Digital Yangon Mobile Application စတင်မိတ်ဆက်အသုံးပြု

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ(DEDC) နှင့်ကျော်တံတားမြို့နယ်မှ သက် ဆိုင်ရာဌာနများတို့ ပူးပေါင်းစီစဉ်ဆောင်ရွက်ထားသော Digital Yangon Application မိတ်ဆက်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ် မတ်လ ၂၅ ရက်၊ ညနေ (၃) နာရီအချိန်တွင် ကျောက်တံတားမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအ ဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ Application သည် ဌာနဆိုင်ရာများမှ တိုက်ရိုက်ထုတ်ပြန်ထားသော သတင်းနှင့်အချက်အလက်များကို ပင်မစာမျက်နှာ တွင် ကြည့်ရှုဖတ်သားနိုင်ပြီး ပြည်သူများမှလည်း ဌာနဆိုင်ရာများသို့ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ အကြောင်းကြားနိုင်သော Mobile Application တစ်ခုဖြစ်သည်။ အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာတို့ဖြင့် ဝင်ရောက်ဖတ်ရှုနိုင်ပြီး ဇော်ဂျီဖောင့်နှင့် ယူနီ ဖောင့်နှစ်ခုစလုံးသုံးစွဲနိုင်ရန်ပြုလုပ်ထားသည်။

Photo Source- Screenshot by Myanmar Tech Press

ပင်မစာမျက်နှာတွင် ဖော်ပြထားသောသတင်းနှင့်အချက်အလက်များကိုလည်း Facebook ကဲ့သို့ Like၊ Comment၊ Share ပြုလုပ်နိုင်ရန် ဖော်ပြထားပြီး Documents များအနေဖြင့် ဥပဒေအကြောင်းအရာအချို့ဖြစ်သော Educational Technology၊ ရန် ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ၊ နိုင်ငံသားများကာကွယ်စောင့်ရှောက်ပေးသည့်ဥပဒေ စသည်တို့ကို ဖော်ပြထားသည်။

Photo Source- Screenshot by Myanmar Tech Press

ဌာနဆိုင်ရာများသို့ အကြောင်းကြားရာတွင်အဆင်ပြေစေရန်အတွက် ချန်နယ်နေရာတွင် လျှပ်စစ်မီးအန္တရာယ်ဖြစ်ရပ်များနှင့်ပတ် သက်၍ အကြောင်းကြားခြင်း၊ ရေပိုက်ပေါက်ခြင်းနှင့်ပတ်သက်၍ အကြောင်းကြားခြင်း၊ စည်ပင်သာယာနယ်နမိတ်အတွင်း အမှိုက် နှင့်သန့်ရှင်းရေးကိစ္စရပ်များနှင့်ပတ်သက်၍အကြောင်းကြားခြင်း၊ ယာဉ်အိုယာဉ်ဟောင်းများရပ်နားခြင်းနှင့်ပတ်သက်၍အကြောင်း ကြားရန်၊ လမ်းပလက်ဖောင်ရေမြောင်းများ ပျက်စီးနေခြင်းနှင့်ပတ်သက်၍အကြောင်းကြားရန် စသည့် အကြောင်းအရာများကို စာရေးသားပေးပို့အကြောင်းကြားနိုင်စေရန် ပြုလုပ်ထားသည်။

Photo Source- Screenshot by Myanmar Tech Press

ဥပမာ-ရေပိုက်ပျက်နေပါက ရေပိုက်ပျက်နေသည့်နေရာအား ဓာတ်ပုံရိုက်ကာ ပြောကြားလိုသောအကြောင်းအရာများကို ရေး သားကာ ပို့မည်ဆိုသည့်နေရာကို နိုပ်လိုက်ရုံဖြင့် ပေးပို့နိုင်လိုက်ပါက ပေးပို့သူထံသို့ Ticket No တစ်ခုပြန်လည်ရရှိမည်ဖြစ်သည်။ သက်ဆိုင်ရာဌာနမှ ပြန်လည်အကြောင်းကြားသည်များကိုလည်း သိရှိနိုင်မည်ဖြစ်သည်။ အဆိုပါ Application ကိုအသုံးပြုရန်အ တွက်လည်း အင်တာနက်နှင့် GPS ကို ဖွင့်ပြီးအသုံးပြုရမည်လည်းဖြစ်သည်။

အဆိုပါ Digital Yangon Mobile Application ကို အသုံးပြုလိုပါကလည်း Play Store တွင် ဝင်ရောက် Install ပြုလုပ်နိုင်ပြီး ဖုန်းနံပါတ်ဖြင့် Registration ပြလုပ်ရမှာဖြစ်ပါတယ်။ မိမိဖုန်းနံပါတ်၊ အမည်၊ နေထိုင်ရာမြို့နယ် တို့ကို ရေးသားဖော်ပြပြီး Registration ပြုလုပ်လိုက်ပါက ပေးပို့လာသော ဂဏန်းနံပါတ် (၆) လုံးကို ရိုက်ထည့်ပြီး Login ဝင်ရောက်နိုင်မည်ဖြစ်သည်။
Digital Yangon Application Version မှာ 1.142 ဖြစ်ပြီး ကိုအောက်ပါ Link မှဝင်ရောက် Install ပြုလုပ်နိုင်သည်။
https://play.google.com/store/apps/details?id=dc.digitalyangon