ပြည်တွင်းခရီးသွားတွေအတွက် ဆောင်ထားသင့်တဲ့ ခရီးသွားမှတ်စု App

မြန်မာပြည်တွင်းတစ်နေရာကနေတစ်နေရာကို ခရီးတွေကို အမြဲလိုလိုသွားလာနေရတဲ့သူပဲဖြစ်ဖြစ် ခရီးအဝေးကြီးမဟုတ် တောင် ရန်ကုန်မြို့တွင်းတစ်နေရာကနေ အခြားတစ်နေရာကိုသွားလာသည်ဖြစ်စေ မသွားခင်ကတည်းက သွားလာမယ့်လမ်း ကြောင်း ဘယ်လိုအနေအထားနဲ့အနီးစပ်ဆုံးမှာဘာတွေရှိနိုင်ဖို့ဆိုတာကြိုသိထားတော့ ပိုအဆင်ပြေစေပါတယ်။

Photo Source- Screenshot by Myanmar Tech Press

ခရီးဝေးတွေသွားလို့ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှာ ကိုယ်ရောက်နေတဲ့မိုင်တိုင်အမှတ် ဘယ်လောက်ရှိပြီး ဘယ်မြို့ နဲ့အနီးဆုံးမှာ ရောက်နေလဲဆိုတာကအစ သိရှိနိုင်တော့ ကိုယ့်အတွက်တစ်မျိုးတစ်ဖုံအကျိုးရှိစေပြန်ပါတယ်။ ခရီးမသွား ဖူးတဲ့သူတွေဆိုရင်လည်း ခရီးမသွားခင်ကိုယ်သွားမယ့်နေရာနဲ့ မိမိအိမ်ကိုလမ်းကြောင်းဆွဲကြည့်ရှုနိုင်ဖို့အတွက် ခရီးသွား မှတ်စု( ExpressWay Note) Mobile Application က များစွာအထောက်အကူပြုစေပါတယ်။
ခရီးသွားမှတ်စု (ExpressWay Note) App ကိုသုံးစွဲသူများအနေဖြင့် မြန်မာနိုင်ငံအတွင်း ခရီးသွားလာရာမှာအထောက်အကူ ဖြစ်စေရန်ရည်ရွယ်ချက်ဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး အသုံးပြုရလည်းလွယ်ကူစေအောင် မြန်မာဘာသာဖြင့်ဖော်ပြပေးထားပါ တယ်။ ခရီးသွားတဲ့အခါမှာလည်း Internet ဖွင့်ပြီး မြေပုံအသုံးပြုကာ မိမိတို့သွားရောက်လိုသော နေရာများကိုမှတ်သားထား နိုင်ခြင်း၊ မှတ်သားထားသောနေရာများကို လမ်းကြောင်းဆွဲကာ အကွာအဝေး၊ မိုင်နှုန်း၊ ကြာမြင့်ချိန်တို့ကို ကြည့်ရှုနိုင်ခြင်း၊ သိမ်းဆည်းထားနိုင်ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။

Photo Source- Screenshot by Myanmar Tech Press

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်ကနေ ခရီးသွားတဲ့အခါအနီးဆုံးမိုင်တိုင်များကိုလည်း ခရီးသွားမှတ်စု App က အင်တာ နက်အသုံးပြုစရာ မလိုပဲ GPS ဖွင့်ပြီးကိုယ်ရောက်နေတဲ့နေရာရဲ့အနီးဆုံးမိုင်တိုင်ကိုကြည့်ရှုနိုင်သလို ရောက်ရှိနေတဲ့နေရာရဲ့ အနီးဆုံးမြို့ကိုလည်း ကြည့်ရှုနိုင်ပါတယ်။

Photo Source- Screenshot by Myanmar Tech Press

ခရီးတွေသွားလို့ ယာဉ်စီးနေတဲ့အခါမှာလည်း မောင်းနှင်နေတဲ့ ယာဉ်အမြန်နှုန်းကို အင်တာနက်ဖွင့်ပြီးမြေပုံအသုံးပြုကာကြည့် ရှုနိုင်သလို မိမိသွားရောက်လိုသည့်နေရာကို မသွားခင်ကြိုတင်ထည့်သွင်းသတ်မှတ်ထားပြီး ရောက်ခါနီးတွင်ကြိုတင်အသိ ပေးနိုင်သော GPS Alarm စနစ်ကိုလည်းထည့်သွင်းထားနိုင်ပါတယ်။

Photo Source- Screenshot by Myanmar Tech Press

မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အဝေးပြေးယာဉ်ရပ်နားစခန်းများရှိ ယာဉ်လိုင်းများ၏ ဖုန်းနံပါတ်များပါရှိပြီး မိမိရွေးူချယ်အသုံး ပြုမည့် ယာဉ်လိုင်းတည်နေရာနှင့်အ ဝေးပြေးကားဂိတ်ကို မြေပုံအသုံးပြုကြည့်ရှုနိုင်ပါတယ်။ အရေးကြီးဖုန်းနံပါတ်တွေဖြစ်တဲ့ အမြန်လမ်းပေါ်ရှိ ရဲစခန်းဖုန်းနံပါတ်များ၊ နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့ နယ်ရဲစခန်းဖုန်းနံပါတ်များကို ထည့်သွင်းဖော်ပြထားပါတယ်။

Photo Source- Screenshot by Myanmar Tech Press

မိမိရောက်ရှိနေသည့်နေရာကို မှတ်သားကာ အသိမိတ်ဆွေသူငယ်ချင်းများထံပေးပို့ခြင်းနှင့် အသိမိတ်ဆွေများမှ ပေးပို့လာ သောတည်နေရာများကိုလည်းထည့်သွင်းမှတ်သားကာ မြေပုံပေါ်မှလမ်းကြောင်းဆွဲကြည့်ရှုနိုင်ပါတယ်။ ဖုန်းထဲမှာအလွယ် တကူထည့်သွင်းထားရုံနဲ့ခရီးတွေသွားတဲ့အခါ များစွာအသုံးဝင်စေပါတယ်။
အောက်ဖော်ပြပါ Link မှ Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.ebzits.expresswaynote