MPT4U မှတစ်ဆင့် Saw Saw Shar Appအား ဒေါင်းလုတ်ရယူသုံးစွဲသူများကို 1GB ဒေတာ အပို လက်ဆောင်ပေးအပ်

MPT သုံးစွဲသူများအတွက် ၎င်းတို့၏ မိုဘိုင်းလ်ဖုန်းဖြင့် MPT ကွန်ရက်ကိုအသုံးပြုကာ COVID-19 ကို ကာကွယ်တိုက်ခိုက် ရာတွင် အထောက်အပံ့ဖြစ်စေမည့် COVID-19 App ဖြစ်သည့် Saw Saw Shar မိုဘိုင်းလ် အက်ပလီကေးရှင်းကို MPT4U မှတစ်ဆင့်ဒေါင်းလုတ်ပြုလုပ်ခြင်း၊ installation (ဖုန်းထဲသို့ ထည့်သွင်းခြင်း) ပြုလုပ်သည့် သုံးစွဲသူများကို 1GB ဒေတာအပိုလက်ဆောင် ပေးအပ်သွားမည် ဖြစ်ကြောင်းသိရသည်။
Saw Saw Shar မိုဘိုင်းလ် အက်ပလီကေးရှင်းသည် COVID-19 ရောဂါ နှင့် ပတ်သက်သည့် ကူးစက်နိုင်ခြေရှိသူများကို ရှာဖွေခြင်း၊ ရောဂါကူးစက်မှုကို ထိန်းချုပ်ခြင်းနှင့် အရေးပေါ်တုန့်ပြန်ဆောင်ရွက်မှု လုပ်ငန်းစဉ်များကို ကူညီဆောင်ရွက်နိုင်ရန် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ICT နည်းပညာအထောက်အကူပြုလုပ်ငန်းအဖွဲ့တို့က ရေးဆွဲခဲ့ခြင်းဖြစ် သည်။

Photo Source https://web.facebook.com/mptofficialpage/

MPT သုံးစွဲသူများသည် Saw Saw Shar မိုဘိုင်းလ်အက်ပလီကေးရှင်းကို အခမဲ့ ဒေါင်းလုတ်ပြုလုပ်၍ အသုံးပြုနိုင် မည်ဖြစ်သည့်အပြင် ဇူလိုင်လ ၃၁ ရက်အထိ 1GB ဒေတာအပိုလက်ဆောင်ကို ရယူနိုင်မည်ဖြစ်သည်။ 1GB ဒေတာအပို လက်ဆောင် ကိုရရှိရန် MPT သုံးစွဲသူများသည် MPT4U မှတစ်ဆင့် Saw Saw Shar မိုဘိုင်းလ်အက်ပလီကေးရှင်းကို ဒေါင်းလုတ်ရယူခြင်း၊ ထည့်သွင်းခြင်းကို ပြုလုပ်ခြင်း နှင့် SIM Card များကို အချက်အလက်မှန်ကန်စွာ ဖြည့်သွင်း၍ မှတ်ပုံတင်ခြင်းတို့ကိုပြုလုပ်ရန် လိုအပ်မည်ဖြစ်သည်။ အချက်အလက်မှန်ကန်စွာဖြင့် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို မပြုလုပ်ရသေးပါက App ကိုဒေါင်းလုတ်ပြီး (၃)ရက်အတွင်း ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း ပြုလုပ်ခြင်းဖြင့် 1GB ဒေတာ အပိုလက်ဆောင်ကို ရရှိနိုင်မည်ဖြစ်သည်။
Saw Saw Shar မိုဘိုင်းလ် အက်ပလီကေးရှင်းကို MPT4Uမှတစ်ဆင့် ဒေါင်းလုတ်ရယူရန် အောက်ပါ အတိုင်းဆောင် ရွက်နိုင်မည်ဖြစ်သည်။
(၁)*4040 # ကို ခေါ်ဆိုပြီး MPT4U App ဒေါင်းလုတ် URL လင့်ခ်ကိုရယူလိုက်ပါ။
(၂) MPT4U App ကိုဖွင့်ပြီး “Saw Saw Shar” banner ပုံလေးကိုနှိပ်ပါ။
(၃) ဒေါင်းလုတ်စာမျက်နှာပေါ်ရှိ ဒေါင်းလုတ် ခလုတ်ကိုနှိပ်ပါ။
ဒေတာအပိုလက်ဆောင်ကို သုံးစွဲသူတစ်ဦးလျှင် တစ်ကြိမ်သာရရှိမည် ဖြစ်ပြီး အဆိုပါ လက်ဆောင်ကို ရက် (၃၀) သက်တမ်း အတွင်း အသုံးပြုနိုင်မည် ဖြစ်သည်။

Photo Source https://web.facebook.com/mptofficialpage/

“MPT ဟာ ပုံမှန်ချိန်တွေသာမကပဲ ယခုလို ခက်ခဲတဲ့အချိန်တွေမှာလည်း ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေကို အကောင်းဆုံး ဝန်ဆောင်မှုတွေ ပေးအပ်ဖို့အတွက် အမြဲ စဉ်းစားဆောင်ရွက်လျက်ရှိပါတယ်။ သုံးစွဲသူတွေ အနေနဲ့လည်း ဒီ Saw Saw Shar မိုဘိုင်းလ်အက်ပလီကေးရှင်းကို အသုံးပြုပြီး ဒေတာကုန်ကျမှုမရှိဘဲ COVID-19 နဲ့ ပတ်သက်တဲ့ လက်ရှိ သတင်းအခြေအနေ တွေကို ပိုမိုပြီးသိရှိမယ်၊ လိုအပ်တဲ့ ဒီအက်ပလီကေးရှင်း အသုံးပြုမှုမှာ ဒေတာခ ကုန်ကျမှုမရှိဘဲ အသုံးပြုနိုင်ဖို့ ပါဝင်လာနိုင်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်” ဟု MPT-KSGM JO ၏ Chief Commercial Officer ဖြစ်သူ Mr.Tetsunori Nagashima က ပြောကြားသည်။
MPT သည် အများပြည်သူများအတွက် မရှိမဖြစ် လိုအပ်သော ဆက်သွယ်ရေးဆိုင်ရာ အထောက်အပံ့များ ဖြစ်သည့် COVID-19 တိုက်ဖျက်ရေးကြိုးပမ်းမှုများတွင် နေရာ ၆ နေရာရှိ အသွားအလာ ကန့်သတ်ထားသူများအတွက် အင်တာနက်ပါဝင်သော ဆင်းမ်ကတ် ၁၅,၄၀၀ ပေးအပ်ခြင်း၊ သတင်းဌာနဝက်ဘ်ဆိုက်များနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့၏ ဝက်ဘ်ဆိုက်များသို့ အင်တာနက်ဖိုး အခမဲ့ဖြင့် ဝင်ရောက်ကြည့်ရှုနိုင်ရန် ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ပုဂ္ဂိုလ်၏ဖုန်းနှင့် ဆွေးနွေးအကြံပြုစင်တာများသို့ အခမဲ့ဖုန်းခေါ်ဆိုနိုင်ရန် စီစဉ်ပေးခြင်းတို့ကိုလည်း ပံ့ပိုးဆောင်ရွက်ပေးခဲ့ပြီး ဖြစ်သည်။
ထို့အပြင် MPT အနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ အသွားအလာကန့်သတ် ဆောင်ရွက်ထားသော နေရာများ၊ ဆေးရုံများ၊ ကုသမှု စင်တာများ၊ ကျောင်းများနှင့် အဖွဲ့အစည်းများသို့ FTTH နှင့် B2B Fiber အင်တာနက်ဆက်သွယ်မှု ၄၀ ခု အထိ ပံ့ပိုးဆောင်ရွက်ပေးခဲ့ပြီး ဖြစ်သည်။