HUAWEI App Multiplier ပါဝင်ပြီး App တစ်ခုတည်းကို windows နှစ်ခုဖွင့်သုံးနိုင်တဲ့ HUAWEI MatePad T10s

HUAWEI ရဲ့ထုတ်ကုန်များထဲမှာ ယနေ့အထိ လူကြိုက်များနေဆဲဖြစ်တဲ့ HUAWEI App Multiplier ပါဝင်ပြီး App တစ်ခုတည်းကို windows နှစ်ခုဖွင့်သုံးနိုင်တဲ့ HUAWEI MatePad T10s လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။
HUAWEI MatePad T 10 မှာ ၉.၇ လက်မ HD မျက်နှာပြင်ကို အသုံးပြုထားတာကြောင့် သင့်အကြိုက်ဆုံး ရုပ်ရှင်တွေ၊ ဗီဒီယိုတွေ၊ Apps တွေ၊ ဂိမ်းတွေကို မြင်ကွင်းကျယ်ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင်ကျစ်ကျစ်လစ်လစ်၊ သေသပ်လှပတဲ့ပုံစံနဲ့ ဖွဲ့စည်းထားတာကြောင့် ပေါ့ပါးပြီး ဘယ်သွားသွား အလွယ်တကူ သယ်ဆောင်သွားနိုင်ပါတယ်။

Photo Source https://www.facebook.com/HuaweimobileMM

ချောမွေ့မြန်ဆန်သော Octa-core chipset နဲ့ အဆင့်မြင့် algorithm တို့ပေါင်းစပ်ထားတဲ့ EMUI 10.11 က အဆင့်မြင့်သောဂရပ်ဖစ်နှင့်စွမ်းဆောင်ရည်ကို ပေးစွမ်းပါတယ်။ သတင်းဖတ်ခြင်း၊ ဗီဒီယိုကြည့်ခြင်း သို့မဟုတ် ဈေးဝယ်ထွက်ခြင်းတို့ကို သင့်စိတ်ကြိုက် apps တွေကိုပြောင်းလဲအသုံးပြုပြီး ချောမွေ့တည်ငြိမ်သော အတွေ့အကြုံကို ခံစားရမှာဖြစ်ပါတယ်။
HUAWEI App Multiplier2 က အလျားလိုက်အသုံးပြုနေရင်လည်း app တစ်ခုတည်းကို windows နှစ်ခုဖြင့် အသုံးပြုနိုင်ပါတယ်။ တစ်ဖက်မှာဈေးဝယ်နေချိန်မှာ အခြားတစ်ဖက်တွင် ဝယ်ယူမည့်ပစ္စည်းကိုပုံအကြီး တပြိုင်နက်ကြည့်ခြင်း သို့မဟုတ် စာရင်းစစ်နေရင်းနှင့် သတင်းဖတ်ခြင်းတို့ကိုပြုလုပ်နိုင်ပြီး ပိုမိုအဆင်ပြေစေရန် windows ရဲ့အရွယ်အစားကို အကြီးအသေး ပြောင်းရွှေ့နိုင်ပါသေးတယ်။
TÜV Rheinland certified Eye Comfort4 က ထိခိုက်စေသည့် အပြာရောင်အလင်းတန်းများကို လျော့ချပေးသောကြောင့် နေ့စဉ်အသုံးပြုရန်အတွက် မျက်လုံးကိုအဆင်ပြေစေပါတယ်။ သင်ကြိုက်နှစ်သက်သည့်စာအုပ်ကိုဖတ်နေချိန်တွင် eBook mode ကိုရွေးချယ်ပြီး စာဖတ်ခြင်းအတွေ့အကြုံကို ခံစားနိုင်မှာလည်းဖြစ်ပါတယ်။ ညအချိန်မှာ Dark mode ကိုပြောင်းလဲခြင်းဖြင့်လည်း မြင့်ကွင်းအတွက် အလင်းလျော့ချပေးပြီး ပိုမိုပျော့ပြောင်းသောမြင်ကွင်းကို ရရှိစေမှာဖြစ်ပါတယ်။

Photo Source https://www.facebook.com/HuaweimobileMM

ကလေးများအတွက် သီးသန့်ကမ္ဘာနုနယ်သောစိတ်ကို ဂရုစိုက်ခြင်းအားဖြင့် ယခုတက်ဘလက်တွင် ကလေးရဲ့ အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ အကြောင်းအရာများကို Kids Corner မှာရှာဖွေလေ့လာနိုင်ပါသေးတယ်။ ကလေးရဲ့ အဖိုးတန်တဲ့အမြင်အာရုံကို အကာအကွယ်ပေးဖို့လည်း six-layered protection5 နဲ့ကာကွယ်ပေးထားပါတယ်။ ဒါကြောင့် မတူညီသောအခြေအနေအမျိုးမျိုးမှာ ကောင်းမွန်သော display effect များနှင့် ကလေးမျက်လုံးလေးများထိခိုက်စေမည့် ကျန်းမာရေးနှင့်မညီညွတ်သောအသုံးပြုမှုကိုတားစီးရန် သတိပေးချက်များဖြင့် ကစားနိုင်၊သင်ယူနိုင်ပါတယ်။
HUAWEI MatePad T 10s ရဲ့အရွယ်အစားကတော့ အကျယ် 240.2 mm ဖြစ်ပြီး အမြင့်ကတော့ 59 mm ဖြစ်ပါတယ်။ အနက်ကတော့ 7.85 mm ရှိပြီး အလေးချိန်အားဖြင့် Approx. 450 g (including battery) တို့ဖြစ်ပါတယ်။
ရွေးချယ်ဝယ်ယူနိုင်တဲ့ HUAWEI MatePad T 10s ရဲ့.အရောင်ကတော့ Deepsea Blue အရောင်ပဲဖြစ်ပါတယ်။ မျက်နှာပြင် Size ကတော့ 10.1 inches ရှိပြီး Resolution 1920 x 1200 ,224 PPI ဖြစ်ပါတယ်။ EMUI 10.1 (Based on Android 10) စနစ်ဖြစ်ပြီး RAM 3 GB နဲ့ ROM 64 GB ပါရှိပါတယ်။ ကင်မရာကတော့ Rear camera 5 MP နဲ့ f/2.2 apertureAuto Focus (Phase Focus) တို့ပါဝင်မှာဖြစ်ပါတယ်။
Image resolution အနေနဲ့ Up to 2560×1920 pixels ဖြစ်ပြီး Video resolution:Up to 1920 x 1080 pixels တို့နဲ့အသုံး ပြုနိုင်မှာလည်းဖြစ်ပါတယ်။ Image resolution ကတော့Up to 1600×1200 pixels နဲ့ Video resolution ကတော့ Up to 1280 x 720 pixels တို့ဖြစ်ပါတယ်။ ဘက်ထရီ 5100 mAh (typ.) ဖြစ်ပြီး 5 V/2 A charger ဖြစ်ပါတယ်။

Photo Source https://www.facebook.com/HuaweimobileMM

ချိတ်ဆက်မှုကတော့WLAN 802.11a/b/g/n/ac နဲ့ Wi-Fi frequency 2.4 GHz and 5 GHz ဖြစ်ပြီး Bluetooth ကတော့ Bluetooth 5.0, Bluetooth Low Energy is supported ဖြစ်ပါတယ်။ USB 2.0/USB Type-C ဖြစ်ပြီး အာရုံခံကိရိယာများ အနေနဲ့ Ambient light sensor၊ Distance sensor၊ Gravity sensor တို့ပါဝင်ပါတယ်။ Speaker ကတော့ 2-speaker, 2-channel output တို့ပဲဖြစ်ပါတယ်။ ဝယ်ယူအားပေးသူတွေအတွက် ဘူးတွင်းပါဝင်ပစ္စည်းတွေကတော့ Tablet (built-in battery)၊ Charger၊Type-C Cable၊ Eject Pin၊Quick Start Guide၊ Warranty Card တို့ဖြစ်ပါတယ်။
အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/HuaweimobileMM