အူရီဒူးမှ အွန်လိုင်းမှတဆင့် ဝန်ဆောင်မှုများကို စုံစမ်းနိုင်မည့် ဒစ်ဂျစ်တယ်ပလက်ဖောင်းကို မိတ်ဆက်

မြန်မာနိုင်ငံတွင်ဆန်းသစ်တီထွင်ဖန်တီးမှုများဖြင့် ထိပ်တန်းဒစ်ဂျစ်တယ်ဝန်ဆောင်မှုများကိုပေးအပ်နေသည့် အူရီဒူးမြန်မာ အနေဖြင့် စီးပွားရေးလုပ်ငန်းသုံး ဝန်ဆောင်မှုများကို အသုံးပြုနေသည့် သုံးစွဲသူများအတွက် စီးပွားရေးလုပ်ငန်းလိုအပ်ချက် အသစ်များနှင့် လက်ရှိဝန်ဆောင်မှုများနှင့် ပါတ်သတ်၍ လုပ်ငန်းသုံးဝန်ဆောင်မှုများကို အချိန်နှင့်တပြေးညီ ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုသစ်တစ်ခုကို မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ကြောင်းသိရသည်။
အူရီဒူး စီးပွားရေးလုပ်ငန်းသုံးဝန်ဆောင်မှုအဖွဲ့မှ အွန်လိုင်းမှတဆင့် သိလိုသည်များကို စုံစမ်းမေးမြန်းနိုင်မည့် အွန်လိုင်းဝန် ဆောင်မှုဖြင့် သုံးစွဲသူများအား အူရီဒူး၏ ထုတ်ကုန်များ၊ ဝန်‌ဆောင်မှုများနှင့် ပါတ်သတ်သည့် သတင်းအချက်အလက်များကို ကူညီပံ့ပိုးမှု ရယူနိုင်ရန်အတွက် မိတ်ဆက်ပေးလိုက်ခြင်း ဖြစ်ပါသည်။ သုံးစွဲသူမှ အဆိုပါပုံစံကိုဖြည့်လိုက်သည်နှင့် အူရီဒူး စီးပွားရေးလုပ်ငန်းသုံးဝန်ဆောင်မှုအဖွဲ့မှ ၎င်းတို့၏လိုအပ်ချက်များပေါ်တွင်မူတည်၍ ဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန် အတွက် ဆက်သွယ်ပြန်ကြားပေးသွားမည်ဖြစ်သည်။

Photo Source https://web.facebook.com/OoredooMyanmar/

သုံးစွဲသူများအနေဖြင့် အူရီဒူးစီးပွားရေးလုပ်ငန်းသုံးဝန်ဆောင်မှုများနှင့် ထုတ်ကုန်များဖြစ်သည့် ကြိုတင်ငွေပေးချေစနစ်၊ အသုံးပြုပြီးမှ ငွေပေးချေသည့်စနစ်၊ မိုဘိုင်းအင်တာနက်၊ နိုင်ငံရပ်ခြားသို့ဆက်သွယ်ခြင်း၊ Office from Home ဝန်ဆောင်မှု၊ သုံစွဲသူအများအပြားသို့ တစ်ပြိုင်တဲ့ မက်ဆေ့ချ်ပေးပို့နိုင်သည့် Bulk SMS၊ Data Pool၊ M2M ဝန်ဆောင်မှု၊ သီးသန့်အင်တာနက် ဝန်ဆောင်မှုများ ဖြစ်သည့် (သီးသန့်အင်တာနက်၊ Domestic Private Leased Service၊ International Private Leased Circuits)၊ ပြည်ပသုံးအင်တာနက်အစီအစဉ်နှင့် သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် အသုံးစွဲသူ၏ လိုအပ်ချက်အလိုက်ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုများနှင့် ပါတ်သတ်သည့် သတင်းအချက်အလက်များကို သုံးစွဲသူများအနေဖြင့် စုံစမ်းနိုင်မည် ဖြစ်ပါသည်။
စုံစမ်းမေးမြန်းထားသူများအား အူရီဒူးစီးပွားရေးဌာနမှ စုံစမ်းမေးမြန်းမှုပုံစံကို လက်ခံရရှိသည့်အချိန်၏ ၃နာရီမှ ၄နာရီအတွင်း (ရုံးချိန်အတွင်း) ပြန်လည်ဆက်သွယ် ဖြေကြားပေးသွားမည် ဖြစ်သည်။
၎င်းချန်နယ်လ်သစ်ကို အသုံးပြုခြင်းဖြင့် သုံးစွဲသူများအနေဖြင့် ပိုမို အဆင်ပြေချောမွေ့မည့်အပြင် အချိန်ကုန်သက်သာပြီး အူရီဒူးစီးပွားရေးလုပ်ငန်းသုံးဝန်ဆောင်မှုအဖွဲ့နှင့် အမြဲအဆက်အသွယ်မပြတ် ရှိနေနိုင်မည်ဖြစ်သည်။ ဝန်ဆောင်မှုအတွက် အွန်လိုင်းမှ မေးမြန်းစုံစမ်းနိုင်သည့်ပုံစံကို ရယူနိုင်ရန် သုံးစွဲသူများအနေဖြင့် Ooredoo Business Facebook စာမျက်နှာသို့ ဝင်ရောက် လေ့လာနိုင်သည့်အပြင် (သို့) အူရီဒူး ဝက်ဘ်ဆိုက် http://ore.do/9jntf တွင် တိုက်ရိုက်ရယူနိုင်မည် ဖြစ်ပါသည်။

Photo Source https://web.facebook.com/OoredooMyanmar/

အူရီဒူးစီးပွားရေးလုပ်ငန်းသုံး ဝန်ဆောင်မှုသည် စီးပွားရေးလုပ်ငန်းများအတွက် အထူးသင့်လျော် ကောင်းမွန်သည့် ဝန်ဆောင်မှုများကို ပေးအပ်သည့်ဌာနဖြစ်ပြီး ထူးခြားကောင်းမွန်သည့် သုံးစွဲသူဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန်အတွက် သင့်လျော်သည့် အကောင်းဆုံးနည်းလမ်းများကို စဉ်ဆက်မပြတ် ရှာဖွေလျက်ရှိပါသည်။ ဒစ်ဂျစ်တယ် မေးမြန်းစုံစမ်းသည့်ပုံစံကို မိတ်ဆက်ပေးခြင်း မှာလည်း သုံးစွဲသူများ၏ စုံစမ်းမေးမြန်းမှုများအားလုံးအတွက် မြန်ဆန်သော တုန့်ပြန် ဖြေကြားချက်များနှင့်အတူ အပြည့်အဝပံ့ပိုးပေးနိုင်ရန်အတွက် အူရီဒူး၏ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းရေး ဆောင်ရွက်ချက်များ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။
သုံးစွဲသူတစ်ဦးချင်းစီအနေဖြင့် အူရီဒူးစီးပွားရေးလုပ်ငန်းသုံး ဝန်ဆောင်မှုအဖွဲ့ကို hotline နံပါတ်များဖြစ်သည့် ၂၁၆၊ ၂၁၂ တို့အပြင် ဒစ်ဂျစ်တယ် Inquiry Form ဖြင့်လည်း ဆက်သွယ်နိုင်မည်ဖြစ်ပါသည်။ ၎င်းစုံစမ်းမေးမြန်းနိုင်မည့် ချန်နယ်သစ်သည် အူရီဒူး၏ စီးပွားရေးလုပ်ငန်းသုံးဝန်ဆောင်မှု အသုံးပြုနေသည့် လုပ်ငန်းများအား သက်ဆိုင်ရာ ထုတ်ကုန် နှင့် ဝန်ဆောင်မှုတစ်ခုချင်းစီအတွက် တာဝန်ယူဆောင်ရွက်နေသည့် ကိုယ်စားလှယ်များမှ မြန်ဆန်ထိရောက်သည့် ပံ့ပိုးမှုကိုပေးအပ်နိုင်စေမည် ဖြစ်သည်။