ဈေးသက်သက်သာသာနဲ့ Gym တွေကိုတစ်ရက်ချင်း ဘိုကင်လုပ်နိုင်မယ့် Flexible Pass

အခုနောက်ပိုင်း gym သွားခြင်းအလေ့အထ မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်ကြားများပိုမိုရေးပန်းစားလာတာတွေကိုတွေ့မြင်ရမှာပါ။Gym ကစားခြင်းဟာ ဝိတ်ကျဖို့ လှပဖို့အတွက်တစ်ခုထဲမဟုတ်ဘဲ ကျန်းမားရေးအတွက်ပါကောင်းမွန်စေတဲ့အတွက် လူအများက အလှအပရောကျန်းမာရေးအတွက်ပါ ဆော့ကစားလာကြပါတယ်။ သို့သော် gym ကစားခြင်းအလေ့အထမှာ တစ်ပတ်တစ်လနဲ့တော့ ထူးထူးခြားခြားပြောင်းလဲမှုက သိသာပြောင်းလဲလာမှာမဟုတ်ပါဘူး။ အချိန်တော်တော်ကြာကြာ ဇွဲရှိရှိနဲ့ဆော့ကစားမှသာ ထူးခြားသိသာပြောင်းလဲမှုကိုရရှိမှာပါ။ ဒီပြသနာကလဲ gym ကစားသူတော်တော်များများမှာ တွေ့ကြုံရတဲ့ပြသနာပါ။ ဒါ့ကြောင့်လဲ Gym ကစားဖို့ Gym ရွေးချယ်တဲ့နေရာမှာ အိမ်နားနီးတာကိုရွေးချယ်ဖို့ တော်တော်များများကအကြံပေးကြတာပါ။ သို့သော် အိမ်နားနီးတဲ့ Gym ကိုရွေးချယ်သော်ငြား တစ်ခါတစ်လေ အလုပ်ကိစ္စနဲ့အပြင်သွားရတာတို့ကြောင့် ကိုယ်က တစ်ခြားကိုရောက်နေတဲ့အခါ အိမ်နားက Gym ကိုပြန်မသွားနိုင်တော့ပဲ Gym ပြတ်ရတဲ့ ကိစ္စမျိုးတွေရှိလာပါတယ်။ Gym ဆိုတာပြတ်ရက်တွေများလာရင်လဲ ပြန်မသွားချင်တော့တာမျိုးဖြစ်တက်ပါတယ်။ ထိုသို့သော ကိစ္စတွေကြောင့် Gym ပြတ်ခြင်းမဖြစ်ရလေအောင် Flexible ဖြစ်တဲ့ Gym တွေကိုရွေးချယ်နိုင်မယ့် Flexible Pass ရှိနေပါတယ်။

Photo Source- https://www.flexiblepass.com/

Flexible Pass application ဟာဆိုရင် Gym ပေါင်း ၈၀ ကျော်နဲ့ တစ်ခြားသော အားကစားရုံတွေမှာ မန်ဘာလုပ်စရာမလိုဘဲ တစ်နေ့ချင်းဆော့လို့ရအောင် စီစဉ်ထားတာဖြစ်ပါတယ်။ ဒါအပြင် Gym တစ်ခုနဲ့တစ်ခုမှာ Special Class တွေပေးတာလဲ မတူညီတာကြောင့် Flexible Pass ကနေ ကိုယ်ကြိုက်နှစ်သက်တဲ့ Special Class တွေကိုရွေးချယ်ပြီး သွားလို့ရတဲ့ အစီအစဉ်လဲရှိပါတယ်။ Flexible Pass ဟာ Gym တစ်ခုထဲအတွက် အသုံးပြုနိုင်တာမဟုတ်ဘဲ ယောဂ၊ ရေကူးခြင်း၊boxing၊ Indoor Skydiving၊ Fitness Club၊ Ice Arena၊ Laser Arena၊ Paintball၊ Horse Riding၊ Breakout၊ Tennis၊ Bootcamp၊ Bouldering၊ Squash၊ Soccer၊ Futsal နဲ့Self Dense စတဲ့ Activites တွေကိုလုပ်နိုင်တဲ့နေရာတွေလဲ ပါဝင်ပါသေးတယ်။

Photo Source- https://www.flexiblepass.com/

Flexible Pass ကိုအသုံးပြုမှာ – Flexible Pass တွင်ပါဝင်သော Fitness Activites ၁၅ခုထဲမှ မိမိကြိုက်နှစ်သက်ရာ တစ်မျိုးကိုရွေးချယ်ပြီး သင်နဲ့အနီးဆုံးမှာရှိတဲ့ gym ကိုရှာဖွေပါ သို့မဟုတ် နာမည်နေရာ အမျိုးအစားကို sort& filterလုပ်ပြီးရွေးချယ်ပါ။ မတူညီတဲ့အမျိုးအစားပေါင်း ၁၀၀ ကို လက်တစ်ချပ်နှိပ်ရုံနဲ့ သင်ကြိုတင်ဘိုကင်လုပ်နိုင်ပါပြီ။ Gym ရောက်တဲ့အခါ ထိုဘိုကင်လုပ်ထားတာကိုပြပြီး ကစားရုံပါပဲ။

Photo Source- https://www.flexiblepass.com/

Point တွေကိုဘယ်လိုဝယ်ယူမလဲ

ဘိုကင်လုပ်မယ်ဆို အရင်ဆုံး Point တွေကိုဝယ်ယူရပါမယ်။ Pointsတွေမှာ ၃၀၊ ၅၀ နဲ့ ၁၀၀ ဆိုပြီးသုံးမျိုးရှိပါတယ်။ ၃၀ ကိုအမေရိကန်ဒေါ်လာ ၃၀၊ ၅၀ ကို အမေရိကန်ဒေါ်လာ ၅၀ နဲ့ ၁၀၀ ကို အမေရိကန်ဒေါ်လာ ၁၀၀ ကျသင့်ပါတယ်။ ဝယ်ယူလိုပါက “Buy” တွင် မိမိဝယ်ယူလိုတာရွေးချယ်ကာ ဘဏ်၊ အွန်လိုင်း၊ သို့မဟုတ် Wave money တစ်ခုခုနဲ့ငွေပေးချေဖို့ရွေးချယ်ရမှာဖြစ်ပါတယ်။ မြန်မာကျပ်ငွေသို့မဟုတ် ကျပ်နဲ့ပေးချေလို့ရပါတယ်။ Promotion အစီအစဉ်တွေလဲရှိသေးတာမို့ Promo code တွေကိုအသုံးပြုလို့ရပါတယ်။ promo code တွေကိုအသုံးပြုပြီး point တွေကိုဝယ်မယ်ဆိုရင် အပိုတွေကိုရရှိသွားမှာဖြစ်ပါတယ်။

Photo Source- https://www.flexiblepass.com/

Booking လုပ်တဲ့နေရာမှာ မိမိပြုလုပ်လိုတဲ့ gym ရဲ့တစ်နေ့တာ pass ကို point တွေနဲ့တွက်ချက်ပေးတာဖြစ်ပါတယ်။ View Info မှာဝင်ရောက်ပြီးလဲ gym ရဲ့ ပုံတွေကိုဝင်ကြည့်နိုင်ပါတယ်။ Flexible Pass ကိုရန်ကုန် တင်မကဘဲ မန္တလေးတွင်ပါ အသုံးပြုနိုင်ပါပြီ။ Flexible Passနဲ့ဆိုရင် ရန်ကုန်မြို့မှာ ရှိတဲ့ Gymတွေ Sport Activitiesတွေကို ပုံမှန်ထက် ပိုသက်သာတဲ့ဈေးနဲ့ သွားကစားနိုင်ပြီဖြစ်ပါတယ်။

Download link-https://play.google.com/store/apps/details?id=com.flexiblepass.androidapp