ပစ္စည်းအမျိုးစားပေါင်းများစွာ ရောင်းချနိုင်/ဝယ်ယူနိုင်တဲ့ Mogozay

တစ်ခါတလေမှာ ဝယ်ချင်တဲ့ပစ္စည်းတွေကို ဆိုင်မှာကိုယ်တိုင်ကိုယ်ကျသွားရောက်ကြည့်ရှုရွေးချယ်ဝယ်ယူပေမယ့်လည်း လိုချင် တာနဲ့ဝယ်ခဲ့ရတာတွေက ထပ်တူစိတ်တိုင်းမကျတဲ့အခါမျိုးတွေဖြစ်တတ်ပါတယ်။ မထင်မှတ်ပဲတွေ့လိုက်တဲ့ပစ္စည်းတစ်ခုခုက ကိုယ့်ရဲ့အကြိုက် ဆုံးဖြစ်ချင်ဖြစ်သွားတတ်သလို အရေးကြီးတဲ့ကိစ္စတစ်ခုအတွက် များစွာအသုံးဝင်သွားတတ်တာမျိုးလည်းဖြစ် တတ်ဖူးကြမှာပါပဲ။ အဲ့ဒီအတွက်ကြောင့် ကိုယ်နဲ့အသုံးဝင်မယ်ထင်လို့ ကိုယ်ကြိုက်နှစ်သက်တဲ့ပစ္စည်းကိုတွေ့တဲ့အချိန်မှာ ဝယ်ယူ ထားလိုက်တာကလည်း ကိုယ့်ကိုကိုယ်စိတ်ချမ်းသာမှုတစ်ခုရရှိသလို ခံစားမိကြမှာပါပဲ။
အရောင်းအဝယ်အသေးစားစီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူတွေအနေနဲ့လည်း မိမိတို့ရဲ့ဆိုင်ငယ်လေးတွေမှာ ရောင်းချပေးနေ တဲ့ပစ္စည်းဆန်းလေးတွေကို လူသိများဝယ်ယူသူတိုးပွားလာစေဖို့အတွက်ဖြစ်စေ၊ ပစ္စည်းအမျိုးအစားစုံစုံလင်လင်ကို တစ်နေရာ တည်းမှာ စုံစုံလင်လင်ရှာဖွေဝယ်ယူချင်တဲ့သူတွေအတွက်ပဲဖြစ်စေ Mogozay Website က များစွာအထောက်အကူဖြစ်စေမှာပဲ ဖြစ်ပါတယ်။

Photo Source – https://www.facebook.com/mogozay/

Mogozay ဟာ ရန်ကုန်မြို့မှာ စတင်ထည်ထောင်ခဲ့သော အွန်လိုင်း ဈေးဝယ်စင်တာဖြစ်ပါတယ်။ mogozay မှာတော့ အမျိုး အစားစုံလင်သော လူသုံးကုန်ပစ္စည်းများ၊အလှအပနဲ့ဖက်ရှင်ပိုင်းဆိုင်ရာပစ္စည်းများ၊ အီလက်ထရောနစ်ပစ္စည်းများ၊ ကလေးအသုံး အဆောင်များ အိမ်သုံးပစ္စည်းများကို တစ်နေရာထဲတွင် လွယ်ကူစွာရောင်းချဝယ်ယူနိုင်ကြမှာလည်းဖြစ်ပါတယ်။
အချိန်မကုန်လူမပင်ပန်း ပေးရသောတန်ဖိုးနှင့် ထိုက်တန်သောပစ္စည်း အမျိုးအစားပေါင်း (၁၅၀၀၀) ကျော်ကို အစုံအလင်တစ် နေရာထဲမှာရွေးချယ်ဝယ်ယူနိုင်ပြီး သယ်ယူပို့ဆောင်ခထပ်မံမကုန်ကျဘဲနီးစပ်ရာနေရာများတွင် သွားရောက်ရွေးယူနိုင်တဲ့အ တွက်ကြောင့် MOGO သည် အသင့်တော်ဆုံး အွန်လိုင်းဈေးဝယ်နေရာဖြစ်ပါတယ်။ mogozay မှာတော့ လူတန်းစား အမျိုးမျိုးအတွက် အသုံးဝင်တဲ့ ပစ္စည်းအမျိုးမျိုးကို ရောင်းချပေးနေတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။

Photo Source – https://www.facebook.com/mogozay/

Mogozay Website မှာ ရရှိနိုင်တဲ့ပစ္စည်းအမျိုးအစားတွေကတော့ အမျိုးသမီးဖက်ရှင်ဆိုင်ရာပစ္စည်းများ၊ အမျိုးသားဖက်ရှင်ဆိုင် ရာပစ္စည်းများ၊ ဖိနပ်နဲ့အိတ်မျိုးစုံ၊ လက်ဝက်ရတနာနှင့်ဆက်စပ်ပစ္စည်းများ၊ ပရိဘောဂအပစ္စည်းများ၊ နေအိမ်အသုံးအဆောင် ပစ္စည်းများ၊ ဖုန်းနှင့်ဆက်စပ်သောပစ္စည်းများနှင့် ဒစ်ဂျစ်တယ်ကိရိယာပစ္စည်များ၊ ကားပစ္စည်းများ၊ မိခင်အသုံးအဆာင်နှင့်ကလေး ကစားစရာပစ္စည်းများ၊ မိန်းကလေးများအတွက်အလှအပဆိုင်ရာပစ္စည်းများ စတဲ့ ပစ္စည်းအမျိုးအစားပေါင်းများစွာကို အလွယ်တ ကူကြည့်ရှုဝယ်ယူနိုင်ပါတယ်။
Mogozay Website မှာ ပစ္စည်းရောင်းချချင်သူများအနေဖြင့်လည်း ဦးစွာပထမ Mogozay Website တွင်စာရင်းပေးသွင်းရမှာဖြစ် ပြီး မိမိရဲ့ဆိုင်ကို မိမိကိုယ်ပိုင်နာမည်တစ်ခုခုပေးရမှာဖြစ်ပါတယ်။ ဒါ့အပြင် မိမိဆိုင်မှာ ရောင်းချမည့်ပစ္စည်းများအသေးစိတ်အ ချက်အလက်များကို မှတ်တမ်းတင်ရမှာဖြစ်ပါတယ်။ စာရင်းသွင်းပြီးပြီဆိုရင်လည်း စတင်ရောင်းချခြင်းနဲ့အမှာစာများစီမံခန့်ခွဲခြင်း တွေကို အရောင်းစင်တာအားအသုံးပြုပြီး စတင်လုပ်ဆောင်နိုင်ပါတယ်။ အမှာစာလက်ခံရရှိပြီဆိုတာနဲ့ ရောင်းချသူမှ ပစ္စည်းထုတ် ပိုးပေးကာ mogozay မှဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အမှာစာအတွက် ငွေပေးချေမှုကိုလည်း မိမိတို့ရဲ့ ဘဏ်အ ကောင့်များသို့ တိုက်ရိုက်လက်ခံရယူနိုင်မှာဖြစ်ပြီး မိမိလုပ်ငန်းကိုလည်း ထပ်မံတိုးချဲ့ခြင်းကို ဆောင်ရွက်နိုင်ပါတယ်။

Photo Source – https://www.facebook.com/mogozay/

Mogozay Website မှာ ပစ္စည်းဝယ်ယူလိုသူများအနေဖြင့်လည်း ဦးစွာပထမ Account Register ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ Login ဝင်မည်ဆိုသည့်နေရာကိုနိုပ်ကာ Account အသစ်ဖွင့်မည်ဆိုသည့်နေရာကိနိုပ်ကာ ဖြည့်စွတ်ရမှာဖြစ်ပါတယ်။ Register မှာ ထည့်သွင်းထားတဲ့ ဖုန်းနံပါတ်ကို Mogozay Server ကနေ OPT Code နံပါတ်ခြောက်လုံးပေးပို့မှာဖြစ်ပြီး OPT နံပါတ်ကို ထည့်သွင်းကာ စာရင်းသွင်းရန်နေရာကိုနိုပ်ရမှာဖြစ်ပါတယ်။ ပြီးပါက Login လုပ်ရန်အတွက် Email and Password Box ပေါ်လာကပါ Register လုပ်ထားတဲ့ Email နှင့် Passoword ကိုထည့်သွင်းပြီး Login နိုပ်ရပါမယ်။ Login Successfully ပြမှာဖြစ် ပါတယ်။ အဲ့ဒါက Mogozay Website မှာပစ္စည်းဝယ်ယူဖို့အတွက် Account ဖွင့်ပြီးသွားတာပဲဖြစ်ပါတယ်။ ပစ္စည်းဝယ်ယူမယ်ဆို ရင် Website ရဲ့ ညာဘက်အစွန်မှာရှိတဲ့ Login ဝင်ပါဆိုတဲ့နေရာကို နိုပ်ပြီးဝင်ရမှာဖြစ်ပါတယ်။ ပစ္စည်းဝယ်ယူပြီးပြန်လဲလှယ်ခြင်း၊ သိချင်တဲ့မေးခွန်းများ၊ ပစ္စည်းရွေးချယ်ဝယ်ယူခြင်းနဲ့ ငွေပေးချေခြင်းကိုတော့ Mozozay Website မှာထပ်မံအသေးစိတ်ကြည့်ရှုနိုင် ပါတယ်။
အောက်ပါ Link များတွင် ဝင်ရောက်ပြီးအသေးစိတ်လေ့လာကြည့်ရှုနိုင်ပါတယ်။
https://www.mogozay.com/
https://www.facebook.com/mogozay/
Mogozay Application ကိုလည်း အောက်ပါ Link မှဝင်ရောက် Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=hk.Mogozay