ဂျပန်ဘာသာစကား လေ့လာချင်သူတွေအတွက် Learn Japanese Application

ပညာရေးနဲ့ပတ်သက်လို့ ခုနောက်ပိုင်းလူငယ်တော်တော်များများက ကျောင်းအားလပ်ချိန်တွေမှာ အင်္ဂလိပ်စာသင်တန်းနဲ့ အခြားဘာသာစကားသင်တန်းတွေကို အချိန်ပေးပြီးတက်ရောက်သင်ကြားလာကြပါပြီ။ တချို့ကျပြန်တော့ မိသားစုစီးပွားရေး အခြေအနေအရ လုပ်ငန်းခွင်ဝင်ရောက်လုပ်ကိုင်ရင်း အားလပ်ချိန်မှာ မိမိနားလည်တတ်ကျွမ်းချင်တဲ့အကြောင်းအရာတွေကို Self-Study လုပ်ရတဲ့အခါမျိုးတွေရှိတတ်ပြန်ပါတယ်။ အဲ့ဒီအတွက်လည်း စာအုပ်စာပေတွေလည်း လိုအပ်သလို၊ နည်းပညာ ပိုင်းဆိုင်ရာအကူအညီနဲ့ လေ့လာမှီငြင်းလို့ရနိုင်တဲ့အရာတွေရှိတဲ့အခါ ပိုအဆင်ပြေသွားတတ်တာမျိုးလည်းရှိပါတယ်။ ဘာသာ စကားတစ်ခုကို ကိုယ်တိုင်လေ့လာတဲ့အခါမှာ အခက်အခဲလေးတွေတော့ရှိတတ်ပါတယ်။ အရေး၊ အပြော စတာတွေကလည်း တိကျသေချာဖို့လည်းလိုပါသေးတယ်။

Photo Source- Screenshot by Myanmar Tech Press

ဂျပန်ဘာသာစကားကို ကိုယ်တိုင်အခြေခံကနေစပြီးလေ့ချင်တဲ့သူတွေအတွက် အင်တာနက်အသုံးပြုစရာမလိုပဲ သုံးလို့ရတဲ့ Learn Japanese Offline (Free) Application ကတော့ ဂျပန်ဘာသာစကားကို လေ့လာနေသူတွေ အသုံးများပြီး သုံးတဲ့ လူတိုင်းလည်း အကြိုက်တွေ့စေပါတယ်။ အင်တာနက်အသုံးမပြုရတဲ့အတွက်ကြောင့် ငွေကြေးကုန်ကျမှုမရှိသလို မိမိဖုန်းထဲ မှာ Install ပြုလုပ်ထားပြီး ကိုယ်အားလပ်ချိန်မှာ လေ့လာလို့ရစေတဲ့အတွက် များစွာအကျိုးရှိစေပါတယ်။ ဂျပန်ဘာသာစကား ကိုအခြေခံကစပြီး ကျွမ်းကျင်သည်အထိတတ်မြောက်အောင် ကူညီပေးနိုင်တဲ့ Mobile Application တစ်ခုလည်းဖြစ်ပါတယ်။

Photo Source- Screenshot by Myanmar Tech Press

နောက်ပြီး ဂျပန်နိုင်ငံကို ခရီးသွားသည်ပဲဖြစ်ဖြစ်၊ ဂျပန်လူမျိုးတစ်ဦးနှင့်စကားပြောသည့်အခါတွင်လည်း Learn Japanese Application ကအကူအညီတစ်ခုဖြစ်စေပါတယ်။ အသုံးဝင်စေတဲ့စကားလုံးတွေနဲ့ အခြားကဏ္ဍပေါင်းစုံပြောဆိုဆက်ဆံပုံတွေ ကိုထည့်သွင်းဖော်ပြထားပါတယ်။ Learn Japanese Application ကို ကြိုက်နှစ်သက်လို့ သူငယ်ချင်းမိတ်ဆွေတွေကို ပြန် လည်မျှဝေလို့ရစေပါတယ်။

Photo Source- Screenshot by Myanmar Tech Press

Learn Japanese App မှာ ပါဝင်တဲ့အကြောင်းအရာတွေကတော့ Alphabet ၊ Food ၊ Greetingsd ၊ General ၊ Numbers ၊ Time and Date ၊ Directions & Places ၊ Transportation ၊ Accommodation ၊ Eating Out ၊ Shopping ၊ Colours ၊ Cities and Prefect ၊ Countries ၊ Tourist ၊ Family ၊ Dating ၊ Emergency ၊ Feeling Sick ၊ Tongue Twisters စတဲ့အ ကြောင်းအရာတွေကို ကဏ္ဍတစ်ခုချင်း အလိုက်လေ့လာနိုင်အောင်ဖော်ပြထားပါတယ်။
ဂျပန်ဘာသာစကားအခေါ်အဝေါ်တွေကို နားလည်လွယ်အောင် ပုံနှင့်တကွ ရှင်းလင်းပြတ်သားနဲ့အသံနဲ့ရှင်းပြထားတဲ့အတွက် အသုံးပြုတဲ့သူလည်း ပိုအဆင်ပြေစေတာအမှန်ပါပဲ။ ပြီးတော့ သုံးစွဲတဲ့သူတွေ လေ့ကျင့်ခန်းပြန်လုပ်ဖို့အတွက် မေးခွန်းနဲ့ အဖြေကဏ္ဍကို အဆင့်ဆင့်လေ့ကျင့်စေရန်အတွက် ထည့်သွင်းပေးထားပါတယ်။

Photo Source- Screenshot by Myanmar Tech Press

ဂျပန်နိုင်ငံကိုသွားရောက်လုပ်လုပ်ဖို့ ဂျပန်ဘာသာစကားကို သင်တန်းတက်နေတဲ့သူတွေလည်း ဆောင်ထားသင့်တဲ့ Application တစ်ခုဖြစ်ပြီး၊ မိမိရဲ့အားလပ်ချိန်တွေမှာလေ့လာမယ်ဆိုရင်လည်း အကျိုးရှိစေတဲ့ Mobile Application တစ်ခု ဖြစ်တာကြောင့် ဂျပန်ဘာသာစကားကိုဝါသနာပါလေ့လာလိုက်စားသူတွေ ဆောင်ထားရမယ့် Mobile Application တစ်ခုပါ ပဲ။
အောက်ပါ Link မှ ဝင်ရောက် Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.lyric.learn_japanese