Home Service များအတွက် လူသိများလာတဲ့ ဆက်တိုက်(Zeddite)

အိမ်တစ်အိမ်(သို့မဟုတ်) တိုက်ခန်းတစ်ခန်းအတွက် လိုအပ်ချက်တွေမြောက်များစွာရှိပါတယ်။ အဲကွန်းပျက်တာ၊ ရေပိုက် ပျက်တာ၊ အဝတ်လျှော်စက်ပျက်တာ စတဲ့အကြောင်းအရာပေါင်းများစွာကလည်း လူနေမှုဘဝမှာ မကြာခဏဆိုသလို ကြုံ တွေ့နေရတတ်လေတော့ ကြီးမားတဲ့ပြဿနာတစ်ခုလို့မဆိုနိုင်တောင် အချိန်ကြန့်ကြာနှောင့်စေတဲ့အတွက် စိတ်ပင်ပန်းမှု ကိုဖြစ်စေပါတယ်။
ရန်ကုန်မြို့ပေါ်နေထိုင်တဲ့သူတွေအတွက်တော့ ဒီလိုပြဿနာတွေကို မကြုံတွေ့ဘူးတဲ့အိမ်ဆိုတာလည်း ရှားပါတယ်။ အဲ့ဒီအ တွက်ကြောင့်လည်း ကောင်းမွန်တဲ့ဝန်ဆောင်မှုတွေပေးနိုင်ပြီး ဈေးနှုန်းသက်သာတဲ့ နေရာတစ်ခုခုကိုကြိုတင်ရှာဖွေထားသင့် သလိုသိရှိထားမှလည်းအဆင်ပြေမှာဖြစ်ပါတယ်။

Photo Source – https://www.facebook.com/zeddite/

ဆက်တိုက် (Zeddite) ဆိုတာက အိမ်သုံးရုံးသုံး အဲကွန်း၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်တွေကို ပြုပြင်၊ တပ်ဆင်၊ ထိန်းသိမ်းတဲ့ဝန်ဆောင်မှုတွေကို ပြင်ဆင်ပေးနေတဲ့ ရန်ကုန်အခြေစိုက် နည်းပညာကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် အိမ်အလုပ်တစ်ပုံကြီးထဲမှာ Air-Con၊ ရေခဲသေတ္တာပျက်သွားရင်လည်း Zeddite မှာ အချိန်တိတိကျကျ၊ Quality ကောင်းကောင်းနဲ့ ချိုသာတဲ့ဈေးနှုန်းနဲ့ ပြင်ဆင်ပေးနေပါတယ်။
ဆက်တိုက်ရဲ့ ဒိုဘီ Service ကိုအသုံးပြုမယ်ဆိုရင် ကိုယ်တိုင်အဝတ်လျှော်ဖို့အချိန်ပေးစရာမလိုပဲ တန်ဖိုးရှိတဲ့အချိန်တွေကို တခြားနေရမှာအသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။ အချိန်ကုန်သက်သာမယ်၊ လူပင်ပန်းလည်းသက်သာမယ့်အပြင် အချိန်တို တွင်းမှာလဲ အဝတ်အထည်တွေအိမ်အရောက်ရရှိမှာဖြစ်ပါတယ်။ အဝတ်လှန်းဖို့နေရာတွေ အဝတ်ခြောက်ဖို့စောင့်ရတာတွေ မီးအားမနိုင်လို့ မီးပူတိုက်မရတွေလဲ ရှိလာတော့မှာမဟုတ်ပါဘူး။ Professional Laundry Service သမားတွေက သေသေ ချာချာသန့်သန့်ရှင်းရှင်း အဝတ်တွေကို လျှော်ပေးမှာမို့ အဝတ်တွေမပြောင်မှာမပူရပါဘူး။ ဆပ်ပြာဝယ်ရတဲ့ဒုက္ခ၊ အမွှေးရေ ဝယ်ရတဲ့ဒုက္ခ၊ အဝတ်မခြောက် အနံ့ဆိုးထွက်တဲ့ဒုက္ခတွေကို ကင်းဝေးစေမှာလည်းဖြစ်ပါတယ်။

Photo Source – https://www.facebook.com/zeddite/

Zeddite (ဆက်တိုက်)ရဲ့ ဒိုဘီ service အသုံးပြုမယ့် သူတွေအတွက်လည်း September တစ်လလုံး Delivery Free နဲ့ ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ ယခုလက်ရှိ (Zeddite) ဆက်တိုက်ရဲ့ ဒိုဘီ service ကို လသာ၊ လမ်းမတော်၊ ပန်းပဲ တန်း၊ ကျောက်တံတား၊ ဘိုတထောင်၊ ပုစွန်တောင်၊ မင်္ဂလာတောင်ညွှန့် မြို့နယ် ခုနှစ်မြို့နယ်အတွင်းရရှိနေပြီးလည်းဖြစ်ပါ တယ်။ Customers အထည်များကို အော်ဒါတင်ပြီး သုံးနာရီအတွင်းလာယူပေးမှာလည်းဖြစ်ပါတယ်။ အထည်အရေအတွက် ၂၀ မှစပြီး လာယူပေးမှာလည်းဖြစ်ပါတယ်။

Photo Source – https://www.facebook.com/zeddite/

ဆက်တိုက်မှာ အခြား Services တွေအပြင် ရေပိုက်နှင့်ပတ်သတ်သော Services တွေကတော့ ပရက်ရှာပန့် (pressure pump)၊ ရေပူရေအေးစက်၊ ရေပိုက်နှင့်ပတ်သက်တဲ့ ဘေစင်၊ ပန့်၊ ဘိုလ်ထိုင်၊ ဟီတာ၊ ဖီတာ၊ အော်တိုပန့်၊ ရေပိုက်လိုင်း၊ ရေမော်တာ၊ ရေသန့်စက်စသည့်အမျိုးအစား အစုံအလင်အားလုံးကိုပြုပြင်ပေးပါတယ်။ CCTV တပ်ဆင်ချင်တဲ့သူဖြစ်ဖြစ် ပြု ပြင်ချင်တဲ့သူဖြစ်ဖြစ် ဆက်တိုက်ကိုဖုန်းဆက်လို့ရပါသေးတယ်။
Zeddite(ဆက်တိုက်)မှာ ရနိုင်တဲ့ ခိုင်မာတိကျတဲ့ဝန်ဆောင်မှုတွေကတော့ ရန်ကုန်စည်ပင်နယ်နမိတ်အတွင်းဆိုရင် ဖုန်းခေါ် တာနဲ့ သုံးနာရီအတွင်း အတိအကျလာပေးမှာဖြစ်သလို ဖုန်းဆက်ပြီးတာနဲ့ သုံးနာရီအတွင်း အိမ်အရောက်လာနိုင်တဲ့အတွက် စောင့်စရာမလိုတော့ဘူး။

Photo Source – https://www.facebook.com/zeddite/

ကားခနဲ့စစ်ဆေးခတွေက Free ဖြစ်ပြီး ပြင်သွားတဲ့ ပစ္စည်းတိုင်းကို ခြောက်လ အထိအာမခံပေးပြီး အာမခံကာလအတွင်း ပျက်သွားရင် တစ်ပြားမှမယူဘဲ အခမဲ့ ပြန်ပြင်ပေးမှာလည်းဖြစ်ပါတယ်။ ကျွမ်းကျင် Technician တွေနဲ့သာ ပြင်ဆင်ပေးမှာ လည်းဖြစ်ပါတယ်။ ဈေးနှုန်းကလည်း ပုံမှန်ပဲဖြစ်သလို ဈေးများနေမှာကိုလုံးဝစိတ်မပူစေရပါဘူး။ ကားခနဲ့စစ်ဆေးခလဲထပ် ပေါင်းမယူတဲ့အတွက် ပိုက်ဆံအပိုမကုန်တော့မှာဖြစ်သလို စစ်ဆေးပီး မပြင်ဖြစ်ရင်တော့ ကားခ (၄၀၀၀) ကျပ်ကျသင့်မှာ လည်းဖြစ်ပါတယ်။
Zeddite (ဆက်တိုက်) ကိုဆက်သွယ်လို့ရတဲ့ဖုန်းနံပါတ်ကတော့ 09 446 974 255/ 09 446 974 253 စတဲ့ဖုန်းနံပါတ်တွေ ပဲဖြစ်ပါတယ်။ ဆက်တိုက်ရဲ့ Facebook Link မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/zeddite/