Ongo မှAdvans MFI Myanmar ၏ မန္တလေးနှင့်စစ်ကိုင်းဒေသများရှိ အသေးစား ငွေချေးသူများအတွက် ဒစ်ဂျစ်တယ်ငွေပေးချေမှုလမ်းကြောင်းသစ်ဖွင့်လှစ်ပေး

မြန်မာနိုင်ငံတွင် Business-to-Business (B2B) ဒစ်ဂျစ်တယ်ငွေပေးချေမှု ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေ သူ Ongo နှင့် မြန်မာနိုင်ငံတွင် လုပ်ငန်းတိုးတက်မှုအမြန်ဆုံးဖြစ်သော အသေးစားငွေရေးကြေးရေးလုပ်ငန်းဖြစ်သည့် Advans MFI Myanmar Company Limited ဖြင့် ပူးပေါင်းကာ Advans MFI Myanmar မှ ငွေချေးသူများချေးငွေပြန်လည် ပေးဆပ်ရာတွင် လုပ်ဆောင်ရသော အဆင့်များကို ဒီဂျစ်တယ်စနစ်များဖြစ်သော Ongo mobile app စနစ် သို့မဟုတ် Ongo Agent များထံမှ Ongo QR Card စနစ်ကို အသုံးပြု၍ မြန်ဆန်ချော့မွေ့စွာ ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် Mobile အင်တာနက်ထိုးဖောက်မှု တိုးတက်လာခြင်းနှင့်အတူ Ongo ကဲ့သို့သော ဒစ်ဂျစ်တယ် ငွေပေး ချေမှုစနစ်များပေါ်ထွန်းလာမှုကြောင့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ဖွံ့ဖြိုးစေရန် ငွေကြေးဝန်ဆောင်မှုများအပေါ်တွင် မှီခို အားထားမှုပြုနေရသည့် ပြည်သူတို့၏ လုပ်ငန်းဆောင်တာများကို လွယ်ကူချောမွေ့စေလာနိုင်မည်လည်းဖြစ်သည်။

Photo Source – https://facebook.com/ongoemoney

“Ongo အနေနဲ့ Advans MFI Myanmar ရဲ့အသေးစားငွေရေးကြေးရေးလုပ်ငန်းများကို အများပြည်သူတွေပိုပြီးအလွယ်တကူ သက်သက်သာသာရရှိနိုင်အောင် ကူညီဆောင်ရွက်ပေးရလို့ ကျေနပ်မိပါတယ်။ ကျေးလက် ဒေသမှာရှိတဲ့ ငွေချေးသူတွေဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုနဲ့ ဝန်ဆောင်မှုများနှင့်အလှမ်းဝေးတဲ့ခက်ခဲမှု စတဲ့အဆင်မပြေမှုများကို အမြဲလိုလိုရင်ဆိုင် ကြုံ တွေ့နေရတယ်။ Advans ရဲ့ ငွေချေးလုပ်ငန်းများ ဆောင်ရွက်နေတဲ့ မန္တလေးတိုင်းနဲ့စစ်ကိုင်းတိုင်းဒေသများမှာနေ ထိုင်ကြတဲ့ အများပြည်သူတွေဟာ အိမ်ကနေဖြစ်ဖြစ်၊ အလုပ်ကနေပဲဖြစ်ဖြစ် ချေးငွေတွေကို လွယ်ကူသက်သာစွာ ပြန်ဆပ် နိုင်ဖို့အတွက် Ongo ကနေ ဆောင်ရွက်ဖြေရှင်း ပေးသွားမှာဖြစ်ပါတယ်။ ငွေချေးသူတွေဟာ တချိန်ကအဆင်မပြေမှုများကို ကြုံတွေ့နိုင်ခဲ့ပေမယ့် အခု တော့ ကျွန်တော်တို့ရဲ့ လုံခြုံစိတ်ချရတဲ့ app-based mobile platform ကိုအသုံးပြု ပြီး သူတို့ရဲ့အဖိုးတန် အချိန်တွေကို ပိုမိုအရေးကြီးတဲ့လုပ်ငန်းကြီးပွားရေးမှာ အရင်ကထက်ပို၍အာရုံစိုက်လာနိုင်ပြီး စိတ်အ နှောင့်အယှက်ကင်းတဲ့ ဝန်ဆောင်မှုတွေကို ကြုံတွေ့လာရလာတော့မှာပါ” ဟု Ongo ၏ CEO ဖြစ်သူ Allen Gilstrap မှပြော ကြားသည်။
Advans MFI Myanmar မှ ငွေချေးသူများသည် Ongo ဖြင့်ဒစ်ဂျစ်တယ်စနစ်ဝန်ဆောင်မှုကို မိတ်ဆက်ပေးပြီး နောက်ပိုင်း တွင် Ongo agent များရှိသောနေရာများ၌လည်းကောင်း၊ စမတ်ဖုန်းရှိ Ongo app ဖြင့် ၎င်းတို့ ကိုယ်တိုင်သော်လည်းကောင်း ချေးငွေများကို လွယ်လွယ်ကူကူဖြင့် ပြန်ပေးနိုင်မည်ဖြစ်သည်။ Ongo mobile wallet အကောင့်များကိုMobile Banking License (MBL) ၏ ညွှန်ကြားချက်နှင့်အညီ မြန်မာအရှေ့တိုင်းဘဏ် (MOB)မှတစ်ဆင့် မြန်မာနိုင်ငံဗဟိုဘဏ်မှ ထိန်းချုပ်ဆောင်ရွက်ထားသည့်အတွက် အသုံးပြုသူများအနေဖြင့် ဘဏ်ခွဲများသို့သွားစရာမလိုပဲလုံခြုံစိတ်ချမှုရှိသည့်ဘဏ်စာရင်းတစ်ခုကို ရရှိနိုင်မည်ဖြစ်ကြောင်းလည်းသိရသည်။

Photo Source – https://facebook.com/ongoemoney

“Ongo နဲ့ပူးပေါင်းဆောင်ရွက်မှုကြောင့် ကျွန်မတို့ရဲ့ငွေချေးသူတွေဟာ ချေးငွေတွေကို လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန်နဲ့ ၎င်းတို့ရဲ့ အိမ်နားအနီးတစ်ဝိုက်မှာပင် ပြန်ပေးနိုင်တော့မှာပါ။ ဒါကြောင့် Advans ရဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုတွေဟာ ငွေချေးသူများရဲ့ နေ့စဉ်ဘဝလုပ်ငန်းများရဲ့ လက်တစ်ကမ်းမှာ ရလာနိုင်မှာဖြစ်ပြီး အချိန် ပေးရခြင်းနဲ့စရိတ်များကိုလည်း လျော့ချပေးသွားနိုင်မှာဖြစ်ပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှုကြောင့် Advans ဟာ အရင်တုန်းကလက်လှမ်းမီနိုင်ခြင်း မရှိခဲ့တဲ့ ဝေးလံခေါင်ဖျားတဲ့နေရာဒေသရှိ အများပြည်သူများနှင့် စီးပွားရေးလုပ်ငန်းတွေဆီကို ရောက်ရှိနိုင်တော့မှာဖြစ်ပါတယ်။ ဒီပူး ပေါင်းဆောင်ရွက်မှုဟာ စီးပွားရေးအကျိုးအမြတ်ကို ပိုမိုဖြစ်ထွန်းစေရုံသာမကဘဲ ဆက်သွယ်ရေး တိုးတက်ကောင်းမွန်မှု ဟာလည်း အရင်တုန်းကချေးငွေမရရှိနိုင်ခဲ့တဲ့ မြန်မာနိုင်ငံက မိသားစုတွေ၊ အသေးစားစီးပွားရေးလုပ်ငန်းများနဲ့ လယ်ယာ လုပ်ငန်းရှင်တွေရဲ့ဘက်စုံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးနိုင်တော့မှာ ဖြစ်ပါတယ်” ဟု Advans MFI Myanmar ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ Jana Kadian မှ ပြောကြားသည်။
Ongo/Advans တို့၏ ဒစ်ဂျစ်တယ်စနစ်ဖြင့် ငွေပေးချေခြင်း ပူးပေါင်းဆောင်ရွက်မှုအကြောင်းကို သို့မဟုတ် Ongo ၏ အခြား ခေတ်မီဆန်းသစ်သော ဒစ်ဂျစ်တယ် ငွေပေးချေခြင်း ဝန်ဆောင်မှုများအကြောင်းကို ပိုမို သိရှိလိုပါကအောက်ပါ Link များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://ongo.com.mm
https://facebook.com/ongoemoney