၂၄ နာရီ အိမ်တိုင်ရာရောက် ကျန်းမာရေးဝန်ဆောင်မှုတွေပေးနိုင်တဲ့ Family Doctor

လူတစ်ယောက်ရဲ့ ကျန်းမာရေးဆိုတာကလည်း ကြိုတင်မမြင်နိုင်ပါဘူး။ ပုံမှန်အချိန်တွေမှာ မကျန်းမမာဖြစ်တာက နီးစပ်ရာ ဆေးခန်းဆေးရုံတွေကို မြန်မြန်ဆန်ဆန်သွားရောက်ကုသနိုင်ပေမယ့် ညအချိန်မတော် အရေးပေါ်တစ်ခုခုဖြစ်လာရင် အင်မ တန်မှ ဒုက္ခရောက်ရပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့တိုက်ခန်းအထက်မြင့်မှာနေထိုင်တဲ့ သက်ကြီးရွယ်အိုတွေအတွက် အရေး ပေါ်မကျန်းမမာဖြစ်လာတဲ့အခါ ဆင်းရတက်ရနဲ့သောကများလှပါတယ်။
မိမိနေထိုင်ရာအိမ်နဲ့ ဆေးခန်း၊ ဆေးရုံနဲ့အလှမ်းဝေးတဲ့အခါမျိုးတွေမှာဆိုလည်း နေထိုင်မကောင်းဖြစ်လို့ သွားပြရတဲ့ အခါ ကားစီးရတဲ့ဒုက္ခနဲ့ မိုးထဲလေထဲဖြတ်သွားရတဲ့ဒုက္ခတွေကိုလည်းရင်ဆိုင်ရတာက ထင်သလောက်မလွယ်ပါဘူး။ ဒါ့အပြင် သွား ရောက်ပြသတဲ့ဆေးခန်းက ကိုယ့်ကျန်းမာရေးအမြန်ဆုံးသက်သာပျောက်ကင်းစေဖို့ ကောင်းမွန်တဲ့ဆေးခန်းတစ်ခုဖြစ်ဖို့လည်း အဓိက ကျပါသေးတယ်။ အဲ့လိုသောကတွေကို အလွယ်ကူဆုံးဖြေရှင်းဖို့အတွက် နည်းလမ်းကောင်းတစ်ခုခုတော့ ကြိုတင်သိ ရှိထားတာက ပိုအဆင်ပြေနိုင်မှာလည်းဖြစ်ပါတယ်။

Photo Source – https://www.facebook.com/familydr2017/

ခုနောက်ပိုင်းရန်ကုန်မြို့မှာလည်း အွန်လိုင်းပေါ်ကဆေးခန်းပြလို့ရတဲ့အွန်လိုင်းဝန်ဆောင်မှုတွေ ကျန်းမာရေးဆိုင်ရာတွေကို အွန်လိုင်းကနေအခမဲ့မေးမြန်းနိုင်တာတွေ များစွာပေါ်ပေါက်လာခဲ့ပါတယ်။ ခုပြောပြမယ် ဝန်ဆောင်မှုတစ်ခုကတော့ ရန်ကုန် မြို့ပေါ်ကလူတွေအတွက် ၂၄ နာရီ ဖုန်းဆက်ရုံနဲ့အိမ်တိုင်ရာရောက် ကျန်းမာရေးဝန်ဆောင်မှုတွေပေးတဲ့ Family Doctor ကျန်းမရေးဝန်ဆောင်မှုတစ်ခုအကြောင်းပဲဖြစ်ပါတယ်။
ဖုန်းတစ်ချက်ဆက်ရုံဖြင့် တာဝန်ကျဆရာဝန်နှင့်ချိတ်ဆက်ပြီး မိမိအိမ်မှာပဲ လိုအပ်သောစမ်းသပ်ကုသမှုများကို လုပ်ဆောင် ပေးနေတာကတော့ FAMILY DOCTOR 24 hour doctor home oncall service ပဲဖြစ်ပါတယ်။ ဖုန်းဆက်မယ်ဆိုရင်လည်း အမြန်ဆုံးရောက်နိုင်မည့်အချိန် အနီးစပ်ဆုံးအချိန်ကို ပြောပြပေးမှာလည်း ဖြစ်ပါတယ်။ နာမကျန်း အိပ်ယာထဲလဲလူနာများ၊ လေဖြတ်လူနာများ၊ ကင်ဆာလူနာများ၊ ဆေးခန်းသွားဖို့ အခက်အခဲရှိသောလူနာများ အိမ်မှာပဲ မိမိရောဂါအကြောင်း ဆရာဝန်နဲ့အချိန်ယူကာ အေးဆေးစွာ ဆွေးနွေးနိုင်ပြီဖြစ်တဲ့ ကောင်းမွန်တဲ့ဝန်ဆောင်မှုတစ်ခု လည်းဖြစ်ပါတယ်။

Photo Source – https://www.facebook.com/familydr2017/

၂၄ နာရီကျန်းမာရေးဝန်ဆောင်မှုများကို ရန်ကုန်မြို့တွင်းလက်ရှိရရှိနိုင်တဲ့မြို့နယ်များတွေကတော့ အင်းစိန်၊ ရွေပြည်သာ၊ လှိုင်သာယာ မင်္ဂလာဒုံ၊ ထောက်ကြန့်၊ ပုလဲ၊ မြောက်ဥက္ကလာ၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ တောင်ဒဂုံ၊ မရမ်းကုန်း၊ ကမာရွတ်၊ လှိုင်မြို့နယ်၊ ဗဟန်း၊ စမ်းချောင်း၊ လမ်းမတော်၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗိုလ်တထောင်၊ ပုစွန်တောင်၊ မင်္ဂလာ တောင်ညွန့်၊ သာကေတ၊ ဒေါပုံ၊ တာမွေ၊ တောင်ဥက္ကလာ၊ သင်္ယန်းကျွန်း၊ ရန်ကင်း၊ သန်လျင်၊ ကြည့်မြင်တိုင်၊ အလုံ၊ ဒဂုံမြို့နယ်များပဲဖြစ်ပါတယ်။

Photo Source – https://www.facebook.com/familydr2017/

အိမ်က နာတာရှည်လူနာအတွက် ပူပန်နေရတယ်ဆိုရင်လည်း အိမ်တိုင်ရာရောက် ဆရာဝန်ကိုယ်တိုင် အပတ်စဉ်၊ လစဉ်လို အပ်သလို ပုံမှန် လာကြည့်ပေးတဲ့ Plan တွေကတော့ (၁) နေ့စဉ် Plan သုံးကြိမ်(သုံးရက်စာ) – ၃၉၅၀၀ ကျပ်၊ (၂) အပတ် စဉ် Plan လေးကြိမ်(တစ်လစာ)-၅၄၅၀၀ ကျပ်၊ (၃)နှစ်ပတ်တစ်ကြိမ် Plan ခြောက်ကြိမ် (သုံးလစာ) ၇၉၀၀၀ ကျပ်၊ (၄) တစ်လ တစ်ကြိမ် Plan ခြောက်ကြိမ် (ခြောက်လစာ) ၇၇၀၀၀ ကျပ်၊ (၅)သုံးလတစ်ကြိမ် Plan လေးကြိမ် (တစ်နှစ်စာ) ၅၉၀၀၀ ကျပ်တို့ ကျသင့်မှာပဲဖြစ်ပါတယ်။

Photo Source – https://www.facebook.com/familydr2017/
ပုံမှန် အိမ်တိုင်ရာရောက် ဆေးကုသမှု အစီအစဉ်များအတွက် ဝန်ဆောင်ခနှုန်းထားများမှာလည်း နံနက် ၈ နာရီမှ ည ၁၀ နာရီ အထိ ၁၅၀၀၀ ကျပ်၊ ည ၁၀ နာရီနောက်ပိုင်း ၃၀၀၀၀ ကျပ်ကျသင့်မှာပဲဖြစ်ပါတယ်။
ဖုန်းနံပါတ် 09977229476 သို့ခေါ်ဆိုပြီး ကျန်းမာရေးဝန်ဆောင်မှုများကို ရယူနိုင်ပါတယ်။ အသေးစိတ်အချက်အလက်များ ကိုလည်း အောက်ပါ Link မှလည်းဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/familydr2017/