Online ဆေးခန်းတစ်ခုဖြစ်သော အခမဲ့ကိုဗစ်ဆေးခန်း FOC Teleclinic ၏ဝန်ဆောင်မှုများအကြောင်း

လက်ရှိ ဖြစ်ပွါးနေတဲ့ ကိုဗစ် ၁၉ ရောဂါအတွက် ဆရာဝန်များနဲ့ လွယ်လွယ်ကူကူ တိုင်ပင်ဆွေးနွေးနိုင်စေဖို့ အတွက် အခမဲ့ကိုဗစ်ဆေးခန်း FOC Teleclinic Online ဆေးခန်းလေးကို ဖွင့်ထားပါတယ်။ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့ကနေစပြီး မနက် ၈ ည ၈ နာရီအတွင်း တိုင်ပင်ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။
လူနာများကို အခမဲ့ဆွေးနွေးပေးသွားမှာ ဖြစ်ပြီး ဒီကာလမှာ ဆေးရုံဆေးခန်းသွားဖို့ အခက်အခဲရှိသူတိုင်းအတွက် အဆင်ပြေမယ်စေမှာ အသေအချာပါပဲ။ ပထမဆုံးအနေဲ့ page ရဲ့ Messenger မှာ ဆက်သွယ်ရမှာဖြစ်ပါတယ်။

Photo Source https://www.facebook.com/story.php?story_fbid=110708681301165&id=102421738796526

Chat Bot ရဲ့ Get Started ကနေတဆင့် ဆက်သွယ်လိုက်ရင် Viber ကနေ မေးမြန်းဖို့ Link တစ်ခုပေါ်လာမှာဖြစ်ပါတယ်။ Link ကို နှိပ်ရင် Viber ကို တန်းရောက်သွားမှာဖြစ်ပါတယ်။ Viber မှာ ရောဂါနှင့် ပတ်သက်ပြီး တာဝန်ကျဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးနိုင်ပါပြီဖြစ်ပါတယ်။ Messenger Bot မှာ Oxygen Data နဲ့ ကိုဗစ် ၁၉ ဆိုင်ရာ ဗဟုသုတများကိုလည်း ရှာဖွေနိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင် လာရောက်မေးမြန်းသော လူနာတိုင်း၏ အချက်အလက်များလုံခြုံရေးအတွက် စိတ်ချရအောင် စီစဉ်ထားတဲ့ Page တစ်ခုလည်းဖြစ်ပါတယ်။ဆွေးနွေးမှုပြုလုပ်ပေးမှာကတော့ မနက် ၈နာရီ -ည ၈ နာရီအထိဖြစ်ပါတယ်။

Photo Source https://www.facebook.com/story.php?story_fbid=110708681301165&id=102421738796526

မနက်ပိုင်း ၈နာရီ – နေ့လည် ၁၂နာရီ ‌ဆွေးနွေးမှုအတွက် စာရင်းပေးနိုင်ချိန်မှာ မနက် ၈နာရီမှ ၉နာရီအတွင်း ဖြစ်ပါတယ်။နေ့လည်ပိုင်း ၁၂နာရီ- ညနေ ၄နာရီ ဆွေးနွေးမှုအတွက် စာရင်းပေးနိုင်ချိန်မှာ နေ့လည် ၁၂ မှ နေ့လည် ၁နာရီအတွင်းဖြစ်ပါတယ်။ ညနေ ၄နာရီမှ ည ၈နာရီ ဆွေးနွေးမှုအတွက် စာရင်းပေးနိုင်ချိန်မှာ ညနေ ၄နာရီမှ ၅နာရီအတွင်း ဖြစ်ပါတယ်။
အဆိုပါ Page ဟာ ဖွင့်လှစ်ပြီးပြီးချင်း ယခုအချိန်အထိ ဆွေးနွေးမှုပေါင်းပြုလုပ်ခဲ့သည့် လူဦးရေ ၁၀၀၀ ကျော်အထိရှိနေပြီး ဖြစ်သလို Page ထဲမှာလည်း ကိုဗစ် ၁၉ နဲ့ ပတ်သက်တဲ့ ဗဟုသုတဖြစ်ဖွယ်ရာတွေကို ဖော်ပြပေးထားပါတယ်။
အောက်ပါ Link မှ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/story.php?story_fbid=110708681301165&id=102421738796526