AMD Ryzen 5 3500U processor ကို အသုံးပြုထားပြီး တစ်နေ့တာလုပ်ငန်းသုံးနှင့် ဖျော်ဖြေရေးအတွက် အကောင်းမွန်ဆုံးရုပ်ထွက်ပေးနိုင်သော HUAWEI MateBook D 15

Huawei ရဲ့ထုတ်ကုန်တွေထဲမှာ ကွန်ပျုတာပိုင်းဆိုင်ရာနာမည်ကြီးတဲ့ Huawei MateBook D 15 ကတော့ အလှပဆုံးသော မျက်နှာပြင်ပုံစံနဲ့ ဖန်တီးပေးထားပါတယ်။ 5.3 mm သာရှိသော ဘေးဘောင်နှင့် ၈၇ ရာခိုင်နှုန်းရှိသော မျက်နှာပြင်အချိုးအစားတို့ဖြင့်ဖွဲ့စည်းထားသော 15.6 inches မြင်ကွင်းကျယ်မျက်နှာပြင်တို့က လုပ်ငန်းသုံးဖြစ်ဖြစ်၊ ဖျော်ဖြေ ရေးအတွက်ဖြစ်ဖြစ် အကောင်းဆုံးအသင့်တော်ဆုံးဖြစ်နေစေမှာလည်းဖြစ်ပါတယ်။
Huawei MateBook D 15 ကတော့ အပေါ့ပါးဆုံးကိုယ်ထည်ဖြစ်ပြီး 1.53 kg1 အလေးချိန်၊ 16.9 mm အထူရှိသော သတ္တုကိုယ်ထည်နဲ့ ထုတ်လုပ်ထားတာကြောင့် ပါးလွှာပေါ့ပါးပြီး သယ်ဆောင်ရလွယ်ကူတာကြောင့် ဘယ်နေရာရောက် ရောက် မြင်ကွင်းကျယ်ခံစားချက်ကို ရရှိနိုင်မှာဖြစ်ပါတယ်။
HUAWEI MateBook D 15 မှာ အကောင်းဆုံးစွမ်းဆောင်ရည်ပေးနိုင်မယ့် AMD Ryzen 5 3500U processor ကို အသုံးပြုထားပြီး 16GB ရှိသည့် dual-channel DDR4 RAM ကို မြန်နှုန်းမြင့် PCIe SSD3 ဖြင့် တွဲဖက်ပေးထားပါတယ်။ Radeon Vega 8 Graphics ကို အသုံးပြုထားသောကြောင့် တစ်နေ့တာလုပ်ငန်းသုံး သို့မဟုတ် ဖျော်ဖြေရေးအတွက်တို့ကို အကောင်းမွန်ဆုံးရုပ်ထွက်ပေးစွမ်းနိုင်ပါတယ်။

Photo Source https://consumer.huawei.com/mm

Huawei Share ကလည်း စမတ်ဖုန်းနဲ့ HUAWEI MateBook ကို တစ်ချက်ထိရုံဖြင့် အင်တာနက်မလိုဘဲ Super Device တစ်ခုအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။ ဖုန်းမျက်နှာပြင်က Laptop တွင်ပေါ်နေမှာဖြစ်ပြီး Keyboard နဲ့ Mouse တစ်ခုတည်း ကို အသုံးပြုပြီး လုပ်ဖော်ကိုက်ဖက်များကို ဆက်သွယ်ရင်း လိုအပ်သည့် Files များကို အလွယ်တကူ ကူးယူပြင်ဆင်နိုင်ပါ တယ်။ အဲ့ဒီအတွက်ကြောင့် cross-device အသုံးပြုနိုင်ခြင်းက နေ့စဉ်ဘဝလုပ်ဆောင်ချက်တွေကို ပိုမိုလွယ်ကူစေပါတယ်။
HUAWEI MateBook D 15 မှာပါဝင်တဲ့ 65 W USB-C charger5 က သေးငယ်ပြီး သယ်ဆောင်ရလွယ်ကူသည့်အပြင် မိနစ် ၃၀ သွင်းရုံနဲ့ 53 ရာခိုင်နှုန်း အားပြည့်စေပါတယ်။ ဒါ့အပြင် fast charging ပါဝင်ပြီး သင့်ဖုန်းအတွက်ပါအသုံးပြုနိုင်ပြီး Data ကူးပြောင်းတာပါ ဆောင်ရွယ်နိုင်ပါတယ်။ တစ်ချက်လေးနှိပ်လိုက်ရုံနဲ့ လုံခြုံစွာ အဖွင့်အပိတ်လုပ်နိုင်ရန် HUAWEI MateBook D 15 မှာ Built-in Fingerprint reader ပါဝင်ပါသေးတယ်။
HUAWEI MateBook D 15 မှာ စွမ်းအားပြည့်၊မြန်နှုန်းမြင့်လုပ်ဆောင်နိုင်ရန် Hard Drive slots နှစ်ခုပါဝင်ထည့်သွင်းထားပြီး တုံ့ပြန်မှုမြန်ဆန်တဲ့ SSD ကို HDD နဲ့တွဲဖက်အသုံးပြုထားတာကြောင့် လုပ်ငန်းအတွက်ဖြစ်ဖြစ်၊ ဖျော်ဖြေရေးအတွက်ဖြစ်ဖြစ် ဘယ်လိုလုပ်ဆောင်ချက်မျိုးကိုမဆို အလွယ်တကူဆောင်ရွက်နိုင်ပါတယ်။
အသုံးပြုနေသူရဲ့ အမြင်အာရုံအတွက်တော့ TÜV Rheinland အသိအမှတ်ပြုထားတဲ့မျက်နှာပြင်က မျက်စိအားနည်းစေသာ အပြာရောင်အလင်းတန်းကိုလျော့ချပေးတာကြောင့် HUAWEI MateBook D 15 ရဲ့ မြင်ကွင်းကျယ်မျက်နှာပြင်ကို အပြည့် အဝခံစားနိုင်မှာလည်းဖြစ်ပါတယ်။ အသုံးပြုသူရဲ့လုံခြုံမှု ဆန်းသစ်သောတီထွင်မှုနဲ့ recessed camera က keyboard အထဲမှာပါရှိနေပြီး လိုအပ်တဲ့အချိန်မှ တစ်ချက်နှိပ်လိုက်မှသာ အပေါ်ကိုထွက်လာမှာဖြစ်ပါတယ်။ မလိုအပ်တဲ့အချိန်မှာ ပြန်ထည့်ထားနိုင်တာကြောင့် လုံခြုံရေးချိုးဖောက်ခံရမှုတွေကို ကြိုတင်ကာကွယ်နိုင်ပါတယ်။

Photo Source https://consumer.huawei.com/mm

HUAWEI MateBook D 15 camera ကတော့ အခြေအနေအမျိုးမျိုးအတွက် အသုံးပြုနိုင်ခြင်း HUAWEI MateBook D 15 မှာ အခြေအနေအမျိုးမျိုးအတွက် အသုံးပြုနိုင်အောင် လိုအပ်သည့် ports တွေကို ထည့်သွင်းပေးထားတာကြောင့် ကြားခံပစ္စည်းတွေကို သယ်နေစရာမလိုအပ်တော့မှာဖြစ်ပါတယ်။
Huawei ၏ စီးပွားရေးအုပ်စု (၃) ခုထဲမှ တစ်ခုဖြစ်တဲ့ Huawei Consumer BG သည် စမတ်ဖုန်းများ၊ PC များ၊ Tablets များ၊ ဝတ်ဆင်စရာများ၊ Mobile Broadband ထုတ်ကုန်များ၊ မိသားစုသုံး စက်ပစ္စည်းများနှင့် Cloud ဝန်ဆောင်မှုများအတွက် AI နှင့်ပတ်သက်သည့် အခြေအနေအားလုံးတို့တွင် ဦးဆောင်သူတစ်ဦးဖြစ်သည်။ Huawei Consumer BG ၏ အဓိကရည်ရွယ်ချက်မှာ တစ်ကမ္ဘာလုံးရှိ လူများအားလုံးသို့ နောက်ဆုံးပေါ်နည်းပညာများ ယူဆောင်လာပေးရန်ဖြစ်ပြီး နည်းပညာများမှတစ်ဆင့် စိတ်ကျေနပ်မှုမျှဝေရန် ဖြစ်ပါတယ်။