ့လာမှုတွေကိုစတင်နိုင်ပြီဖြစ်ပါတယ်။

…ဖော်ပြခဲ့တာတွေကတော့စာရေးသူကိုယ်တိုင်ကျင်လည်လေ့လာနေတဲ့ကောင်းမွန်တဲ့ပညာရေး page နဲ့ ဝက်ဆိုဒ်တွေဖြစ်ပါတယ်။ စာဖတ်သူတို့ရဲ့လေ့လာခြင်းခရီးစဉ်မှာတစ်စုံတစ်ခုအကျိုးပြုစေဖို့မျှော်လင့်ရင်းနိဂုံးချုပ်ပါရစေ။

Khin Nyein Chan