မိုးလေဝသအခြေအနေများကို ကြိုတင်ခန့်မှန်းသိရှိနိုင်သည့် Mobile Application များ

နွေအကုန်မိုးအကူးကာလအပိုင်းအခြားနီးလာတာနဲ့အမျှ မြန်မာနိုင်ငံရဲ့ ရာသီဥတုဟာလည်း တဖြည်းဖြည်းပိုပူလာပါပြီ။ ရာသီ ဥတုကို အမှီသဟဲပြုပြီးအလုပ်လုပ်နေကြတဲ့သူတွေကလည်း အပူချိန်ဘယ်တော့လျော့ကျသွားပြီး မိုးဘယ်အချိန်ရွာမလဲဆို တာကိုလည်း သိချင်နေကြသလို လေဖိအားနည်းရပ်ဝန်းနဲ့မုန်တိုင်းရှိမရှိအခြေအနေတွေကိုလူတိုင်းက သိချင်နေကြတာမ ဆန်းပါဘူး။

Photo Source- Screenshot by Myanmar Tech Press

မြန်မာနိုင်ငံရဲ့ ရာသီဥတုအနေအထားအရ မိုးလေဝသအခြေအနေတွေကို ကြိုတင်ခန့်မှန်းသိရှိထားတာက တောင်သူလယ် သမားတွေအပါအဝင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူတွေအတွက် များစွာအကျိုးရှိစေပါတယ်။ အလုပ်ကိစ္စ ကြောင့်ဖြစ်စေ၊ လူမှုရေးကိစ္စများကြောင့်ဖြစ်စေ ရာသီဥတုအနေအထားကို ကြိုတင်သိရှိတွက်ဆထားတာကလည်း မိမိအ တွက်ကြိုတင်ပြင်ဆင်ဖို့အတွက် အချိန်ပိုရလေပါပဲ။

Photo Source- Screenshot by Myanmar Tech Press

မိမိနေထိုင်ရာမြို့မှာဖြစ်စေ ခရီးထွက်သည့်အခါဖြစ်စေ သွားရောက်လိုသည့်မြို့မှာလည်း ရာသီဥတုအခြေအနေများကို သိရှိ စေရန်အတွက်နည်းပညာဆိုင်ရာအကူအညီတစ်ခုအနေနဲ့ Mobile Application တစ်ခုခုဆောင်ထားပြီး ကြည့်ရှုလို့ရတာ ကလည်း အားသာချက်တစ်ခုပါပဲ။ လက်ရှိလည်း အသုံးပြုတဲ့သူတွေများနေပြီး ရာသီဥတုအခြေအနေတွေကို ကြိုတင်သုံး သပ်ကြည့်ရှုနိုင်တဲ့ Mobile Application နှစ်ခုအကြောင်းကို ဖော်ပြလိုက်ပါတယ်။

Photo Source- Screenshot by Myanmar Tech Press

(၁) Weather Myanmar Application
Weather Myanmar Mobile Application ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ မည့်သည့်မြို့၊ မည်သည့်ဒေသတွင်မဆို ရာသီဥတု အခြေအနေများကို (၅) ရက် (၃) နာရီခြားကြိုတင်ကြည့်ရှုနိုင်ပါတယ်။ ကြည့်ရှုလို့ရတဲ့ ဒေသ (၂၁) ခုကိုလည်းဖော်ပြထားပြီး ရွေးချယ်ကြည့်ရှုနိုင်ပြီး Application ကို မိတ်ဆွေသူငယ်ချင်းများဆီသို့ ပြန်လည်မျှဝေလို့ရစေရန်လည်းပြုလုပ်ထားပါတယ်။ အင်တာနက်ဖွင့်ပြီးအသုံးပြုရတဲ့ Mobile Application ဖြစ်ပြီး မိမိတည်နေရာကိုဖွင့်ပြီး မြေပုံနှင့်တကွကြည့်ရှုနိုင်ပါတယ်။

Photo Source- Screenshot by Myanmar Tech Press

(၂) DMH Sesame Application
ဒီ Application ကတော့ မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ နှစ်ဘာသာဖြင့်အသုံးပြုနိုင်ပြီး ပထမ (၅) ရက်တွင်းရာသီဥတုအ ခြေအနေနဲ့ နောက် (၅) ရက်ရာသီဥတုအခြေအနေတွေကို ကြိုတင်သိရှိနိုင်ပါတယ်။ မိမိသိချင်တဲ့မြို့နာမည်ကို အကြံပြုချက် နေရာမှာ ရိုက်ထည့်လိုက်ရုံနဲ့ ရာသီဥတုအနေအထားများကို ဖော်ပြပေးပါတယ်။ အဆိုပါ Application မှာတော့ ခန့်မှန်းချက်၊ အကြံပြုချက်၊ ဂရပ်၊ မိုးရွာသွန်းမှုခန့်မှန်းချက်များသုံးသပ်ခြင်း၊ သီးနှံအကြံပြုချက်၊ တုံ့ပြန်အကြံပြုချက် များကိုထည့်သွင်းဖော် ပြထားပါတယ်။ အသုံးပြုရလွယ်ကူပြီး အင်တာနက်နှင့် GPS ဖွင့်ကာအသုံးပြုရတဲ့ Mobile Application တစ်ခုလည်းဖြစ်ပါ တယ်။
အောက်ပါ Link တွင် ဝင်ရောက် Install ပြုလုပ်နိုင်ပါသည်။
https://play.google.com/store/apps/details?id=com.ebzits.weathermyanmar
https://play.google.com/store/apps/details?id=int_.rimes.sesame&hl=en