မည်သည့်ဘွဲ့ရမဆို တက်ရောက်နိုင်တဲ့ ဘွဲလွန်အသုံးချ ကွန်ပျူတာဒီပလိုမာသင်တန်း ဇွန်(၂)ရက်နေ့ ဖောင်ပိတ်မယ်

Image Source : https://pixabay.com/en

ရန်ကုန်တက္ကသိုလ် ကွန်ပျုတာသိပ္ပံဌာနက ဖွင့်လှစ်တဲ့ ဘွဲလွန်အသုံးချ ကွန်ပျူတာ ဒီပလိုမာသင်တန်းကို မည်သည့်ဘွဲ့ရမဆို လာရောက်လျှောက်ထားနိုင်ပါတယ်။ ဒီသင်တန်းအတွက် ဦးရေ(၁၀၀) သတ်မှတ်ထားပြီး Semester နှစ်ခုအပြင် Project ကာလတွေလည်း ပါ၀င်မှာဖြစ်ပါတယ်။

သင်တန်းပြီးဆုံးပါက Post-Gaduate Diploma in Computer Application(PGDCA) လက်မှတ်ရရှိပါမယ်။ စိတ်၀င်စားသူတွေအနေနဲ့ မေလ(၁၈)ကနေ ဇွန်လ((၂) နေ့အထိ ရန်ကုန်တက္ကသိုလ် အခန်းအမှတ်−U308(ULB) သို့ ရုံးချိန်တွေမှာ လာရောက်လျှောက်ထားနိုင်ပြီး အသေးစိတ် သိရှိလိုပါက ဖုန်း−534390, 703230, 503599, 09 7300 6404 ဆက်သွယ်စုံစမ်း နိုင်ပါတယ်။ သင်တန်းကိုတော့ ဇွန်လ(၃) ရက်နေ့မှာ ဖွင့်လှစ်သွားပါမယ်။ (ဒီလင့်ခ် ထဲက ဖော်ပြချက်တွေကို ပြန်လည်မျှ​ေ၀ပေးတာ ဖြစ်ပါတယ်။)