မိသားစုတိုင်းဆောင်ထားသင့်သည့် maymay mobile application

မိန်းကလေးတွေအများစုမှာဖြစ်တတ်တဲ့ ကျန်းမာရေးဆိုင်ရာပြဿနာတွေက တချို့အကြောင်းအရာတွေက ဘယ်လိုဖြေရှင်း ရမယ်ဆိုတာသိကြပေမယ့် တချို့အကြောင်းအရာတွေကျတော့လည်း ဖြေရှင်းရမယ့်နည်းလမ်းတွေကို မသိတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ ကိုယ်မသိသေးတဲ့ မိန်းကလေးသဘာဝဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာတွေကို လေ့လာသိရှိထား တော့ တစ်ခုခုဖြစ်လာခဲ့ရင် ဖြေရှင်းရတာလွယ်ကူသလို မိတ်ဆွေသူငယ်ချင်းတွေကိုလည်း ပြန်လည်မျှဝေလို့ရတာကလည်း အကျိုးရှိစေပါတယ်။

Photo Source- https://www.facebook.com/maymayapp/

ကိုယ်ဝန်ဆောင်မိခင်တွေမှာလည်း ကျန်းမာရေးဆိုင်ရာဗဟုသုတတွေများစွာလိုအပ်ပါတယ်။ ဆောင်ရန်/ရှောင်ရန်တွေကို သိရှိထားမှသာ မိခင်ကိုယ်တိုင်ကကျန်းမာပြီး မွေးဖွားရလွယ်ကူစေနိုင်တဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ လေ့လာ ထားသင့် တာကိုလေ့လာထားတာက အမှားမရှိပါဘူး။ ရင်းနှီးတဲ့မိသားစုဆရာဝန်နဲ့တိုင်ပင်သည်ဖြစ်စေ၊ ကိုယ်ဝန်ဆောင် မိခင်တစ်ဦး ကျန်းမာရေးသိမှတ်ဖွယ်ရာတွေကို ဖတ်ရှုလေ့လာသည်ဖြစ်စေ စတဲ့လေ့လာတိုင်ပင်ခြင်းတွေက မွေးဖွားလာမယ့် သားသမီးရတနာတွေကိုလည်း ကျန်းမာသန်စွမ်းစွာမွေးဖွားလာတဲ့အတွက် ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ဖန်တီး တည်ဆောက်နိုင်ကြမှာပါ။

Photo Source- https://www.facebook.com/maymayapp/

ခုနောက်ပိုင်းမှာ ကျန်းမာရေးဆိုင်ရာကဏ္ဍတွေနဲ့ပတ်သက်ပြီး အမျိုးသမီးတွေနဲ့ကိုယ်ဝန်ဆောင်မိခင်တွေ အသုံးများလာကြ တဲ့ Mobile Application တစ်ခုကတော့ MayMay Mobile Application ပါ။ MayMay Facebook Page မှာလည်းဝင်ရောက် လေ့လာကြသလို Like (၃)သိန်းကျော်ရှရှိထားတဲ့ Page တစ်ခုလည်းဖြစ်ပါတယ်။ အမျိုးသမီးများ၊ ကိုယ်ဝန်ဆောင်မိခင်များ အတွက် ဖုန်းထဲမှာထည့်သွင်းထားပြီး ဖတ်ရှုလေ့လာသင့်ပြီး အသုံးပြုရလွယ်ကူအောင် ပြုလုပ်ထားတဲ့ Mobile Application တစ်ခုလည်းဖြစ်ပါတယ်။Source- Screenshot by Myanamr Tech Press

 

maymay Mobile application အသုံးပြုမည့်သူများအနေဖြင့် အရင်ဆုံး Play Store မှာဝင်ရောက် Install ပြုလုပ်ပြီး ဖုန်းနံပါတ်နဲ့ဝင်ရောက်နိုင်အောင် ပြုလုပ်ထားပါတယ်။ ဗမာ၊ ပိုးကရင်၊ စကောကရင်၊ မွန်၊ ရှမ်း၊ ရခိုင်၊ ကချင် စတဲ့ ဘာသာစကား (၇) မျိုးနဲ့အသုံးပြုလို့ရအောင်ပြုလုပ်ထားပြီး အသုံးပြုသူရွေးချယ်ရန်နေရာမှာလည်း အမျိုးသမီး၊ အမျိုးသား၊ အတူအသုံး ပြုသူစုံတွဲ၊ ကျန်းမာရေးဝန်ထမ်း စတာတွေကို ရွေးချယ်ဝင်ရောက်ရမှာဖြစ်ပါတယ်။

Photo Source- Screenshot by Myanamr Tech Press

maymay Mobile Application မှာမိန်းကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များလေ့လာစရာ ကျန်းမာရေးဗဟုသုတကဏ္ဍတွေ၊ ကျန်းမာရေးအကြံပြုချက်တွေ၊ အဟာရဆိုင်ရာသိကောင်းစရာ၊ ဖြစ်လေ့ဖြစ်ထရှိတဲ့ရောဂါလက္ခဏာ၊ မိခင်နို့တိုက်ကျွေးခြင်း ဆိုင်ရာသိမှတ်ဖွယ်ရာ၊ ကျန်းမာရေးပညာပေးဆောင်းပါး၊ မေးမြန်းဆက်သွယ်ခြင်းနဲ့အမေးအဖြေကဏ္ဍများ ပါဝင်ပါတယ်။ ကြိုက်နှစ်သက်လို့ ဆောင်းပါးတွေကိုသိမ်းဆည်းထားပြီး နောက်တစ်ခါ အလွယ်တကူဝင်ရောက်ဖတ်ရှုလို့ရအောင်လည်း ပြု လုပ်ထားပါတယ်။

Photo Source- Screenshot by Myanamr Tech Press

ဆေးရုံဆေးခန်းတွေရဲ့လိပ်စာများအပြင် အသုံးအဆောင်ပစ္စည်းတွေကိုလည်း ဝင်ရောက်ကြည့်ရှုဝယ်ယူနိုင်ပါတယ်။ maymay application ကို အခြားမိတ်ဆွေသူငယ်ချင်းတွေကို ဖြန့်ဝေပေးခြင်းဖြင့်လည်း ဖုန်းဘေလ် (၂၀၀) ကျပ်ရရှိနိုင်တဲ့ အစီအစဉ်ကိုလည်းပြလုပ်ထားပါတယ်။
အောက်ပါလင့်များမှ ဝင်ရောက်လေ့လာ Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.koekoe.mayonline.myan.app
https://bit.ly/2FcA4vS
https://www.facebook.com/maymayapp/