အာရှပစိဖိတ်ဒေသတွင်း နိုင်ငံများမှ ဗီဒီယိုရိုက်ကူးမှုကို စိတ်ပါဝင်စားသူများ ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ဒေါ်လာ ၁၀၀၀၀ အထိဆုကြေးရရှိနိုင်မည့် HUAWEI FILM AWARDS 2020 ကို ကျင်းပမည်

Huawei မှ မြန်မာနိုင်ငံအပါအဝင် အာရှပစိဖိတ်ဒေသတွင်း နိုင်ငံများအားလုံးမှ ဗီဒီယို၊ ရုပ်ရှင်ဇာတ်လမ်းတို ရိုက်ကူးဖန်တီးမှုကို စိတ်ပါဝင်စားသူများ ပါဝင်ဆင်နွဲနိုင်မည့် HUAWEI Film Awards 2020 (HFA2020) ကို ကျင်းပပြုလုပ်တော့မည် ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲသည် ဒုတိယအကြိမ်မြောက်ကျင်းပပြုလုပ်ခြင်း ဖြစ်ပြီး HUAWEI မှ နှစ်စဉ်ကျင်းပပြုလုပ်နေကျ ဓာတ်ပုံပြိုင်ပွဲတစ်ခုဖြစ်သည့် NEXT-IMAGE Awards ပြိုင်ပွဲ၏ နောက်ဆက်တွဲ အစီအစဉ် တစ်ခုလည်း ဖြစ်ပါသည်။ ပြိုင်ပွဲကို ယနေ့ ဒီဇင်ဘာလ (၁၈) ရက် ၂၀၂၀ ခုနှစ်မှ မတ်လ (၁၈) ရက် ၂၀၂၁ ခုနှစ် (11:59 PM GMT+8) အထိ ကျင်းပပြုလုပ်မှာဖြစ်ပြီး ပြိုင်ပွဲဝင် ဗီဒီယိုများ ပေးပို့ယှဉ်ပြိုင်နိုင်ကာ အမြင့်ဆုံး ဆုအနေနှင့် အမေရိကန်ဒေါ်လာ ၁၀၀၀၀ နှင့် အခြားဆုများအတွက် HUAWEI Mate 40 Pro တို့ကို ဆုအဖြစ်ရရှိနိုင်မှာ ဖြစ်သည်။ 

Photo Source https://web.facebook.com/HuaweimobileMM

ဒေသတွင်းနိုင်ငံများမှ ပြိုင်ပွဲဝင်များ၏ တီထွင်ဖန်တီးမှုအားကောင်းကောင်း၊  စိတ်ကူးစိတ်သန်း ဉာဏ်ကွန့်မြူးအားကောင်းကောင်းကို အကြောင်းအရာတင်ပြုမှုပိုင်းကောင်းမွန်စွာဖြင့်  ဖန်တီးထားသည့် ရုပ်ရှင်ဇာတ်လမ်းတိုများ ထွက်ပေါ်လာခဲ့ခြင်းကြောင့် HUAWEI Film Awards (HFA) အနေနှင့် အချိန်တိုအတွင်း နာမည်ကျော်ကြားပြီး စိတ်ဝင်စားခံရမှု များပြားလာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ပြိုင်ပွဲဝင် အနေနှင့် HUAWEI ၏ ခေတ်မှီနည်းပညာများကို အသုံးပြုထားသည့် စမတ်ဖုန်းကင်မရာဖြင့် မိမိ၏  စိတ်ကူးစိတ်သန်း ကို  ဖန်တီးမှုအားကောင်းကောင်းဖြင့် ကြာမြင့်ချိန် (၁၀) မိနစ်ထပ် မကျော်လွန်စေပဲ တင်ဆက်ပြသ ရိုက်ကူးထားသည့်  ဗီဒီယိုဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရမှာပဲဖြစ်သည်။

“ယနေ့ခေတ်လို ကိုယ့်လက်ထဲမှာရှိနေတဲ့ မိုဘိုင်းဖုန်းနဲ့ အရည်အသွေးမြင့်မားတဲ့ အကြောင်းအရာ (content) တွေကို တင်ဆက်ပြသနိုင်နေတဲ့ အချိန်မှာ အာရှပစိဖိတ်ဒေသက မျိုးဆက်သစ်လူငယ်တွေ အနေနဲ့ Huawei ရဲ့ ထုတ်ကုန်တွေကို အသုံးပြုရင်း ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး တီထွင်ဖန်တီးမှု အရည်အချင်း စတာတွေကို တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ပရိသတ်တွေကို ဖန်တီးပြသနိုင်မယ့် Platform တစ်ခုကို ပြုလုပ်ပေးနိုင်ခဲ့လို့ ဝမ်းသာဂုဏ်ယူ မိသလို ကိုယ့်ရဲ့ ကိုယ်ပိုင် အစွမ်းအစတွေ၊ စိတ်ကူးစိတ်သန်းတွေနဲ့ ဖန်တီးထားတဲ့ အနုပညာလက်ရာကို ကမ္ဘာကြီးကို ထုတ်ဖော်ပြသဖို့အတွက် ပါဝင်ယှဉ်ပြိုင်ကြဖို့လည်း ဖိတ်ခေါ်လိုက်ရပါတယ်” ဟု Huawei Consumer Business Group ရဲ့ Global Chief Brand Officer ဖြစ်သူ Mr. Andrew Garrihy က HFA2020 နဲ့ပတ်သတ်လို့ မှတ်ချက်ပေးပြောကြားခဲ့သည်။

ပြိုင်ပွဲဝင်ဗီဒီယိုများကို အကဲဖြတ်နိုင်ဖို့အတွက်လည်း နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များမှ ဝင်ရောက် ရွေးချယ်ပေးသွားမှာ ဖြစ်ပါသည်။

HUAWEI Film Awards 2020 (HFA 2020) နှင့် ပတ်သတ်ပြီး ပါဝင်ယှဉ်ပြိုင်ရမည့်ပုံ အဆင့်ဆင့် အသေးစိတ်အတွက် အောက်ဖော်ပြပါ HUAWEI global community တွင်လည်းလေ့လာနိုင်ပါသည်။

https://consumer.huawei.com/en/community/hfa/?forumId=40452 

Photo Source https://web.facebook.com/HuaweimobileMM

ပါဝင်ယှဉ်ပြိုင်ရမည့်ပုံစံအနှစ်ချုုပ် မှာ

(အဆင့်-၁) မည်သည့် HUAWEI ဖုန်းအမျိုးအစားနှင့် ဗီဒီယိုရိုက်ကူးဖန်တီးနိုင်ပါသည်။

(အဆင့်-၂) ရိုက်ကူးဖန်တီး၊ တည်းဖြတ်ထားသည့် ဗီဒီယိုကို YouTube တွင် “public” setting ဖြင့်တင်ရမည်ဖြစ်သည်။

(အဆင့်-၃) HUAWEI Community Portal သို Login ဝင်ရပါမည်။

(အဆင့်-၄) HFA2020 Entry form (ပြိုင်ပွဲဝင်ပုံစံဖောင်) တွင်လိုအပ်သည့်အချက်အလက်များကို ဖြည့်စွက်ပြီး YouTube URL link ကိုပါ ထည့်သွင်းပေးရမည်။

(အဆင့်-၅) မတ်လ-၁၈၊ ၂၀၂၁ ခုနှစ် မတိုင်မှီ အချိန်မှီ Submit လုပ် ပေးပို့ရမည်ဖြစ်သည်။

ပြိုင်ပွဲအချိန်ကာလ မှာ

စတင်ပါဝင်ယှဉ်ပြိုင်နိုင်သည့်နေ့ – ဒီဇင်ဘာလ ၁၈၊၂၀၂၀ ခုနှစ်

နောက်ဆုံးထားယှဉ်ပြိုင်ရမည့်နေ့ – မတ်လ၁၈၊ ၂၀၂၁ ခုနှစ်

ပြိုင်ပွဲဝင်ဗီဒီယိုများကို အကဲဖြတ်ဒိုင်များမှ စီစစ်မည့် အချိန် – မတ်လ၁၉၊ ၂၀၂၁ ခုနှစ်မှ ဧပြီလ၁၈၊ ၂၀၂၁ ခုနှစ်

ရလဒ်များထုတ်ပြန်မည့် အချိန် – ဧပြီလ ၁၉၊ ၂၀၂၁ ခုနှစ်

ဆုလက်ဆောင်များ

APAC Best Film ဆု – အမေရိကန်ဒေါ်လာ ၁၀၀၀၀

APAC Honorable Mention ဆု – HUAWEI Mate 40 Pro