Grab မှ ရန်ကုန်မြို့ရှိ စားသောက်ဆိုင်များလုပ်ငန်းလည်ပတ်မှုမြှင့်တင်ရန် အစပျိုးအစီအစဉ်တစ်ရပ်လုပ်ဆောင်

COVID-19 ကူးစက်ရောဂါကြောင့် အခက်အခဲများနှင့်ကြုံတွေ့နေရသော်လည်း ဆက်လက်လုပ်ကိုင်ရောင်းချရန် ကြိုးပမ်းနေ သည့် ရန်ကုန်မြို့တော်အတွင်းရှိ တစ်နိုင်တစ်ပိုင်စားသောက်ဆိုင်များနှင့် မုန့်ဆိုင်ငယ်များအား ကူညီပံ့ပိုးရန် Grab Myanmar မှ အစီအစဉ်တစ်ခုအား စတင်လိုက်ပြီဖြစ်ကြောင်းသိရသည်။ အဆိုပါအစီအစဉ်တွင် Grab Myanmar အနေဖြင့် GrabFood ပလက်ဖောင်းပေါ်ရှိ ပြည်တွင်းမိတ်ဖက်စားသောက်ဆိုင် ၁၀၀ ကျော်အား စားသုံးသူများအကြား ပိုမိုလူသိများ လာနိုင်ရန်နှင့် အော်ဒါအရေအတွက် ပိုမိုများပြားလာစေရန် ကူညီပေးမည်လည်းဖြစ်သည်။
အဆိုပါ ပြည်တွင်းမိတ်ဖက်စားသောက်ဆိုင် ၁၀၀ ကို GrabFood အစားအသောက်ပို့ဆောင်ရေးဝန်ဆောင်မှုမှတစ်ဆင့် လစဉ်ပျမ်းပျှ ရောင်းအား ငါးသိန်းကျပ်အောက် ရရှိသည့် လုပ်ငန်းခွဲ၊ ဆိုင်ခွဲမရှိသည့်တစ်နိုင်တစ်ပိုင်ရပ်တည်နေသည့် စား သောက်ဆိုင်လုပ်ငန်းများဖြစ်သည်ဟူသည့် စံသတ်မှတ်ချက်နှင့်အညီ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ကနဦးဆောင်ရွက်သွားမည့် အစီအစဉ်များမှာလည်း အောက်ပါအတိုင်းဖြစ်သည်။

Photo Source  https://web.facebook.com/GrabFoodSG/

(၁) Grab အသေးစားလုပ်ငန်း အရောင်းမြှင့်တင်ရေးအတွက်အကူအညီပေးရေးအစီအစဉ်
တစ်နိုင်တစ်ပိုင်စားသောက်ဆိုင်များနှင့် လမ်းဘေးမုန့်ဆိုင်လေးများ အော်ဒါပိုမိုရရှိစေရန် ကူညီသည့်အနေဖြင့် ၂၀၂၀ ခုနှစ် မေလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ အဆိုပါဆိုင်များမှ ရောင်းချသောအစားအသောက်အမျိုးအစားအားလုံးကို ၂၀ ရာခိုင် နှုန်း အထူးလျှော့ဈေးဖြင့် ရောင်းချနိုင်ရန် Grab Myanmar အနေဖြင့် ပေးအပ်ထားသည့် လျှော့ဈေးများ၏ ကုန်ကျစရိတ် အားလုံးကို ကျခံတာဝန်ယူပေးမည်ဖြစ်ပြီး ရပ်ကွက်ပတ်ဝန်းကျင်များနှင့် ချိတ်ဆက်နေသည့် တစ်နိုင်တစ်ပိုင် မိတ်ဖက်စား သောက်ဆိုင်ငယ်လေးများကို ပံ့ပိုးကူညီသွားမည်ဖြစ်သည်။
(၂) ပြည်တွင်းက Hero များအစီအစဉ်
Grab Myanmar သည် ရွေးချယ်ထားသော မိတ်ဖက်စားသောက်ဆိုင် ၁၀၀ ကို လူအများပိုမိုသိရှိသတိပြုမိလာကြစေရန် ဈေးကွက်ထိုးဖောက်သည့်အနေဖြင့် ပြည်တွင်းက Hero များ အစီအစဉ်ကို Grab အက်ပလီကေးရှင်းနှင့်ဒစ်ဂျစ်တယ်ချန်နယ် မျိုးစုံမှတစ်ဆင့် စီစဉ်တင်ဆက်ပေးမည်ဖြစ်ပါသည်။ အဆိုပါ တစ်နိုင်တစ်ပိုင် စားသောက်ဆိုင်များကို ဝိုင်းဝန်အားပေးပံ့ပိုးပေး ကြရန် ရန်ကုန်မြို့တွင်းရှိ ပြည်သူများကို တိုက်တွန်းနှိုးဆော်သည့်အနေဖြင့် ဈေးကွက်ချဲ့ထွင်သည့် လှုပ်ရှားမှုများကို မေလ ၁ ရက်နေ့မှ စပြီး အကောင်အထည်ဖော်လုပ်ဆောင်နေပြီဖြစ်သည်။ စားသောက်ဆိုင်အများစုမှာလည်း မြို့နေပြည်သူများ နှစ်ခြိုက်ခံတွင်းတွေ့စေမည့် အစားအသောက်များဖြစ်ပြီး GrabFood မှတစ်ဆင့်မှာယူပါက အိမ်ရှေ့အရောက် ပို့ဆောင်ပေး သွားမည်ဖြစ်ပါသည်။

Photo Source  https://web.facebook.com/GrabFoodSG/

(၃) Unilever Food Solutions (UFS) နှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်ခြင်း
Grab Myanmar က UFS နှင့် ပူးပေါင်း၍ ရွေးချယ်ထားသော GrabFood မိတ်ဖက်စားသောက်ဆိုင် ၁၀၀ အတွက် လုပ်ငန်း လည်ပတ်ရာတွင် ကျန်ကျမည့်အသုံးစရိတ်ကို လျှော့ချပေးနိုင်ရန် ဆောင်ရွက်မည်ဖြစ်ပါသည်။ UFS အနေဖြင့် မိတ်ဖက်စား သောက်ဆိုင်များအတွက် ချက်ပြုတ်ရာတွင် လိုအပ်သည့် စားသောက်ကုန်ပစ္စည်းများအပါအဝင် ဟင်းခတ်မှုန့်၊ ဆော့စ်၊ မရောနိစ်နှင့်ဒရက်စင်း(Dressing)၊ အသားပြုတ်ရည်အနှစ်(Bouillon) စသည့် ဟင်းခတ်အမွှေးအကြိုင်များကို အထူးလျှော့ ဈေးဖြင့် ရောင်းချပေးမည်ဖြစ်သည်။ ထို့အပြင် UFS မှ လက်ဆေးဆပ်ပြသာ၊ အစားအသောက်ဘေးကင်းလုံခြုံမှုဆိုင်ရာ အကြံပေးစာအုပ်နှင့်မီးဖိုချောင်သုံး အေးပရွန်များပါဝင်သည့် UFS ၏ တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်း အစုံလိုက်များကို အခမဲ့ ပေးအပ်သွားမည်ဖြစ်သည်။
“ကျွန်မတို့ အစီအစဉ်ရဲ့ အစပျိုးဆောင်ရွက်ချက်တွေကနေ ပြည်တွင်း အစားအသောာက်လုပ်ငန်းတွေအတွက် တစ် ထောင့်တစ်နေရာက အထောက်အပံ့ဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။ နေ့စဉ်နဲ့အမျှ အပြင်ကိုထွက်ပြီး စားသုံးသူတွေအ တွက် ဝန်ဆောင်မှုပေးတဲ့ ကျွန်မတို့ရဲ့ မိတ်ဖက်အစားအသောက်ပို့ဆောင်သူတွေလိုပဲ ကျွန်မတို့ရဲ့မိတ်ဖက်အစားအသောက် ပို့ဆောင်သူတွေလိုပဲ ကျွန်မတို့ရဲ့ မိတ်ဖက်စားသောက်ဆိုင်ပိုင်ရှင်တွေဟာလည်း နေ့စဉ်စားသုံးသူတွေကို ရောင်းချနိုင်ဖို့၊ သူ တို့ရဲ့ မိသားစုစားဝတ်နေရေးအတွက် ရှာဖွေဖို့ ရုန်းကန်ကြိုးစားနေရဆဲပါ။ လူတွေအိမ်မှာနေရတာ ပိုမိုများပြားလာတဲ့အတွက် အစားအသောက်ပို့ဆောင်ရေးဝန်ဆောင်မှု လိုအပ်ချက်ဟာလည်း သိသိသာသာ မြှင့်တက်လာမယ်လို့ ခန့်မှန်းနိုင်ပါတယ်။ ဒီ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ GrabFood က ပြည်တွင်းအစားအသောက်လုပ်ငန်းတွေအတွက် ပလက်ဖောင်းတစ်ခုအ ဖြစ် ထောက်ပံ့ကူညီပေးမှာဖြစ်ပါတယ်”ဟု Grab Myanmar ၏ Country Head ဖြစ်သူ Cindy Toh ကပြောသည်။

Photo Source  https://web.facebook.com/GrabFoodSG/

GrabFood ပလက်ဖောင်းပေါ်တွင် ပြည်တွင်းရှိ တစ်နိုင်တစ်ပိုင် စားသောက်ဆိုင်ငယ်အတော်များများ ရောက်ရှိနေပြီဖြစ်ရာ ယခုကဲ့သို့ COVID-19 ရောဂါကြောင့် စားသုံးသူများ ဆိုင်သို့လာရောက်ဝယ်ယူရန် ခက်ခဲနေပြီး ဝင်ငွေအမြတ်အစွန်းရရှိရန် အစားအသောက် ပို့ဆောင်ရေးလုပ်ငန်းများကို ပိုမိုမှီခိုအားထားလာရသည့် အချိန်ကာလတွင် ပြည်တွင်းစားသောက်ဆိုင် အရေအတွက်ကို သုံးဆတိုးမြှင့်၍ လက်တွဲလုပ်ကိုင်သွားရန် ဦးတည်ဆောင်ရွက်လျက်ရှိသည်။
“အရင် ရက်သတ္တပတ် အနည်းငယ်ကပဲ ကျွန်မတို့ရဲ့ စားသောက်ဆိုင်ပိုင်ရှင်တွေကို စားရင်းသွင်းပေးတဲ့ အစီအစဉ်နဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို မြန်မြန်ဆန်ဆန် အလုပ်ဖြစ်အောင် ပြင်ဆင်ပေးခဲ့ပါတယ်။ အခုဆိုရင် F & B စားသောက်ဆိုင်ပိုင်ရှင်တွေအနေနဲ့ သူတို့ကိုယ်တိုင် စာရင်းပေးသွင်းပြီး GrabFood ပလက်ဖောင်းပေါ်မှာ ဒစ်ဂျစ်တယ်စီးပွား ရေးလုပ်ငန်းတွေ မြန်မြန်ဆန်ဆန် စတင်နိုင်ပါပြီ” ဟု Cindy Toh ကပြောသည်။
အဆိုပါအစီအစဉ်ဖြင့် ပံ့ပိုးကူညီပေးရန် ရွေးချယ်ခံခဲ့ရသည့် GrabFood မိတ်ဖက်စားသောက်ဆိုင်များတွင် Café Salween ဆိုင်လည်း အပါအဝင်ဖြစ်သည်။ Café Salween သည် ပြည်တွင်းတွင် စိုက်ပျိုးထုတ်လုပ်ထားသော ဒေသထွက် ကော်ဖီများ ကို အဓိကရောင်းချလျက်ရှိပြီး မြန်မာ့ရိုးရာအချိုမှုန့်များအပါအဝင် လက်ဖက်ထမင်းဘာဂါ၊ ကချင်ပါစတာ၊ ဒေသထွက်ကုန် များဖြင့် ဖန်တီးထားသည့် အိမ်လုပ်ပီဇာ စသည့် မြန်မာ့အကြိုက်အရသာများဖြင့်ပေါင်းစပ်ထားသော အစားအစာများအပြင် အခြား စားသောက်ဖွယ်ရာအမျိုးမျိုးကို ရောင်းချလျက်ရှိသည်။
GrabFood အသုံးပြုသူများနှင့် အများပြည်သူတို့အား အဆိုပါအစီအစဉ်တွင် ပါဝင်ပြီး ရန်ကုန်မြို့ရှိ တစ်နိုင်တစ်ပိုင်စား သောက်ဆိုင်များနှင့် မုန့်ဆိုင်ငယ်များထံမှ မှာယူစားသုံးကြပါသည်။ မှာယူလိုသူများအနေဖြင့် ပြည်တွင်းမိတ်ဖက် စားသောက်ဆိုင်များစာရင်းကို ကြည့်ရှု့နိုင်ရန် Grab အက်ပလီကေးရှင်းအတွင်းရှိ GrabFood ကိုနိုပ်ပြီး Local Heroes နေ ရာသို့ဝင်ရောက်ကာ ရွေးချယ်မှာယူနိုင်မည်ဖြစ်သည်။
GrabFood မိတ်ဖက်စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးအဖြစ် စာရင်းပေးသွင်းလိုသော တစ်နိုင်တစ်ပိုင်စားသောက်ဆိုင်များနှင့် မုန့်ဆိုင်ငယ်များအနေဖြင့် ဖုန်း 09 765421049 သို့မဟုတ် အီးမေးလ် gf.mm.merchants@grab.com သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်းသိရသည်။