PUBG MOBILE KING OF THE HILL ရဲ့ ပထမဦးဆုံးအကြိမ် Offline ပွဲကြီးကို စက်တင်ဘာ ၁ ရက်နေ့တွင် ရန်ကုန်မြို့တွင် ကျင်းပသွားမည်

PUBG MOBILE က မြန်မာနိုင်ငံအတွက် ပထမဦးဆုံးအကြိမ် Offline ဂိမ်းပြိုင်ပွဲကြီးကို ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့ ရန်ကုန်မြို့ရှိ Junction Square Promotion Area တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါပြိုင်ပွဲကြီး၏ Title Sponsor အဖြစ် OPPO Myanmar က ပါဝင်ကူညီထားပြီး OPPO | PUBG MOBILE KING OF THE HILL ပွဲကြီးတစ်ပွဲလည်းဖြစ်သည်။ ၂၀၁၉ ဒီဇင်ဘာလတွင် ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပသွားမည့် ၂၀၁၉ ခုနှစ် ဆီးဂိမ်း အားကစားပွဲတော်ကြီးတွင် E-sports ကစားပွဲများကို တရားဝင်ထည့်သွင်းသတ်မှတ်ခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ရန် ကစားသမားများ၊ အသင်းများလည်းပေါ်ထွက်ခဲ့ကြပြီးသည့်အတွက်ကြောင့် PUBG MOBILE အနေနှင့် မြန်မာနိုင်ငံတွင်း E-sports ကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မြန်မာ E-sports ကစားသမားများအတွက် ဆီးဂိမ်းကဲ့သို့ နိုင်ငံတကာအဆင့် ပြိုင်ပွဲများတွင် သွားရောက်ယှဉ်ပြိုင်နိုင်ရန် အားပေးကူညီသည့် ခြေလှမ်းတစ်ခုအဖြစ် OPPO | PUBG MOBILE KING OF THE HILL ပြိုင်ပွဲကြီးကို ကျင်းပရခြင်းဖြစ်ကြောင်းလည်းသိရသည်။

Photo Source – https://www.fb.com/PUBGMOBILE.MM.OFFICIAL

အဆိုပါပြိုင်ပွဲ၏ အဓိကထူးခြားချက်မှာ ပြိုင်ပွဲဝင်များသည် တစ်ဦးချင်းစီ Solo အနေနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး Sanhok မြေပုံတစ်ခုထဲတွင်သာ TPP Mode ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ပွဲစဉ်ပေါင်း ၅ ပွဲတိတိ ပါဝင်သွားမည်ဖြစ်ပြီး၊ ပွဲစဉ်တစ်ပွဲအတွက် ကစားသမား ၆၀ ဦးကို လက်ခံသွားမည်ဖြစ်ပါသည်။ စိတ်ဝင်စားသူ ကစားသမားများအနေဖြင့် ကြိုတင် စာရင်းပေးထားရန်မလိုဘဲ ပွဲစဉ်များမစတင်မီအချိန်တွင် ပြိုင်ပွဲကျင်းပရာနေရာသို့ တိုက်ရိုက်လာရောက် စာရင်းပေးပြီး ယှဉ်ပြိုင်နိုင်မည်လည်းဖြစ်သည်။ ထို့အပြင် PUBG MOBILE နှင့် OPPO Myanmar တို့ ပူးပေါင်းပြီး ဇူလိုင်လတွင် ကျင်းပပြု လုပ်ခဲ့သည့် COMMUNITY BATTLEGROUNDS အွန်လိုင်းဂိမ်းပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သည့် ထိပ်ဆုံးအသင်း နှစ်သင်းမှ ကစားသမား ၈ ယောက်သည်လည်း ထိုပြိုင်ပွဲ၏ပွဲစဉ်တိုင်းတွင် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သဖြင့် ထိပ်တန်းဆုရကစား သမားများနှင့်ယှဉ်ပြိုင်နိုင်မည့် အခွင့်အရေးလည်း ရရှိမည်ဖြစ်ကြောင်းလည်းသိရသည်။
ပွဲစဉ်တစ်ပွဲစီတွင် အနိုင်ရရှိသူ (Chicken Dinner Winner) တစ်ဦးနှင့် Kill အများဆုံးရရှိသူ (Best Kill) တစ်ဦးစီကို ရွေးချယ် သွားမည်ဖြစ်ပြီး ဆုကြေးအနေဖြင့် တစ်ဦးလျှင်အမေရိကန်ဒေါ်လာ (၁၀၀) ချီးမြှင့်သွားမည်ဖြစ်ပြီး ဆုကြေးငွေအပြင် အခြား in-game item များ၊ merchandised ပစ္စည်းများကိုလည်း အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်သွားမည်ဖြစ်သည်။ ထိုကဲ့သို့သောပြိုင်ပွဲများကို မြန်မာနိုင်ငံ၏ အခြားတိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင်လည်း ဆက်လက်ကျင်းပသွားရန် အစီအစဉ်များရှိကြောင်းလည်းသိရသည်။

Photo Source – https://www.fb.com/PUBGMOBILE.MM.OFFICIAL

PUBG MOBILE သည် Original Battle Royale ဂိမ်းအမျိုးအစားဖြစ်သော PlayerUnknown’s Battlegrounds ဟူသည့် PC ဂိမ်း၏ တရားဝင် မိုဘိုင်းဂိမ်း(Mobile Game) တစ်ခုဖြစ်ပြီး လက်ရှိတွင် အာရှဒေသတွင်း၌ လူကြိုက်အများဆုံး ဂိမ်းတစ်ခုလည်းဖြစ်သည်။ ပွဲစဉ်တစ်ခုအတွင်း ကစားသမား အယောက် ၁၀၀ အထိ တပြိုင်နက် ဝင်ရောက်ကစားနိုင်သလို PUBG MOBILE ဂိမ်းပုံစံသည် အဆင့်တက်တိုင်း တဖြည်းဖြည်းကျဉ်းမြောင်းလာသော စစ်မြေပြင်ထဲတွင် တွေ့ရှိသော လက် နက်များနှင့် ယာဉ်များကိုအသုံးပြုကာ နောက်ဆုံးအသက်ရှင်ကျန်ရစ်သော ကစားသမားဖြစ်အောင် ကြိုးစားရမည်ဖြစ်ပြီး ထိုသို့နောက်ဆုံးကျန်ရစ်သူ (သို့) အဖွဲ့သည် အနိုင်ရရှိခြင်းလည်းဖြစ်သည်။
ယခုကျင်းပမည့်ပြိုင်ပွဲနှင့် ပတ်သက်ပြီး သတင်းအချက်အလက်အသေးစိတ်ထပ်မံ သိရှိလိုပါက အောက်ပါ Link များမှာဝင် ရောက်ကြည့်ရှုနိုင်ပါ သည်။
https://www.fb.com/PUBGMOBILE.MM.OFFICIAL
https://www.facebook.com/oppomyanmar/