တရုတ်ဘာသာစကားလေ့လာနေသူများအတွက် Chinese Vocabulary For Myanmar App

ယနေ့ခေတ်အချိန်အခါမှာ အင်္ဂလိပ်ဘာသာစကားအပြင် အခြားဘာသာစကားတစ်ခုခု ပိုမိုတက်မြောက်ထားခြင်းဟာလည်း လုပ်ငန်းခွင်ထဲမှာ ပြောဆိုဆက်ဆံရတာအဆင်ပြေစေသလို အလုပ်ရှာဖွေတဲ့အခါမှာလည်း အထောက်အကူတစ်ခုဖြစ်စေ ပါတယ်။ ကိုယ်ကျွမ်းကျင်တဲ့ဘာသာစကားနဲ့သက်ဆိုင်တဲ့ လုပ်ငန်းခွင်ကို ရှာဖွေလုပ်ကိုင်မယ်ဆိုရင်တောင် အလုပ်အကိုင် အခွင့်အလမ်းမရှားပါးစေပဲ ရွေးချယ်စရာပေါများနေတတ်ပါတယ်။ ဒါ့အပြင် ရေမြေရပ်ခြားကို သွားရောက်တဲ့အခါမှာလည်း ကိုယ်သွားတဲ့နိုင်ငံရဲ့ ဘာသာစကားကို ကျွမ်းကျင်စွာတတ်မြောက်ထားတဲ့အတွက် များစွာအသုံးဝင်စေပါတယ်။

Photo Source- Screenshot by Myanmar Tech Press

တရုတ်ဘာသာစကားဟာလည်း ယနေ့ခေတ်အနေအထားအရ လူငယ်တွေပိုမိုလေ့လာလိုက်စားလာကြသလို သင်တန်း ကျောင်းတွေများစွာမှာလည်း ထည့်သွင်းသင်ကြားပေးလာတဲ့ အဓိကဘာသာစကားတစ်ခုလို ဖြစ်နေပါတယ်။ ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ဘွဲ့ရပြီးခါစလူငယ်တွေကလည်း အလုပ်အကိုင်အခွင့်အလမ်းအတွက် အများဆုံးရွေးချယ်တက်ရောက် လာကြတဲ့ ဘာသာစကားတစ်ခုဖြစ်သလို လုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေအတွက်လည်း သက်ဆိုင်ရာလုပ်ငန်းခွင်မှာအသုံးဝင် စေဖို့ တရုတ်ဘာသာစကားကို လေ့လာသင်ကြားလာကြတာလည်းဖြစ်ပါတယ်။

Photo Source- Screenshot by Myanmar Tech Press

အဲ့ဒီအတွက်လည်း သင်တန်းတွေတက်ပြီးလေ့လာကြသလို အွန်လိုင်းပညာရေးစနစ်တစ်ရပ်အနေနဲ့လည်း လေ့လာ သင်ယူလာကြပါတယ်။ Chinese Vocabulary For Maynmar Mobile Application ဟာလည်း တရုတ်စာလေ့လာ နေသူတွေ၊ တရုတ်ဘာသာစကားသင်တန်းတက်ရောက်နေသူတွေအတွက် အသုံးဝင်လွန်းတဲ့ Application တစ်ခုဖြစ်ပြီး တရုတ်စာလေ့လာနေသူတွေအတွက် တစ်ဖက်တစ်လမ်းကနေ အကူအညီပေးနိုင်တဲ့ Application တစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်တိုင်က တရုတ်ဘာသာစကားလေ့လာနေသူ တစ်ယောက်ဆိုရင်တော့ Chinese Vocabulary For Myanmar Mobile Application ကို ဆောင်ထားရင်မမှားပါဘူး။

Photo Source- Screenshot by Myanmar Tech Press

Chinese Vocabulary For Myanmar App ဟာ တရုတ်စာတွေကို မြန်မာလိုနားလည်ရလွယ်ကူအောင်အဆင့်ဆင့်ရှင်းပြ ထားပြီး အသံအနေအထားကိုနားထောင်လို့ရအောင်ပြုလုပ်ထားပါတယ်။ တရုတ်စာခက်ဆစ်လေ့လာသူတွေအတွက် အဆင် ပြေသလို တရုတ်စာအလွယ်မှ ခက်ခဲ့တဲ့အပိုင်းအလိုက် အုပ်စု (၆၅) ခု ခွဲပြီးဖော်ပြထားပါတယ်။ Study နဲ့ Flashcard ဆိုပြီး နှစ်ပိုင်းခွဲဖော်ပြထားပြီး Study အပိုင်းမှာတော့ အသံထွက်နဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေပါရှိပါတယ်။ Flashcard တွေကတော့ အဓိပ္ပာယ်ကို မှတ်မိ/မမှတ်မိဆိုတာကို သိစေဖို့ အသံထွက်နဲ့အဓိပ္ပာယ်ကို အစမှာဖော်ပြမထားပဲ မိမိကြည့်ချင်မှကြည့်လို့ရ အောင်ပြုလုပ်ထားပါတယ်။

Photo Source- Screenshot by Myanmar Tech Press

တရုတ်ဘာသာစကားကို သင်တန်းတွေတက်ပြီးလေ့လာနေတယ်ဆိုရင်တောင်မှ ခု ပြောပြတဲ့ Mobile Application ကိုမိမိ ဖုန်းထဲမှာအဆင်သင့်ဆောင်ထားပြီး အားလပ်ချိန်တိုင်းလေ့လာနေလို့ရတာကလည်း အကျိုးရှိစေပါတယ်။ Self-Study လုပ် နေကြတဲ့ လူကြီး၊ လူငယ်တွေအတွက်လည်း Chinese Vocabulary For Myanmar Application ကထိရောက်စွာ ကူညီပေး နိုင်ပါတယ်။ App ကို Install ပြုလုပ်ထားရုံနဲ့ အင်တာနက်မဖွင့်ပဲ အသုံးပြုလို့ရစေပါတယ်။
အောက်ပါ Link မှ ဝင်ရောက် Install ပြလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.mmswdev.chinesevocab.hsk.mm